အမျိုးသမီးများအား အကာအကွယ်ပေးမည့် ဥပဒေတစ်ရပ်ပြဌာန်းပေးရန် ကုလတိုက်တွန်း

အမျိုးသမီးများအား အကာအကွယ်ပေးမည့် ဥပဒေတစ်ရပ်ပြဌာန်းပေးရန် ကုလတိုက်တွန်း

အောင်ထိန် — အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဆိုင်ရာ ဥပဒေတစ်ရပ်အား အတည်ပြုပြဌာန်းပေးရန် ကုလသမဂ္ဂအဖွဲ့မှ မြန်မာနိုင်ငံလွှတ်တော်သို့ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် တိုက်တွန်းထားသည်။

အဆိုပါဥပဒေသည် အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် မဖွယ်မရာပြုမှုများကို ကာကွယ်အထောက်အကူ ပြုရုံသာမက အကြမ်းဖက်မှုကျူးလွန်သူများကိုပါ တာဝန်ခံမှုရှိအောင် ဆောင်ရွက်ရာတွင်လည်း ကူညီပေးနိုင် သဖြင့် အရေးတစ်ကြီးပြဌာန်းရန်လိုကြောင်း ကုလသမဂ္ဂမှ ဆိုသည်။

“ရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဒီဥပဒေရဲ့အရေးပါမှုကို လက်ခံအသိအမှတ် ပြုပြီး အချိန်မီပြဌာန်းနိုင်အောင် တိကျစွာ အရေးယူဆောင်ရွက်ကြရလိမ့်မယ်လို့ ကျ‌နော်ယုံကြည်ပါတယ်” ဟု ကုလသမဂ္ဂအဖွဲ့၊ မြန်မာနိုင်ငံ၏ ဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Mr.Ola Almgren က ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

ဥပဒေရေးရာ ကုစားရေးအဖွဲ့(မြန်မာ)၏ ဒါရိုက်တာ ဒေါ်လှလှရီကလည်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှု လျော့ကျရန်အတွက် ရှုထောင့်ပေါင်းစုံမှစဉ်းစားပြီး ခိုင်မာ၊ထိရောက်သည့် ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းပေးရန် လိုကြောင်း ပြောသည်။

“အမျိုးသမီးတွေရဲ့ လူ့အခွင့်အရေးကို လူတိုင်းကနားလည်ဖို့လိုတယ်။ အမျိုးသမီးတွေကို အကြမ်းဖက်တာဟာ လူ့အခွင့်အရေးကို ချိုးဖောက်တာဖြစ်တယ်။ ပြစ်မှုပြစ်ဒဏ်တွေ ကျနိုင်တယ်ဆိုတာကိုလည်း လူတိုင်းကသိဖို့ လိုတယ်”ဟု ၎င်းကဆိုသည်။

ထိုသို့ အမျိုးသမီးများ အကြမ်းဖက်ခံရမှုများကို ထိရောက်သည့်ဥပဒေဖြင့် အကာကွယ်မပေးလျှင် အမျိူးသမီးများ လူ့အခွင့်အရေးချိုးဖောက်ခံရမှု၊ စီးပွားရေးလုပ်ကိုင်မှု၊ နိုင်ငံရေးဖြစ်စဉ်တွင်ပါဝင်မှုနှင့် တခြားသော အမျိုးသမီးပါဝင်နိုင်မှုတို့တွင် ထိခိုက်လာနိုင်ကြောင်း လူ့အခွင့်အရေးနှင့် နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်နေသူများက သုံးသပ်ကြသည်။

“တချို့ စုံစမ်းဖော်ထုတ် စစ်ဆေးမှုအပိုင်းတွေမှာ အားနည်းမှုတွေကိုလည်း တွေ့ရတယ်။ အိမ်တွင်း အကြမ်းဖက်မှုတွေမှာဆိုရင် သက်ဆိုင်ရာဥပဒေကို အကောင်အထည်ဖော်နေတဲ့သူတွေက ဦးစားပေးအနေနဲ့ လုပ်ဆောင်ပေးမှုအပိုင်းမှာလည်း အားနည်းနေတာကို တွေ့ရတယ်” ဟု ဒေါ်လှလှရီက ထောက်ပြသည်။

 

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ ယခု နိုဝင်ဘာလအထိ အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အိမ်တွင်းအကြမ်းဖက်ခံရမှု စုစုပေါင်း ၅၀၇၆ မှုအထိရှိကြောင်း ဥပဒေရေးရာကုစားရေးအဖွဲ့(မြန်မာ)၏ စာရင်းအရ သိရသည်။

ရခိုင်ပြည်နယ်တွင်မူ အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အိမ်တွင်းအကြမ်းဖက် ခံရမှု စုစုပေါင်း ၅၇၆ မှုအထိရှိခဲ့ပြီး ယင်းအထဲတွင် အိမ်တွင်းအကြမ်းဖက်ခံရသည့် အမှုပေါင်း ၂၁၂ မှု အထိ ရှိကြောင်း အဆိုပါအဖွဲ့မှ သိရသည်။

Most read this week

စစ်ဘေးတိမ်းရှောင်နေရသည့် ပုဏ္ဏားကျွန်းဒေသခံအချို့ - ပုံဟောင်း / APM
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ် အစပ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ပုဏ္ဏားကျွန်းနှင့်...
Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...