ကိုဗစ်ကာလ အိမ်တွင်းအကြမ်းဖက်မှု မြင့်တက်ခဲ့

ကိုဗစ်ကာလ အိမ်တွင်းအကြမ်းဖက်မှု မြင့်တက်ခဲ့

ကိုဗစ်-၁၉ အကြပ်အတည်းကာလ မွန်ပြည်နယ်အတွင်းမှာ အိမ်တွင်းအကြမ်းဖက်မှုတွေ ပိုမိုမြင့်တက်ခဲ့တယ်လို့ အမျိူးသမီးအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

၂၀၂၀ ခုနှစ် မတ်လက စတင်ခဲ့တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဟာ (၁)နှစ် နီးပါး ကြာမြင့်လာတာနဲ့အတူ လူထုအကြားမှာ စီးပွားရေး အကြပ်အတည်းတွေကိုလည်း ရင်ဆိုင်လာရပါတယ်၊

ဒီကာလအတွင်းမှာတော့ မွန်ပြည်နယ်မှာ အိမ်တွင်းအကြမ်းဖက်မှုတွေက အရင်ကာလထက် ပိုမို မြင့်တက်ခဲ့ပြီး တစ်ပတ်ကို အနည်းဆုံး တစ်ကြိမ်လောက် ဖြစ်ပေါ်နေတယ်လို့ မွန်အမျိုးသမီးကွန်ယက်မှ မိချယ်ရီစိုးက ပြောပါတယ်။

“မြို့နယ်တိုင်းမှာ အပတ်တိုင်း တစ်မှုနှစ်မှု မဖြစ်တဲ့ အပတ် မရှိဘူး။ သက်ငယ်မုဒိန်းတွေလည်း အရင်ထက် များလာတာပေါ့”လို့ ဆိုပါတယ်။

အရင်က safe house တွေမှာ အကူအညီ လာရောက်တောင်းခံတဲ့ အမျိူသမီးဟာ တစ်လကို (၁၀) ဦးဝန်းကျင်သာ ရှိပေမယ့် ကိုဗစ်ကာလမှာတော့ အယောက်(၃၀) လောက်အထိ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

အခုလို အိမ်အတွင်းအကြမ်းဖက်မှုတွေ မြင့်တက်ခဲ့သလို တစ်ဖက်မှာလည်း သက်ငယ်မုဒိန်းမှုတွေက အရင်ကာလထက်စာရင် ပိုမို အဖြစ်များခဲ့တယ်လို့ အမျိုးသမီးအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

“အဓိက စီးပွားရေးပေါ့ ။ စီးပွားရေး အဆင်မပြေတဲ့အခါ အိမ်တွင်းအကြမ်းဖက်မှုတွေ ဖြစ်လာတယ်။ဒီအခြေအနေတွေမှာ သက်ငယ်မုဒိန်းတွေကလည်း ပိုများလာတယ်။အခုနှစ်သစ်မှာတင်ပဲ သက်ငယ်မုဒိန်း နှစ်မှုက အစောကြီး ဖြစ်နေပြီး”လို့ မေတ္တာဆုံစည်းအရပ်ဘက်အဖွဲ့အစည်း ဥက္ကဋ္ဌ ဒေါ်သီသီနွယ်က ပြောပါတယ်။

မွန်ပြည်နယ်ရဲတပ်ဖွဲ့ရဲ့ (၂၀၂၀)ခုနှစ် နိုဝင်ဘာလအထိ စာရင်းတွေအရတော့ မွန်ပြည်နယ်အတွင်းမှာ မုဒိန်းမှု (၈၉)မှု ဖြစ်ပွားခဲ့ပြီး အများစုကတော့ အသက်မပြည့်သေးတဲ့ သမီးရည်းစား စုံတွဲတွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

Most read this week

September 18, 2026
မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် အားလုံးပါဝင်သည့်...
ဓာတ်ပုံ - CJ
September 16, 2026
မွန်ပြည်တွင် စစ်အုပ်စုက ကမ်းနီးကမ်းဝေး ငါးဖမ်းလှေများကို စက်သုံးဆီ မရောင်းပေးသည့်အပြင်...
သရက်ခရိုင် အမှတ် ၄ တပ်ရင်း
September 15, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၌ စစ်အုပ်စုတပ်က လေကြောင်းမှ အကြောင်းမဲ့ လာရောက်တိုက်ခိုက်ခဲ့သဖြင့်...
ဓာတ်ပုံ - Crd / (ပုံစာ - ကျိုက်မရော ဗဟိုအကျဉ်းထောင်အား တွေ့ရစဉ်။)
September 12, 2026
မွန်ပြည်၊ ကျိုက်မရော ဗဟိုအကျဉ်းထောင်တွင် အခုရက်ပိုင်းအတွင်း ဆေးဝါးကုသခွင့် မရရှိသည့်အတွက် သွေး...