ရခိုင်ပြည်သူများကို ပုဒ်မအမျိုးမျိုးတပ်၍ ဖမ်းဆီးနေခြင်းကို ခြွင်းချက်မရှိ လွှတ်ပေးရန် အမ်းလူထုတောင်းဆို

ရခိုင်ပြည်သူများကို ပုဒ်မအမျိုးမျိုးတပ်၍ ဖမ်းဆီးနေခြင်းကို ခြွင်းချက်မရှိ လွှတ်ပေးရန် အမ်းလူထုတောင်းဆို

အောင်ကောင်းဇော် — အမ်းမြို့နယ်တွင် မနေ့က (ဇန်နဝါရီလ ၆ ရက်) ညနေက ပုဒ်မအမျိုးမျိုးတပ်၍ ဖမ်းဆီးခြင်းခံနေရသော ရခိုင်ပြည်သူများအား ခြွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆိုမှုကမ်ပိန်းတစ်ခုကို ပြုလုပ်ခဲ့ကြသည်။

အဆိုပါ လူပ်ရှားမှုကို အမ်းမြို့ပေါ် အပါအဝင် ကျေးရွာပေါင်း ၃၀ ကျော်တွင် လူစည်ကားရာနေရာများ၌ စတေကာကပ်ကာပြုလုပ်ခဲ့ပြီး အဖွဲ့အစည်းတစ်ခုမှ လုပ်ခြင်းမဟုတ်ဘဲ အမ်းဒေသခံပြည်သူများမှ ပြုလုပ်ခြင်းဖြစ်သည်ဟု အမ်းမြို့နယ် ဒေသခံ တတ်ကြွလှုပ်ရှားသူ ကိုမျိုးလွင်က DMG သို့ ပြောဆိုသည်။

"လုပ်တာကတော့ ဦးဆောင်တဲ့ အဖွဲ့လို့တော့ မရှိဘူး။ ပုဒ်မအမျိုးမျိုးတပ်ပြီး မတရားဖမ်းဆီးခံထားရတဲ့ သူတွေကို လွှတ်ပေးဖို့ အမ်းဒေသခံတွေက တောင်းဆိုတာဖြစ်တယ်" ဟုပြောသည်။

ယခုကဲ့သို့ လှုပ်ရှားမှုမှာ ထူးခြားမှုတစ်စုံတစ်ရာ မရှိလာခဲ့လျှင် ရခိုင်တစ်ပြည်နယ်လုံးမှ ပြည်သူလူထုများ ပါဝင်လာသည့် လှုပ်ရှားမှုတစ်ခုကိုလဲ လုပ်ဆောင်သွားရန်ရှိကြောင်း ကိုမျိုးလွင်က ဆိုသည်။

ဤကမ်ပိန်း စတင်လုပ်ဆောင်ရခြင်းမှာ အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို ဖမ်းဆီးထားသောကြောင့်ဟု အမ်းဒေသခံတစ်ဦးက ပြောသည်။

"အဓိကတော့ ကျနော်တို့ အမ်းမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင် အပါအဝင် မတရားဖမ်းဆီခြင်းခံထားရသော ဒေသခံပြည်သူများ ပြန်လွတ်လာဖို့အတွက်ကို ကျနော်တို့ အမ်းမြို့နယ်က စတင်လုပ်ဆောင်တာဖြစ်ပါတယ်။ အခုလို ဒေါက်တာအေးမောင်အပါအဝင် မတရား ဖမ်းဆီခံထားရသူတွေ ရှိနေခြင်းကြောင့် ကျနော်တို့ ရခိုင်ပြည်နယ်မှာ အဖက်ဖက်က နစ်နာမှုတွေရှိခဲ့တယ်။ ဒါကြောင့် ပြည်သူတွေက သူတို့ကို ပြန်လွှတ်ပေးစေချင်ကြတယ်" ဟုပြောသည်။

ရခိုင်ပြည်နယ်တွင် ဒေါက်တာ အေးမောင်အပါအဝင် မတရားပုဒ်မတပ်ဖမ်းဆီးခံထားရသူဦးရေ ၃၀၀ အထိ ရှိနေကြောင်း တတ်ကြွလှုပ်ရှားသူ ကိုမျိုးလွင်က ဆိုသည်။

စတေကာတွင်ပါရှိသည့်စာသားများမှာ - ထောင်သွင်းအကျဉ်းချခံနေရသော ဒေါက်တာအေးမောင်နှင့် ကိုဝေဟင်အောင်တို့ အပါအဝင် နိုင်ငံရေးအကျဉ်းသားများအား ခြွင်းချက်မရှိ လွှတ်ပေးပါရန်၊ နိုင်ငံရေးနှင့် ဆက်နွယ်ပြီး ဖမ်းဆီးထိန်းသိမ်းခံနေရသော တက်ကြွလှုပ်ရှားသူများအား ခြွင်းချက်မရှိ လွှတ်ပေးပါရန်၊ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး လှုပ်ရှားမှုဖြင့် မြန်မာပြည်အနှံ့ အမှုရင်ဆိုင်နေရသော ကျောင်း/သူများအား ခြွင်းချက်မရှိ လွှတ်ပေးရန်၊ ရခိုင်ပြည်အနှံ့ ပုဒ်မအမျိုးမျိုးတပ်၍ ဖမ်းဆီးခြင်းခံနေရသော ရခိုင်ပြည်သူများအား ခြွင်းချက်မရှိ လွှတ်ပေးရန် စသည့် အချက်(၄) ချက်ပါသည့် စာတန်းများပါဝင်သည်။

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...