ရန်ကုန်သို့ အထောက်အထားမဲ့ ဝင်ရောက်လာသည့် မွတ်ဆလင် ၉၉ ဦးကို ရခိုင်သို့ပြန်ပို့ရန် စီစဉ်

ရန်ကုန်သို့ အထောက်အထားမဲ့ ဝင်ရောက်လာသည့် မွတ်ဆလင် ၉၉ ဦးကို ရခိုင်သို့ပြန်ပို့ရန် စီစဉ်
ရွှေပြည်သာတွင်ဖမ်းဆီးခဲ့သည့် မူဆလင်များအားတွေ့ရစဉ်။ (ဓါတ်ပုံ- ဇော်မင်းလတ်)
ရွှေပြည်သာတွင်ဖမ်းဆီးခဲ့သည့် မူဆလင်များအားတွေ့ရစဉ်။ (ဓါတ်ပုံ- ဇော်မင်းလတ်)

မျိုးသီရိကျော် — ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်သို့ အထောက်အထားမပါဘဲ ရောက်ရှိလာသည့် မွတ်ဆလင် ၉၉ ဦးကို ရခိုင်ပြည်နယ်သို့ ရေလမ်းကြောင်းဖြင့် ပြန်လည်ပို့ပေးရန် စီစဉ်နေကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

မွတ်ဆလင်အမျိုးသား ၂၆ ဦးနှင့် အမျိုးသမီး ၇၃ ဦးကို ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ သင်္ဘောဖြင့် ၎င်းတို့နေထိုင်ခဲ့သည့် ရခိုင်ပြည်နယ်သို့ ပြန်ပို့ပေးရန် တိုင်းဒေသကြီးမှတဆင့် ပြည်ထောင်စု အစိုးရအဖွဲ့ထံ စာတင်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မင်းက DMG သို့ ပြောသည်။

“ဘယ်နေ့လောက် ပို့ပေးမယ်ဆိုတာတော့ မသိရသေးဘူး။ ရန်ကုန်တိုင်းဒေသကြီးအစိုးရကနေ ပြည်ထောင်စု အစိုးရကို စာတင်ပြီး Pass ပေးမှ မွတ်ဆလင်တွေကို ရေလမ်းကြောင်းမှ ရခိုင်သို့ပို့မှာပါ။ လောလောဆယ်တော့ ကျနော်တို့အနေနဲ့ ဒီလောက်ပဲသိရပါသေးတယ်” ဟု ဆိုသည်။

အထောက်အထားမပါသည့် မွတ်ဆလင်များကို ဖမ်းဆီးရမိလျှင် ယခင်က အရေးယူဆောင်ရွက်မှုများ ရှိခဲ့သော်လည်း ယခုနောက်ပိုင်းတွင် သံတမန်ရေးရာစီမံချက်ဖြင့် နေရပ်သို့ပြန်ပို့ပေးနိုင်သည်ဟု ရွှေပြည်သာရဲစခန်းမှူး ဒုရဲမှူးတင်မောင်လွင်က ပြောသည်။

“မွတ်ဆလင်များကို ရန်ကုန်သို့ သယ်ယူပို့ဆောင်ပေးတဲ့အဖွဲ့ဝင် ၆ ဦးကို ရာဇသတ်ကြီးပုဒ်မ- ၃၆၇ /၃၇၀ ဖြင့် အမှုဖွင့်ထားပြီး အခုချိန်ထိ ၄ ဦးသာ ဖမ်းဆီးရမိပြီး ကျန် ၂ ဦးမှာ လွတ်မြောက်နေတယ်ပေါ့နော်။ မွတ်ဆလင် ၉၉ ဦးကိုလည်း အထက်ညွှန်ကြားချက်အတိုင်း ဆောင်ရွက်သွားမှာပါ” ဟု ၎င်းကဆိုသည်။

မွတ်ဆလင် ၉၉ ဦးကို ပြီးခဲ့သည့် ဇန်နဝါရီ ၆ ရက်နေ့က ရွှေပြည်သာမြို့နယ်၊ အမှတ် ၂ ရပ်ကွက်နှင့် အမှတ် ၃ ရပ်ကွက်တို့တွင် ဖမ်းဆီးခဲ့ပြီး ကွန်ပျူတာတက္ကသိုလ်၌ လက်ရှိအချိန်ထိ ထိန်းသိမ်းထားသည်။

ယင်းမွတ်ဆလင်များမှာ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှဖြစ်ကြပြီး အမ်းမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးသို့ အထောက်အထားမဲ့ ဝင်ရောက်လာခြင်းဖြစ်ကာ မလေးရှားနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန် သွားရောက်ခြင်း ဖြစ်သည်ဟု စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

ရွှေပြည်သာတွင်ဖမ်းဆီးခဲ့သည့် မူဆလင်များအားတွေ့ရစဉ်။ (ဓါတ်ပုံ- ဇော်မင်းလတ်)

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...