ပလက်ဝမြို့နယ်တွင် AA လက်နက်ကိုင်အဖွဲ့စိုးမိုးသည့်ကျေးရွာများသို့ဆန်ပေးပို့ရန်အခက်အခဲရှိ

ပလက်ဝမြို့နယ်တွင် AA လက်နက်ကိုင်အဖွဲ့စိုးမိုးသည့်ကျေးရွာများသို့ဆန်ပေးပို့ရန်အခက်အခဲရှိ

Salai Khup Khup — ပလက်ဝမြို့နယ်ရှိပီချောင်းရွာနှင့်ကျေးရွာအချို့ဖက်ကို ဆန်ထောက်ပံ့ပေးရန် ကြိမ်းစားခဲ့သော်လည်း AAလက်နက်ကိုင်အဖွဲ့စိုးမိုးသည့်နယ်မြေများဖြစ်ခြင်းကြောင့်မပို့ဖြစ်ခဲ့ကြောင်း ချင်းစစ်ဘေးရှောင်များကို ကူညီထောက်ပံ့ပေးနေသည့် Relief and Renhabilitation Committee For Chin IDPS(RRCCI )အဖွဲ့ပြောရေးဆိုခွင့်ရှိ မိုင်နန်းဝေက ပြောသည်။

RRCCI ဖွဲ့ပြောရေးဆိုခွင့်ရှိ မိုင်နန်းဝေက “RRCCI အနေနဲ့ ဆန်တွေ ပို့ဖို့ ၄ ကြိမ်လောက် ကြိုးစားဖူးတယ် ကုလားတန်ဖက်နဲ့ ဆမီးဖက်ကို ပေးလို့ရတယ် ပလက်ဝမြို့အနီးတဝိုက်ကို ပေးလို့ရတယ် အဲဒီပီချောင်းဖက်ကိုတော့ ထောက်ပံ့ပေးချင်လည်း အဆင်မပြေနိုင်ဘူး နယ်မြေက AA စိုးမိုးနေတဲ့ နယ်လိုဖြစ်သွားတယ် ဆိုတော့ ပို့လို့ အဆင်မပြေခဲ့ဘူး”ဟုပြောသည်။

ပလက်ဝမြို့နယ်တွင် လက်ရှိ ကိုဗစ်ကာလနှင့် စစ်နယ်မြေကြောင့် လမ်းပန်းဆက်သွယ်ရေး အခက်ခဲကြောင့် ဆန် အပြင် အခြားစားသောက်ကုန်များနှင့် လူသုံးကုန် ပစ္စည်းများ၏ စျေးနှုန်းမှာ အဆမတန် ကြီးနေကြောင်းလည်း ဒေသခံများထံမှ သိရသည်။

ပလက်ဝမြို့နယ် ပီချောင်းရွာဖက်တွင် ရက္ခိုင့်တပ်မတော်AA အဖွဲ့မှ ဒေသခံရွာသားများထံ ၂၀၂၀ ခုနှစ်အတွင်း သုံးကြိမ်တိုင် ဆပ်ကြေးကောက်ခံမှုများရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ပလက်ဝဒေသခံ တစ်ဦးက “ဆပ်ကြေးကောက်တဲ့ ရွာတွေက ပီချောင်းရွာအောက်ဖက် အုပ်စုတွေဖြစ်တယ် ပီချောင်း အထက်ပိုင်းက ဆပ်ကြေးကောက်တာထက် ပိုဆိုးတာပေါ့ ဆပ်ကြေးကောက်တဲ့ နေရာမှာက သုုံးခါလောက် ကောက်တယ်လို့ ပြောတယ် တစ်ခါက သုံးထောင် နောက်တစ်ခါ ငါးထောင် နောက်တစ်ခါက လေးထောင် အဲလိုနှုန်းနဲ့ မပေးမနေရနဲ့ ကောက်တယ်လို့ သိရတယ် ပီချောင်းအထက်ပိုင်း အုပ်စုတွေမှာကြတော့ AA တွေရဲ့နယ်မြေလိုဖြစ်သွားတယ်လို့ သိရတယ်”ဟုပြောသည်။

ရွေးကောက်ပွဲနေ့မတိုင်ခင်မှစတင်ပြီး ရခိုင့်တပ်တော်AAအဖွဲ့နှင့်မြန်မာ့တပ်မ တော်အကြားတိုက်ပွဲများရပ်တန့်သွားကြောင်းသိရသည်။

Most read this week

August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...