ပြီးခဲ့ငါးနှစ်အတွင်း ပြည်သူအတွက် ထိထိရောက်ရောက်အကျိုးပြုနိုင်သော ဥပဒေနှစ်ခု ကယားပြည်နယ်လွှတ်တော်တွင် အတည်ပြုနိုင်သော်လည်း အသုံးပြု၍မရသေး

ပြီးခဲ့ငါးနှစ်အတွင်း ပြည်သူအတွက် ထိထိရောက်ရောက်အကျိုးပြုနိုင်သော ဥပဒေနှစ်ခု ကယားပြည်နယ်လွှတ်တော်တွင် အတည်ပြုနိုင်သော်လည်း အသုံးပြု၍မရသေး
by -
နော်ဒွေးအယ်ခူ (KT)
ပုံစာ - စိုက်ပျိုးရေးဆိုင်ရာ ချေးငွေနှင့်စုငွေ ဥပဒေမူကြမ်းရေးဆွဲချိန်က လူထုကိုတွေ့ဆုံရှင်းပြမှုပြုလုပ်နေစဉ်
ပုံစာ - စိုက်ပျိုးရေးဆိုင်ရာ ချေးငွေနှင့်စုငွေ ဥပဒေမူကြမ်းရေးဆွဲချိန်က လူထုကိုတွေ့ဆုံရှင်းပြမှုပြုလုပ်နေစဉ်

၂၀၁၅ မှ ၂၀၂၀ အတွင်း ကယားပြည်နယ်လွှတ်တော်တွင် ဥပဒေကိုးခုကို ရေးဆွဲအတည်ပြုနိုင်ခဲ့ပြီး ယင်းကိုးခုတွင် ပြည်သူလူထုကို အမှန်တကယ်အကျိုးပြုနိုင်မည့် ဥပဒေနှစ်ခုပါဝင်သော်လည်း အသုံးပြု၍မရသေးကြောင်း သိရသည်။

အဆိုပါ ဥပဒေနှစ်ခုသည် စိုက်ပျိုးရေးဆိုင်ရာချေးငွေစုငွေဥပဒေနှင့် စည်ပင်သာယာရေးဥပဒေတို့ဖြစ်ပြီး ယင်းအတည်ပြုထားသည့် ဥပဒေများကို အကောင်ထည်ဖော်အသုံးပြုနိုင်ရန် နည်းဥပဒေတွေထပ်မံရေးဆွဲရမည်ဖြစ်ကြောင်း ကယားပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဌဦးရန်နိုင်ဆွေက ပြောသည်။

“ဆွေးနွေးမှု အကြိမ်များစွာပေါ့နော်။ ပြည်သူနဲ့လဲ တွေ့ဆုံတယ်။ အကြံပြုချက်များစွာလဲယူတယ်။ ကျွန်တော်တို့ရဲ့ ပါဝင်သင့် ပါဝင်ထိုက်တဲ့သူတွေပေါ့ အကုန်လုံးကိုစုစည်းပြီးတော့ အကြံပြုချက်ပေါင်းများစွာနဲ့ ဥပဒေတစ်ခု ခြင်းစီကိုရေးစွဲခဲ့ခြင်းဖြစ်ပါတယ်” လို့ ၎င်းကပြောသည်။

ဒုတိယအကြိမ် ပြည်နယ်လွှတ်တော်အနေဖြင့် ငါးနှစ်တာသက်တမ်းအတွင်း ကယားပြည်နယ်၊ ပြတိုက်နှင့်စာ ကြည့်တိုက်များဥပဒေ၊ ကယားပြည်နယ်ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်အပ်နှင်းခြင်းဆိုင်ရာဥပဒေ၊ ကယားပြည်နယ်၊ မြေယာခွန်ဥပဒေ၊ ကယားပြည်နယ်၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းဥပဒေ၊ ကယားပြည်နယ်၊ စည်ပင်သာယာရေး အဖွဲ့များဥပဒေကို ပြင်ဆင်သည့်ဥပဒေ၊ ကယားပြည်နယ်စည်ပင်သာယာရေးအဖွဲ့များဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ၊ တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးဆိုင်ရာချေး ငွေနှင့်စုငွေဥပဒေ၊ ၂၀၂၀ ပြည့်နှစ်၊ ကယားပြည်နယ်စည်ပင်သာယာရေးဥပဒေနှင့် ကယားပြည်နယ်၏ အသေးစားချေးငွေလုပ်ငန်းဥပဒေများကို အတည်ပြုခဲ့ခြင်းဖြစ်သည်။

ယခင် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) အစိုးရလက်ထက် ပထမအကြိမ် ကယားပြည်နယ်လွှတတောတွင်းလည်း ဥပဒေကိုးခုကို အတည်ပြုခဲ့ကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...