စစ်ဘေးရှောင် မိဘမဲ့ကလေးများအတွက် ဖွင့်လှစ်ထားသော “မေတ္တာရိပ်” မိဘမဲ့ဂေဟာတွင် အကူအညီများ အရေးပေါ်လိုအပ်နေ

စစ်ဘေးရှောင် မိဘမဲ့ကလေးများအတွက် ဖွင့်လှစ်ထားသော “မေတ္တာရိပ်” မိဘမဲ့ဂေဟာတွင် အကူအညီများ အရေးပေါ်လိုအပ်နေ

နှင်းနွယ် ၊ မျိုးသီရိကျော်— ရခိုင်ပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခကြောင့် မိဘမဲ့ဖြစ်သွားခဲ့ရသည့် ကလေးများအား ကူညီ စောင့်ရှောက်ပေးရန် မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့တွင် ဖွင့်လှစ်ထားသော “မေတ္တာရိပ်” မိဘမဲ့ဂေဟာ အတွက် အကူအညီများ လိုအပ်နေကြောင်း သိရသည်။

ကော်မတီဝင်များထံ စာရင်းလာရောက်ပေးထားသည့် မိဘမဲ့ကလေးများအား ဒီဇင်ဘာ ၂၂ ရက်နေ့တွင် စတင်ထားရှိသွားမည်ဖြစ်ကြောင်း ဆုံးဖြတ်ထားသော်လည်း ယင်းကလေးများအတွက် ခေါင်းအုံး၊ စောင်စသည့် အသုံးအေဆာင်ပစ္စည်းများ အလုံအလောက်မရှိသေးကြောင်း ဂေဟာဖြစ်မြောက်ရေးကော်မတီဝင် ကိုမောင်ချယ်ရီက DMG သို့ ပြောသည်။

“လောလောဆယ်တော့ အဖွဲ့အစည်းတွေဘာတွေက ထောက်ပံ့တာတွေ မရှိသေးတော့ ကျနော်တို့ ကော်မတီဝင် တွေနဲ့ ပုဂ္ဂလိကအလှူရှင်တွေက လှူဒါန်းတဲ့ငွေလေးတွေနဲ့ပဲ ပြင်ဆင်နေရတယ်။ ကလေးတွေရောက်လာရင် ချက်ပြုတ်ကျွေးမွေးဖို့အတွက်တောင် ကျနော်တို့မှာ ပြည့်ပြည့်စုံစုံမရှိသေးဘူး။ ဒါပေမယ့် လိုအပ်တာတွေကို အကြွေးဝယ်ပြီး အဆင်ပြေအောင်တော့လုပ်ပေးမှာပါ’’ ဟု ၎င်းကပြောသည်။

လက်ရှိအချိန်ထိ မင်းပြား၊ မြောက်ဦး၊ အမ်း၊ မြေပုံနှင့် ရသေ့တောင်စသည့်မြို့နယ်များမှ အသက် ၇ နှစ်နှင့် ၁၅ နှစ်ကြားအရွယ်ရှိ စစ်ဘေးသင့်မိဘမဲ့ကလေး ၅၀ ဦးထိ စာရင်းလာရောက်ပေးထားကြောင်းလည်း သိရသည်။

ထိုကလေးများ၏ ရေရှည်နေထိုင်စားသောက်ရေးနှင့် ပညာရေးသင်ကြားနိုင်ရေးတို့အတွက် အရပ်ဘက်အဖွဲ့ အစည်းများအနေဖြင့် လစဉ်ကူညီမှုများ ပေးစေချင်သည်ဟုလည်း ကိုမောင်ချယ်ရီက တောင်းဆိုသည်။

“ငွေကြေးထောက်ပံ့လို့ရတဲ့ အဖွဲ့အစည်းတွေက ငွေကြေးထောက်ပံ့ပေးပါ။ စားနပ်ရိက္ခာထောက်ပံ့လို့ရတဲ့ အဖွဲ့အစည်းကလည်း စားနပ်ရိက္ခာတွေကို လစဉ်တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးပါလို့ပဲ ကျနော့်အနေနဲ့ တောင်းဆိုချင်ပါတယ်” ဟု ၎င်းကဆိုသည်။

ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံက အဆိုပါဂေဟာမှ လူဦးရေစာရင်းများအား လေ့လာ၍ မည်သို့လုပ်ဆောင်ပေးသင့်ကြောင်းကို စီစဉ်သွားမည်ဖြစ်ကြောင်းပြောသည်။

“လောလောဆယ် ကျနော်တို့က ဒါနဲ့ပတ်သက်ပြီး ဘာမှမသိသေးဘူး။ ဒါကြောင့် အဲဒီဂေဟာမှာ ကလေး ဘယ်နှစ်ဦးရှိတယ်။ ဂေဟာကရော ဘယ်လိုအခြေအနေရှိလဲဆိုတာကို အရင်သွားလေ့လာအုံးမယ်။ ပြီးမှ ဘယ်လိုကူညီထောက်ပံ့ပေးမယ်ဆိုတာကို ပြောလို့ရမှာ” ဟု ဦးခိုင်ကောင်းစံကဆိုသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲဖြစ်ပွားမှု ၂ နှစ်တာကာလအတွင်း နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးရှောင်ဦးရေ ၁ သိန်း ၉ သောင်းကျော်ရှိကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး(REC)၏စာရင်းအရ သိရှိရသည်။

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...