မူဆယ် SNLD ပါတီ စည်းရုံးရေး ကား ရွှေလီမြစ်ထဲကျ ၃ဦး သေဆုံး၊ကလေးတဦးပျောက်ဆုံးနေဆဲ

မူဆယ် SNLD ပါတီ စည်းရုံးရေး ကား ရွှေလီမြစ်ထဲကျ ၃ဦး သေဆုံး၊ကလေးတဦးပျောက်ဆုံးနေဆဲ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) မဲဆွယ်စည်းရုံးရေး ကားတစ်စီး ရွှေလီမြစ်ထဲသို့ ထိုးကျပြီး အမျိုးသမီး ၃ဦး သေဆုံးကာ၊ ကလေးတဦး ပျောက်ဆုံးနေဆဲဟု သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၁၈ရက် မနက် ၉ နာရီ တွင် မူဆယ်မြို့ ဖိုင်ကျောင်းကျေးရွာ နောင်ဟင်လှေဆိပ်တွင် ကားတစီးရွှေလီမြစ်ထဲသို့ ထိုးကျကာ စည်းရုံးရေးခရီးစဉ် လိုက်ပါသွားသည့် အမျိုးသမီး (၃)ဦး သေဆုံးခဲ့ပြီး၊ ကလေးငယ်တဦး ယခုချိန်ထိ ပျောက်ဆုံးနေဆဲဟု SNLD မှ ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် စိုင်းကျော်သိန်း က သျှမ်းသံတော်ဆင့် ကို ပြောသည်။

အဆိုပါကားသည် (SNLD) နှင့် မဲဆွယ်စည်းရုံးရေးကိုလိုက်ပါ အားဖြည့်ပေးသည့် ကားဖြစ်သည်။

ထိုကားပေါ်တွင် လူ(၇) ပါရှိကာ ၃ဦး အသက်ရှင်ပြီး၊ အမျိုးသမီး ၃ဦး ရုပ်အလောင်းကို ပြန်လည် ဆယ်ယူလာနိုင်ခဲ့ပြီး ကလေးကို ရှာဖွေမတွေ့ရှိခဲ့ကြောင်း စိုင်းကျော်သိန်း က ပြောသည်။

“ပြုတ်ကျသွားတဲ့ချိန်မှာ (၃) ယောက်ကတော့ ထွက်လာနိင်တယ်။ ကျနော်ဝိုင်း ပြီးတော့ ကယ်ကြတယ်။ ကျန်တာက (၃) ယောက်သေဆုံးသွားပြီး ကလေးငယ် တစ်ဦးပျောက်ဆုံးနေတယ်” ဟု စိုင်းကျော်သိန်းက ပြောသည်။

လက်ရှိ ပျောက်ဆုံးနေသည့် ကလေးငယ်သည် အသက် (၅)နှစ် အရွယ်သာရှိသေးကြောင်းသိရသည်။

ဆက်လက်ပြီး စိုင်းကျော်သိန်းက “ စက်လှေက ဟိုဖက်မှာရှိနေတာ။ ဒီဖက်မှာ ကျနော်တို့ ကား ၃ စီးကရပ်ထားတယ်။ စက်လှေ စောင့်နေတာ။ အဲဒါကို ဒီဖက်ကနေကျော်တက်သွားပြီးတော့ ရေထဲထိုးကျသွားတဲ့ သဘောဖြစ်သွားတယ်” ဟု ပြောပြသည်။

အမျိုးသမီး (၃)ဦး၏ ရုပ်အလောင်းကို မူဆယ်မြို့ပြည်သူဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း ဂရုဏာလူမှုကူညီရေး အသင်းမှ ဦးသောင်းထွန်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ SNLD မဲဆွယ်စည်းရုံးရေးကားပါ။ အရှိန်ကြောင့်ရေထဲထိုးကျသွားတယ်။ အမျိုးသားတဦးနဲ့ အမျိုးသမီး ၂ဦးကတော့ အသက်ရှင်တယ်။ အမျိုးသမီး ၃ဦးရုပ်အလောင်းကိုတွေ့တယ်။ ကလေးကို ဆက်ရှာနေတယ်” ဟု ဦးသောင်းထွန်း ကပြောသည်။

May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...
May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...