သွေးချင်းတို့ရဲ့ပွဲတော်ဆီ တတိယအကြိမ် ပွဲတော်ကို ယခုနှစ်တွင် VIRTUAL FESTIVAL အွန်လိုင်းစနစ်ဖြင့် ကျင်းပမည်

သွေးချင်းတို့ရဲ့ပွဲတော်ဆီ တတိယအကြိမ် ပွဲတော်ကို ယခုနှစ်တွင် VIRTUAL FESTIVAL အွန်လိုင်းစနစ်ဖြင့် ကျင်းပမည်

နေမင်းထွဏ်း — တတိယအကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ ၂၀၂၁ ကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် Virtual စနစ်ဖြင့် ဖေဖော်ဝါရီ ၁၂ ရက္မှ မတ် ၅ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအနေဖြင့်လည်း အဆိုပါပွဲတော်ကို ယခုနှစ်တွင်ပါ အစဉ်အလာမပျက် ကျင်းပနိုင်ရေးအတွက် နိုင်ငံတော်သမ္မတရုံးနှင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ တင်ပြခဲ့ပြီး MRTV ၊ MRTV-4 ၊ တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်း (NRC) ၊ Web portal ၊ Webiner (Web program)၊ Facebook platform တို့မှ Virtual စနစ်ဖြင့်ဆောင်ရွက်ရန် စီစဉ်ထားရှိကြောင်း သိရသည်။

အဆိုပါပွဲတော်ကို တိုင်းရင်းသားရိုးရာယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရန် ရည်ရွယ်၍ နှစ်စဉ် ကျင်းပနေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း  ဒုတိယဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာက ပြောကြားသည်။

ယခုနှစ် ပွဲတော်ကို ဆင်ယင်ကျင်းပမည့် ပုံစံနှင့်ပတ်သက်၍ အဆိုပါအသင်း တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါက်တာအောင်ရဲဇော်က"ဒီနှစ် သွေးချင်းတို့ရဲ့ပွဲတော်ကို ကျွန်တော်တို့အသင်းအနေနဲ့ Virtual Platform ကို အသုံးပြုပြီးတော့ ကျင်းပသွားမှာ ဖြစ်ပါတယ်။ Channel သုံးခု အဓိကအားဖြင့် တင်ဆက်သွားမှာ ဖြစ်ပါတယ်။ ပထမဆုံး အဓိက တင်ဆက်မယ့် Channel ကတော့ MRTV Platform ဖြစ်ပါတယ်။ ဒုတိယကတော့ Web Portal Platform ဖြစ်ပါတယ်။ တတိယကတော့ Facebook Portal Platform ဖြစ်ပါတယ်။ ဒီ သုံးခုကို အသုံးပြုပြီးတော့ ပွဲတော်ရဲ့ လှုပ်ရှားမှုတွေ၊ ကဏ္ဍအသီးသီးကို တင်ဆက်သွားမှာ ဖြစ်ပါတယ်"ဟု ပြောကြားသည်။

၎င်းအသင်းအနေဖြင့် ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း အသင်းတာဝန်ရှိသူများက  ဇန်နဝါရီ ၁၂ရက် အွန်လိုင်းအစည်းအဝေးပြီးနောက် ပြောကြားခဲ့သည်။

ပွဲတော်ကျင်းပရေး လုပ်ငန်းအကြိုညှိနှိုင်းအစည်းအဝေးကို  ဇန်နဝါရီ ၁၂ရက် မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း၊ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး၊  အမြဲတမ်းအတွင်းဝန် ဒေါက်တာ အယ်လ်တူးမိန်းဂေါင်၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က အွန်လိုင်းစနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကို တစ်ကမ္ဘာလုံး ရင်ဆိုင်နေရသည့် ယခုလိုကာလတွင် သွေးချင်းတို့ရဲ့ ပွဲတော်ဆီကို မြေပြင်၌ ကျင်းပခြင်းမပြုလုပ်ဘဲ ရုပ်သံလိုင်းများတွင် ကျင်းပရမည့်အတွက်ကြောင့် ဆောင်ရွက်ရမည့် လုပ်ငန်းများအရလည်း အခက်အခဲများ ရင်ဆိုင်ရမည်ဖြစ်ကြောင်း၊  ဆောင်ရွက်ရမည့် လုပ်ငန်းများအားလုံးကို လူစုလူဝေးမဖြစ်ပေါ် စေရေး၊ ကူးစက်ရောဂါပြန့်ပွားမှု မဖြစ်ပွားစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လမ်းညွှန်ချက်များကို အထူးဂရုပြုဆောင်ရွက်ရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားလိုက်သည်ဟု သိရသည်။

ပထမအကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းက ဦးဆောင်လျက် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၅ရက််််မှ ၃၀ ရက်အထိ၊ ဒုတိယအကြိမ်ကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ  ၁ ရက်် မှ ၇ ရက်အထိ ရန်ကုန်မြို့ ကျိုက္ကဆံကွင်း၌ နှစ်နှစ်ဆက်တိုက် ကျင်းပခဲ့ပြီး ဖြစ်သည်။

Most read this week