ရခိုင်တွင် တစ်နှစ်အတွင်း တရားမဝင်သစ်တန်ချိန် ငါးထောင်ကျော် သိမ်းဆည်းရမိ

ရခိုင်တွင် တစ်နှစ်အတွင်း တရားမဝင်သစ်တန်ချိန် ငါးထောင်ကျော် သိမ်းဆည်းရမိ
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ဉာဏ်ဟိန်း — ရခိုင်ပြည်နယ်တွင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တစ်နှစ်အတွင်း တရားမဝင် သစ်တန်ချိန်ပေါင်း ငါးထောင်ကျော်ကို သိမ်းဆည်းရရှိခဲ့ပြီး စုစုပေါင်းတန်ဖိုး ငွေကျပ်သိန်းလေးထောင်အထိ ရှိကြောင်း ပြည်နယ်သစ်တောဦးစီးဌာနမှ သိရသည်။

တရားမဝင် သစ်ဖမ်းဆီးရမိသည့် မြို့နယ်များမှာ မောင်တော၊ ဂွ၊ တောင်ကုတ်၊ အမ်းနှင့် စစ်တွေမြို့နယ်တို့မှ ဖြစ်သည်ဟု ရခိုင်ပြည်နယ်သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးရုံး အကြီးတန်စာရေး ဒေါ်စိုးစိုးက DMG သို့ ပြောသည်။

“ရခိုင်ပြည်နယ်ကမြို့နယ်တွေမှာ ပြီးခဲ့တဲ့နှစ်က တစ်နှစ်အတွင်းမှာ သစ်တန်ချိန်ပေါင်း ၅ ထောင်ကျော်ဖမ်းဆီး ရမိခဲ့တယ်။ သစ်အမျိုးအစားကိုကြည့်ပြီးတော့ အခုကာလပေါက်ဈေးအရဆိုရင် သိန်းလေးထောင်ကျော်လောက် ရှိမယ်” ဟု ၎င်းကဆိုသည်။

တောင်ကုတ်မြို့နယ်သည် တရားမဝင်သစ်သစ်ဖမ်းဆီးရရှိမှု အများဆုံးမြို့နယ်ဖြစ်ပြီး ဂွမြို့နယ်မှာ ဒုတိယအများဆုံးဖြစ်ကြောင်း ပြည်နယ်သစ်တောဦးစီးဌာနမှ သိရသည်။

တရားမဝင် သစ်ထုတ်လုပ်ရောင်းချသူများကို သစ်တောဥပဒေပုဒ်မ ၄၁(က)၊ ၄၂(က)တို့ဖြင့် သက်ဆိုင်ရာ ရဲစခန်းများတွင် အရေးယူဆောင်ရွက်နေကြောင်း ဒေါ်စိုးစိုးကပြောသည်။

“တောင်ကုတ်က ဖမ်းဆီးထားတဲ့သစ်တွေကိုတော့ မြန်မာ့သစ်လုပ်ငန်းကို ယာယီလွှဲထားတယ်” ဟု ၎င်းက ရှင်းပြသည်။

၂၀၂၀ ပြည့်နှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်းက တောင်ကုတ်မြို့နယ်အတွင်းမှ တရားမဝင်သစ် အများအပြားနှင့် သစ်မှောင်ခိုသင်္ဘော/စက်လှေများကို သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်က သတင်း ထုတ်ပြန်ခဲ့သည်။

ရခိုင်ကမ်းရိုးတန်းဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း (RCA) ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်ကြည်က “သစ်တောတွေ ထိန်းသိမ်းမယ်ဆိုရင် ဒေသခံပြည်သူလူထုတွေ ပူးပေါင်းပါဝင်ပြီးတော့ ထိန်းသိမ်းရမယ်။ အဲဒီလို မထိန်းဘူးဆိုရင် သစ်တောပြုန်းတီးသွားနိုင်တယ်။ ဒါက အစိုးရတစ်ခုတည်း ထိန်းနေလို့မဖြစ်ဘူး၊ ပြည်သူ့လူထု ထိန်းသိမ်းဖို့လိုတယ်။ ရခိုင်မှာက တော်တော်အပျက်အစီးတွေရှိနေတော့ သက်ဆိုင်ရာမြို့နယ်၊ ကျေးရွာအလိုက် သစ်တောတွေထူထောင်ပြီးတော့ ဒီရေတောတွေထိန်းသိမ်းဖို့ ထိထိ ရောက်ရောက်လုပ်သင့်တယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်းက တရားမဝင်သစ် ၁၉၀၀ ဒသမ ၇၇၃၆ တန် သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်နယ်သစ်တောဦးစီးဌာနမှ သိရသည်။

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...