တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်မိတ်ဆက်ပွဲ ယခုလအတွင်း ပြုလုပ်သွားမည်

တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်မိတ်ဆက်ပွဲ ယခုလအတွင်း ပြုလုပ်သွားမည်
by -
စိုင်းထွန်းစံ (MNA)

တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်မိတ်ဆက်ပွဲကို ဇန်နဝါရီ ၂၂ ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း လက်ရှိ မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

အဆိုပါ မိတ်ဆက်ပွဲတွင် မွန်ပြည်နယ် လာမည့်တတိယအကြိမ် လွှတ်တော်တွင်နှင့် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွင်းက လုပ်ဆောင်ခဲ့သည့် ဆောင်ရွက်ချက်များ၊ ဥပဒေများ၊ ကော်မတီများ၏ လုပ်ငန်းစဉ်ဆောင်ရွက်ချက်များကို မျှဝေပေးသွားမည်ဟု ဆိုသည်။

“လွှတ်တော် ပထမစစချင်းကျင်းပသည့်နေ့မှာ လွှတ်တော်ဥက္ကဌ၊ ဒု-ဥက္ကဌ ရွေးချယ်တဲ့ကိစ္စတွေပါတာကို အဲ့ဒီအစီစဉ်တွေမှာလဲ ဘယ်လိုလေးတော့ ဥပဒေ၊ နည်းဥပဒေအရ ဘယ်လိုလေးတော့ ဆောင်ရွက်ထားတယ်။ ဆောင်ရွက်ဖို့ စီစဉ်ထားသလဲဆိုတာ သူတို့ကိုမိတ်ဆက်ပေးတဲ့ အစီစဉ်တွေပါတာပေါ့” ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမအကြိမ် ပုံမှန်အစည်းဝေးကို လာမည့် ဖေဖော်ဝါရီ ၉ ရက်တွင် ကျင်းပပြုလုပ်ရန်လျာထားပြီး ပြည်နယ်လွှတ်တော်အစည်းအဝေးများကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲကျင်းပပြီးသည့်နေ့မှ ရက်ပေါင်း ၉၀ အတွင်း ကျင်းပပြုလုပ်ရမှာဖြစ်ပြီး ပြည်ထောင်စုလွှတ်တော် ကျင်းပသည့်ရက်မှ ၁၅ ရက်အတွင်း ကျင်းပပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည်။

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...