နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အစိုးရအဖွဲ့တွင်ပါဝင်ပေးရန် ကမ်းလှမ်းချက်ကို လက်မခံခဲ့ကြောင်း AFP ပါတီထုတ်ပြန်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အစိုးရအဖွဲ့တွင်ပါဝင်ပေးရန် ကမ်းလှမ်းချက်ကို လက်မခံခဲ့ကြောင်း AFP ပါတီထုတ်ပြန်

လက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အစိုးရအဖွဲ့တွင်ပါဝင်ပေးရန် ကမ်းလှမ်းချက်ကို ရခိုင့်ဦးဆောင်ပါတီ(AFP)မှ ခေါင်းဆောင်များ၏ ဝိုင်းဝန်းသုံးသပ်ချက်အရ လက်မခံခဲ့ကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိ အရေးပေါ်ကာလအပြောင်းအလဲများနှင့်ပတ်သက်၍ ဖေဖော်ဝါရီလ ၆ ရက်နေ့က AFP ပါတီ၏ ထုတ်ပြန်ကြေငြာချက်တွင် ယင်းသို့ဖော်ပြထားသည်။

AFP အနေဖြင့် အဆိုပါကမ်းလှမ်းချက်ကို လက်မခံခဲ့ခြင်းမှာ ပါတီခေါင်းဆောင် ဒေါက်တာအေးမောင်နှင့် အဆက်အသွယ် မရသေးသည့်အတွက်ကြောင့်ဖြစ်သလို ရှုပ်ထွေးနေသည့်အနေအထားတွင် မည်သည့် နေရာကမှ မပါဝင်ချင်သေးသည့်အတွက်ကြောင့်ဖြစ်သည်ဟု ယင်းပါတီပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောဦးက ပြောသည်။

“အဲဒါက အကျယ်ပြောရမယ်ဆိုရင် ဒေါက်တာအေးမောင်နဲ့ ကျနော်တို့အသေအချာ ဆွေးနွေးပြီးတော့ ပြောရမှာဖြစ်တယ်။ ဒေါက်တာအေးမောင်နဲ့ ကျနော်တို့နဲ့လည်း အဆက်အသွယ်မရသေးဘူး။ လောလောဆယ် အကြမ်းဖျင်းအနေနဲ့ဆိုရင် ရှုပ်ထွေးတဲ့အနေအထားမှာ တစ်ဖက်ကမှ မပါချင်ဘူး” ဟု ၎င်းကဆိုသည်။

NLD အစိုးရရှိစဉ်ကာလတွင် ဒေါက်တာအေးမောင်အပေါ် ချမှတ်ခဲ့သောပြစ်ဒဏ်များအား လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပြုကာ လွှတ်ပေးနိုင်ရေးအတွက် ရခိုင့်ဦးဆောင်ပါတီကိုယ်စား ပါတီဒုတိယဥက္ကဋ္ဌက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ စာရေးသားပေးပို့ တောင်းဆိုထားကြောင်း AFP ပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“အခုက တပ်မတော်အနေနဲ့လည်း တိုင်းရင်းသားဒေသတွေမှာ နိုင်ငံရေးတင်းမာမှုလျှော့ချစေချင်တဲ့ သဘောထားတွေကို မြင်ရတဲ့အတွက် ဒေါက်တာအေးမောင်တို့ လွှတ်ကောင်းလွှတ်နိုင်တယ်လို့ အကြမ်းဖျင်း မျှော်လင့်လို့ရတယ်” ဟု ဦးကျော်ဇောဦးကပြောသည်။

ဒေါက်တာအေးမောင်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံးအား ပြန်လွှတ်ပေးရေးမှာ ရခိုင့်ဦးဆောင်ပါတီ၏ အစဉ်တစိုက်တောင်းဆိုချက်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

အလားတူ ပြည်တွင်းငြိမ်းချမ်းရေးအပါအဝင် ရခိုင့်အကျိုးစီးပွားရေးရာများနှင့်ပတ်သက်၍ ပြောဆိုစရာ ရှိသည်များကို မည်သည့်အဖွဲ့အစည်းနှင့်မဆို ပြောဆိုဆွေးနွေးဆက်ဆံသွားမည်ဖြစ်ကြောင်း၊ ရခိုင့်ဦးဆောင်ပါတီ၏ အခြေခံမူတစ်ရပ်ဖြစ်သည့် “သန့်ရှင်းအားကောင်းသော ရခိုင်နိုင်ငံရေးရပ်ဝန်း” ဖြစ်ထွန်းလာစေရေးအတွက် ဦးတည်လျက် ရခိုင်လူထုအမျိုးသားအကျိုးစီးပွားအား ဦးထိပ်ပန်ဆင်ကာ ရခိုင့်အမျိုးသားရေးတာဝန်ကို ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း AFP ပါတီ၏ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...