ရန်ကုန်မှာဖမ်းမိသည့် မွတ်ဆလင် ၉၉ ဦးကို ကိုဗစ်ပိုး ရှိ/မရှိ စစ်ဆေးပြီးမှ အရေးယူမည်

ရန်ကုန်မှာဖမ်းမိသည့် မွတ်ဆလင် ၉၉ ဦးကို ကိုဗစ်ပိုး ရှိ/မရှိ စစ်ဆေးပြီးမှ အရေးယူမည်

မျိုးသီရိကျော် — ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှာ ဇန်နဝါရီလ (၆) ရက်နေ့ ညနေ ၃ နာရီက ဖမ်းဆီးရမိသည့် မွတ်ဆလင် (၉၉) ဦးကို ကိုဗစ်ပိုးရှိ/မရှိ စစ်ဆေးသွားမည်။

၎င်းတို့ကို ရွှေပြည်သာမှာရှိသည့် ကွန်ပျူတာတက္ကသိုလ်ကျောင်းမှာ Quarantine စောင့်ကြည့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မင်းက DMG ကို ပြောသည်။

“လောလောဆယ်တော့ ရန်ကုန်က ကွန်ပျူတာတက္ကသိုလ်မှာ ကွာရန်တိန်းထားထားတယ်။ ပြီးရင် ရောဂါပိုးရှိ/မရှိ ဆေးစစ်ဆေးပါအုံးမယ်။ ပြီးမှပဲ အရေးယူဖို့/မယူဖို့ကိုတော့ တိုင်းဒေသကြီးအစိုးရရဲ့ ညွှန်ကြားချက်နဲ့ လုပ်ဆောင်သွားရမှာပါ”ဟု ဆိုသည်။

မွတ်ဆလင် အမျိုးသား ၂၆ ဦးနှင့် မူဆလင် အမျိုးသမီး ၇၃ ဦး စုစုပေါင်း ၉၉ ဦးမှာ မြောက်ဦးမြို့နယ်က ဖြစ်ပြီး အမ်းမြို့နယ်မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးသို့ ခိုးဝင်လာကြောင်းနှင့် ၎င်းတို့မှာ မလေးရှားသို့ အလုပ်လုပ်ရန် သွားရောက်ခြင်းဖြစ်သည်ဟု ဦးရန်အောင်မင်းက ပြောသည်။

ရွှေပြည်သာမြို့နယ် အမှတ် (၈) ရပ်ကွက်မှာ လမ်းပျောက်နေသည့် အမျိုးသားတစ်ဦးကို ရဲကခေါ်ယူ စစ်ဆေးမေးမြန်းရာမှာ ယင်းမြို့နယ်၏ အမှတ် (၂) ရပ်ကွက်နှင့် အမှတ် (၃) ရပ်ကွက်က ဖမ်းဆီးရမိခဲ့ကြောင်း ရွှေပြည်သာမြို့မ ရဲစခန်းမှ ဒုရဲအုပ်စည်သူအောင်က ပြောသည်။

“သူတို့က ဘယ်လိုပုံစံမျိုးနဲ့ ဒီကိုရောက်လာတာလဲဆိုတာကိုတော့ ပြောလို့မရသေးဘူး။ ကျနော်တို့အနေနဲ့လည်း စုံစမ်းစစ်ဆေးနေတုန်း ရှိပါသေးတယ်။ စစ်ဆေးပြီးလို့ရှိရင်လည်း ဘယ်လိုပုံစံမျိုး ဆောင်ရွက်သွားမလဲ ဆိုတာကိုလည်း မပြောနိုင်သေးပါဘူး” ဟု ဆိုသည်။

လက်ရှိ ထိန်းသိမ်းခံထားရသည့် မူဆလင် (၉၉) ဦးမှာ မြန်မာစကားတောင် ပီပြင်စွာ မပြောဆိုနိုင်သည့်အတွက် ရန်ကုန်တိုင်းဒေသကြီးသို့ ရောက်ရှိလာခြင်းမှာလည်း သယ်ယူပို့ဆောင်ပေးနေသူများ ရှိသည့်အတွက် ရောက်ရှိလာခြင်းသာဖြစ်နိုင်သည်ဟု လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မင်းက သုံးသပ်သည်။

ရွှေပြည်သာမှာ ဖမ်းမိသည့် မူဆလင်များအား တွေ့ရစဉ်။ (ဓါတ်ပုံ - ဇော်မင်းလတ်)

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...