နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်အဖြစ် ANP မှ ပါဝင်နေခြင်းအပေါ် ပြန်လည်သုံးသပ်ပြီး လက်မခံရန် ရခိုင်အရပ်ဘက်အဖွဲ့အစည်း ၄၇ ဖွဲ့က တိုက်တွန်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်အဖြစ် ANP မှ ပါဝင်နေခြင်းအပေါ် ပြန်လည်သုံးသပ်ပြီး လက်မခံရန် ရခိုင်အရပ်ဘက်အဖွဲ့အစည်း ၄၇ ဖွဲ့က တိုက်တွန်း

ရခိုင်အမျိုးသားပါတီ(ANP)မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်အဖြစ်ပါဝင်နေခြင်းအား ပြန်လည်သုံးသပ်ပြီး လက်မခံရန် ရခိုင်အရပ်ဘက်အဖွဲ့အစည်း ၄၇ ဖွဲ့မှ ယနေ့(ဖေဖော်ဝါရီ ၇ ရက်)နေ့တွင် ထုတ်ပြန်ချက်ထုတ်ပြီး တိုက်တွန်းလိုက်သည်။

“ရခိုင်အမျိုးသားပါတီမှ ကောင်စီဝင်အဖြစ်ပါဝင်နေခြင်းအပေါ် ပြန်လည်သုံးသပ်ပြီး လက်ခံခြင်းမပြုရန် ရခိုင်အမျိုးသားပါတီအား အလေးအနက်တိုက်တွန်းသည်” ဟု အဆိုပါ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထိုသို့တိုက်တွန်းရာတွင်ပါဝင်သည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)မှ ကိုဇော်ဇော်ထွန်းက “ပြည်သူလူထုသဘောဆန္ဒမပါပဲ အာဏာကို တစ်စုတစ်ဖွဲ့ကနေပြီးတော့ သိမ်းပိုက်တာကိုဆန့်ကျင်တယ် ပေါ့နော်။ နောက်ပူးပေါင်းတာတွေကိုလည်း မလုပ်သင့်ဘူးလို့ယူဆတယ်။ ရခိုင်လူ့အဖွဲ့အစည်းက အာဏာကို လက်ဝါးကြီးအုပ်တဲ့နေရာမှာ နေသင့်တဲ့ အဖွဲ့အစည်းမဟုတ်ဘူး”ဟု ၎င်းကဆိုသည်။

တပ်မတော်မှ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းတွင်အာဏာသိမ်းယူခဲ့ပြီး လက်ရှိ တပ်မတော်အစိုးရမှ ဖွဲ့စည်းလိုက်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ရခိုင်အမျိုးသားပါတီမှ ကောင်စီအဖွဲ့ဝင်အဖြစ် ပါဝင်လာခဲ့သည်။

ရခိုင့်လူ့အဖွဲ့အစည်းတစ်ရပ်လုံးအနေဖြင့် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် ဒေသခံဌာနေလူမျိုးများ၏ မူလ ရပိုင်ခွင့်အခွင့်အရေးအပေါ် အပြည့်အဝရပ်တည်သင့်သည်ဟုရှုမြင်ပြီး မည်သည့်နိုင်ငံရေးပါတီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်မဆို ပြည်သူ့သဘောဆန္ဒမပါဝင်သည့်အပြင် နိုင်ငံရေးအရတရားဝင်မှုမရှိသော မည်သည့်အုပ်ချုပ်မှုမျိုး တွင်မှ ပူးပေါင်းပါဝင်ခြင်း၊ အားပေးထောက်ခံခြင်းများ မပြုလုပ်ကြရန်လည်း ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခင်းအကျင်းဖြစ်သည့် ဒီမိုကရေစီနောက်ပြန်ဆွဲခြင်း၊ လူ့အခွင့်အရေးများကို လျစ်လျူရှုချိုးဖောက်ခြင်းနှင့် ဒေသခံဌာနေလူမျိုးများ၏ အခွင့်အရေးကိုအသိအမှတ်မပြုဘဲ အနိုင်ကျင့်ဖိနှိပ်ခြင်း စသည့် ဖြစ်စဉ်များကိုလုပ်ဆောင်သော မည်သည့်အဖွဲ့အစည်းကိုမဆို ကန့်ကွက်ရှုတ်ချကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...