ကျောက်မဲတွင် တိုက်ပွဲများအတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရကြောင်း ရှမ်းလူ့အခွင့်အရေးအဖွဲ့ ထုတ်ပြန်

ကျောက်မဲတွင် တိုက်ပွဲများအတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရကြောင်း ရှမ်းလူ့အခွင့်အရေးအဖွဲ့ ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် တောင်ပိုင်းဒေသရှိ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တပ်စခန်းများကို တပ်မတော်က တိုက်ခိုက်ရာတွင် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ ဒေသခံများအပေါ် လူ့အခွင့်အရေးချိုးဖောက်ခြင်းများရှိသည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က အောက်တိုဘာလ ၁၉ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ကျောက်မဲအခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် - ၁ (စကခ - ၁) နှင့် အခြား ပူးပေါင်းအင်အား ၁၀၀၀ ကျော်တို့ နယ်မြေရှင်းလင်းရေး အပြင် ရဟတ်ယာဉ်အသုံးပြု စစ်ကူပေးမှုကြောင့် ဒေသခံ ၄၅၂၉ ဦး နေအိမ်များမှ စွန့်ခွာရကြောင်း စာမျက်နှာ ၁၇ မျက်နှာပါ “ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရ လူ့အခွင့်အရေး ချိုးဖောက်မှု သတင်းထုတ်ပြန်ချက်” တွင် အသေးစိတ် မှတ်တမ်းတင်ထားသည်ကို တွေ့ရသည်။  

ယင်းသတင်း ထုတ်ပြန်ချက်တွင် စက်တင်ဘာလ ၃၀ မှ အောက်တိုဘာလ ၁၀ ရက်နေ့အထိ တိုက်ပွဲ၊ တပ်ချထားမှု၊ ဒဏ်ရာရရှိမှု၊ စစ်ဘေးရှောင်ဦးရေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖော်ပြထားသည်။  

လူ့အခွင့်အရေး ချိုးဖောက်ခံရမှုအနေဖြင့် ခန့်ခဲကျေးရွာတွင် ပစ်ခတ်မှုကြောင့် အသက် ၄၅ နှစ်အရွယ် ရွာသားတစ်ဦး အပြင်းအထန် ဒဏ်ရာရမှု၊ ခန့်ခဲကျေးရွာနှင့် နမ့်မတ်ဟင်ကျေးရွာတွင် ပစ္စည်းလုယက်ခံရမှု၊ နမ့်မတ်ဟင် ကျေးရွာတွင် ရွာသားနှစ်ဦး အဖမ်းခံရမှု၊ နားပုံကျေးရွာမှ အသက် ၁၉ နှစ်အရွယ် ရွာသားတစ်ဦး နှိပ်စက်ခံရပြီး ပျောက်ဆုံးနေမှုတို့ ပါဝင်သည်။  

RCSS/SSA က CNA စာချုပ် သဘောတူညီချက်အရ သတ်မှတ်နယ်မြေကို ကျော်လွန် လှုပ်ရှားသောကြောင့် တိုက်ပွဲဖြစ်ရသည်ဟု တပ်မတော်ဘက်က ပြောပြီး RCSS/SSA ဘက်ကလည်း CNA စာချုပ်တွင် သဘောတူထားသည့် သတ်မှတ်နယ်မြေ မရှိဟု တုံ့ပြန်ထားသည်။  

ရွာသူရွာသားများ အိမ်ပြန်နိုင်ရေး ကျောက်မဲတောင်ပိုင်းဒေသမှ အစိုးရတပ်များ အားလုံး ချက်ချင်း ရုတ်သိမ်းပေးရန်၊ စစ်ဆင်ရေးများ အဆုံးသတ်ရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်တန့်ရေး နိုင်ငံတကာ အသိုင်း အဝိုင်းကလည်း ဖိအားပေးရန် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က တောင်းဆိုတိုက်တွန်းထားသည်။

Most read this week

ဓါတ်ပုံ - စစ်အုပ်စုတပ်၏ ရေယာဉ်အုပ်စုနှင့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်များ
August 14, 2026
စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ် ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်ဘက်မှ စုန်ဆင်းလာသည့်...
ဓာတ်ပုံ - (အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်အား တွေ့ရစဉ်)
August 14, 2026
အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် စစ်အုပ်စုတပ်က...
August 13, 2026
စစ်ဘေးဒဏ်အပြင် ရေဘေးဒဏ်ကိုပါ ထပ်ဆင့်ခံစားနေရသည့် စစ်ကိုင်းတိုင်းအတွင်းမှ ရေဘေးသင့်ပြည်သူ များထံ...
ဓာတ်ပုံ - (ENWA) နန်းယွန်းမြို့နယ်အတွင်းရှိ စာသင်ကျောင်းဆောင် တစ်ခုကို တွေ့ရစဉ်
August 13, 2026
စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်တွင် စာသင်ကျောင်း ၄၀ ကျော်...