တပ်မတော်နှင့် KNU တို့အကြား နှစ်ဆန်း လဝက်အတွင်း ထိတွေ့မှုအကြိမ် ၂၀ ကျော် ဖြစ်

တပ်မတော်နှင့် KNU တို့အကြား နှစ်ဆန်း လဝက်အတွင်း ထိတွေ့မှုအကြိမ် ၂၀ ကျော် ဖြစ်

ကရင့်အမျိုးသား အစည်းအရုံး KNU နှင့် တပ်မတော်အကြား ယခုနှစ်စမှာပင် လက်နက်ကိုင် ထိတွေ့မှုပေါင်း အကြိမ် ၂၀ ကျော် ဖြစ်ပွားခဲ့ကြောင်း KNU တပ်မဟာ ၅ က ပြောသည်။  

NCA အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် ကရင်အမျိုးသား အစည်းအရုံး KNU ၏ တပ်မဟာ ၅ ပြောရေး ဆိုခွင့်ရှိသူ ပဒိုမန်းမန်းက “တိုက်ပွဲပေါ့ ပစ်ခတ်မှုလေးပေါ့နော တော်တော်များများ အကြိမ် ၂၀ ကျော်လောက်လို့ပဲ ခန့် မှန်းပြောရမှာပေါ့နော အဲဒါက တပ်မဟာ ၅ ဖက်မှာပေါ့” ဟု ပြောသည်။

တပ်မဟာ ၅ နယ်မြေတွင်သာမက တပ်မဟာ ၅ နှင့် နယ်မြေချင်းဆက်စပ်မှု ရှိသည့် အခြား တပ်မဟာ နယ် မြေများတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့သေးသည် ဟု ဆက်ပြောသည်။

“တပ်မဟာ ၃ ဖက်မှာလည်းပဲ ၂၀၂၁ လောက်မှာလည်း ၃ ကြိမ်လောက်ဖြစ်ပြီ ထိုနည်းလည်းကောင်း တပ်မဟာ ၁ ဖက်မှာလည်းပဲ ၁ ကြိမ်ဖြစ်ပြီလို့ပဲ ပြောရမှာပေါ့နော အဲလိုမျိုးတိုက်ပွဲ မဟုတ်တောင်မှ ပစ်ခတ်မှုလေးတွေ ဖြစ်ကြတာတော့ အဲလောက် လို့ ပြောရမှာ ဖြစ်ပါတယ်” ဟု ပဒိုမန်းမန်းက ဆက် ပြော သည်။

တိုက်ပွဲဖြစ်ပွားသည့် နေရာများမှာ KNU တပ်မဟာ ၅ နယ်မြေ ကရင်ပြည်နယ် ဖာပွန် (မူတြော်) ခရိုင်၊ တပ် မဟာ ၁ နယ်မြေ မွန်ပြည်နယ် သထံခရိုင်နှင့် တပ်မဟာ ၃ နယ်မြေ ပဲခူးတိုင်း ညောင်လေးပင် ခရိုင် တို့တွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

တပ်မဟာ ၅ နယ်မြေ ထဲတွင် ဇန္နဝါရီလ ၁၅ ရက်နေ့ အထိ တိုက်ပွဲဖြစ်ပွားမှု ဆက်လက်ရှိနေပြီး တပ်မ တော်မှ ကျေးရွာများအတွင်းသို့ လက်နက်ကြီး ပစ်ခတ်မှုများ ရှိသည်ဟု KNU တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိ သူ က ပြောသည်။

“မနေ့ကအထိတော့ ဖြစ်သေးတယ်ပေါ့။ မနေ့က အထိဖြစ်သေးတဲ့အပေါ်မှာ ကျနော်တို့ ဒီဖက် မြန်မာစစ် တပ်ကနေ ပြီးတော့ လက်နက်ကြီးတွေကို ရမ်းသမ်းပစ်တယ်ပဲ ပြောရမှာပေါ့နော ရွာထဲမှာ ရွာပြင်မှာရော တောင်ယာလုပ်စားနေတဲ့ အဲဒီအပေါ်မှာတော့ ကျနော်တို့ ကလေးငယ်တစ်ဦးပါ ဦးခေါင်းထိမှန်တာ ရှိသေး တယ်ပေါ့နော” ဟု ပဒိုမန်းမန်း က ဆက်ပြောသည်။

ထို့အတူ KNU တပ်မဟာ ၃ နယ်မြေတွင်လည်း ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ လယ်ကတည်းက စတင်ကာ အောက်ခြေတပ်များ အချင်းချင်း နှစ်ဖက်ထိတွေ့မှုများရှိလာပြီးနောက် အခြေအနေ ပိုဆိုးလာကာ ဒေသ ခံများ ထွက်ပြေး တိမ်းရှောင်ရသည့် အခြေအနေအထိ ရောက်ရှိလာသည်ဟု ညောင်လေးပင်ခရိုင် ကရင် လူမှု့ရေးရာ အဖွဲ့မှ တာဝန်ရှိသူ စောစိပတြော် က ပြောသည်။

စောစိပတြော်က “တိုက်ပွဲဖြစ်တာကတော့ မူသယ်၊ သယ်ဒေါဆိုပြီးတော့ အဲဒီအုပ်စုမှာပဲလေ တကောဒဲတို့ ပါကောထီး ပါကော ထာ အဲဒီနေရာ တွေမှာ။ ကြည့်မယ်ဆိုရင် ကျနော်တို့ ၂၀၂၀ ဒီဇင်ဘာ ၁၄ ကနေ ဒီအထိပါပဲ အခြေအနေ က အောက်ခြေ ထိတွေ့ မှုတွေက တစ်လျှောက်လုံးဖြစ်လာတဲ့ အခါကျတော့ အခြေအနေက နောက်ပိုင်း ဆက်ပြီး အဲဒီ တစ်လပိုင်း နောက်ပိုင်းကျတော့ ပိုပြီးတော့ နည်းနည်းလေး တင်းမာလာတဲ့ သဘောနဲ့ ပြည် သူတွေက ထွက်ပြေးတိမ်း ရှောင်နေရတဲ့ အထိ သွားရောက်ရှိတာပေါ့” ဟု ပြောသည်။

အဆိုပါ တိုက်ပွဲများကြောင့် ဒေသခံ ၆၀၀ နီးပါးခန့်မှာ တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး လုံခြုံ သည် ဟု ယူဆရသည့် နေရာများတွင် တဲထိုးကာ နေနေရသည်ဟု ညောင်လေးပင်ခရိုင် ကရင်လူမှုရေးရာ တာဝန်ရှိသူ က ဆိုသည်။

တပ်မဟာ ၃ နယ်မြေတွင် တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာများသည် တပ်မတော်မှ လမ်းဖောက်လုပ်နေသည့် နေရာများ တစ်လျှောက်တွင် ဖြစ်ပွားနေပြီး အဆိုပါလမ်းမှာ တပ်မဟာ ၃ နှင့် တပ်မဟာ ၅ ဖက်ကို ဆက် သွယ်ထားသည့် လမ်းကြောင်းဖြစ်သည်ဟု ပဒိုမန်းမန်းက ပြောသည်။

ပဒိုမန်းမန်းက “တပ်မဟာ ၃ ဖက်ကတော့ ခဲဒဲပေါ့နော  ကားလမ်းတစ်လျှောက် ကားလမ်းဖောက်တဲ့ နေရာဆိုတော့ ကျနော်တို့ မူသယ် ခဲဒဲရွာနော အဲဒီဟာတွေကလည်း ကျနော်တို့ တပ်မဟာ ၅ နှင့် တပ်မဟာ ၃ နဲ့ အခု ကျောက်ကြီးနဲ့ ကျနော်တို့ ဒီဖက် တပ်မဟာ ၅ ဖက်မှာဆို ဖောက်တဲ့ လမ်းပေါ့လေ လယ်မူပလောဖက်ကို တက်တဲ့ လမ်း အဲဒီလမ်းကြောမှာပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ မဟာဗျူဟာ စစ်ဆင် ရေးလမ်းဖောက်တဲ့ လမ်းကြောပဲ ဖြစ်ပါတယ်” ဟုပြောသည်။

KNU တပ်မဟာ ၃  နယ်မြေတွင် ကရင်နှစ်သစ်ကူး မတိုင်ခင်ကတည်းက စတင်ဖြစ်ပွားလာသည့် တိုက်ပွဲ များမှာ လက်ရှိအချိန်တွင် ငြိမ်သက်နေသော်လည်း နှစ်ဖက်တပ်အင်အား တိုးချဲ့ထားသည့် အနေအထား များကြောင့် တိုက်ပွဲများ ထပ်မံဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်ဟု ညောင်လေး ပင်ခ ရိုင် ကရင်လူမှု့ရေးရာအဖွဲ့မှ တာဝန်ရှိသူ စောစိပတြော် က ပြောသည်။

ထို့ကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် တိုက်ပွဲများ ရပ်တန့်ရန်အတွက် NCA စာချုပ်ပါအတိုင်း ပြည်သူလူထု၏ လူမှု့ဘ၀ လုံခြုံရေးအတွက် အမြန်ဆုံးတွေ့ဆုံ ဆွေးနွေးညှိနှိုင်းကြရန် လိုသည်ဟု ကရင် လူမှု့ရေး ရာအဖွဲ့က ဆိုသည်။

ကရင်အမျိုးသား အစည်းအရုံး KNU သည်အခြား တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ၉ ဖွဲ့နှင့်အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘာတူစာချုပ် NCA ကို လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ဖြစ်သည်။

ကရင်အမျိုးသား အစည်းအရုံး KNU နှင့် အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာ ချုပ် NCA လက်မှတ်ရေးထိုးထားသည့် အခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှာ ချင်း အမျိုးသားတပ်ဦး CNF ၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF ၊ ကရင် ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင် ပြည်လွတ် မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန် လည်ထူထောင်ရေး ကောင်စီ RCSS ၊ ကရင်အမျိုးသား ဒီမိုရေစီ အကျိုးပြုတပ်မတော် DKBA ၊ မွန်ပြည်သစ် ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ဖြစ်သည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...