COVID-19 ကန့်သတ်မှုများကြောင့် ရခိုင်ပဋိပက္ခဒေသ လူ့အခွင့်အရေးမှတ်တမ်းယူရန် ခက်ခဲ

COVID-19 ကန့်သတ်မှုများကြောင့် ရခိုင်ပဋိပက္ခဒေသ လူ့အခွင့်အရေးမှတ်တမ်းယူရန် ခက်ခဲ

စစ်ရေးပဋိပက္ခများနှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် နေရာဒေသများတွင် COVID-19 ကပ်ရောဂါ နှင့်ဆိုင်သည့် တားမြစ်မှုများနှင့် လုံခြုံရေးအခြေအနေကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းကောက်ယူနိုင်ရေး ခက်ခဲနေသည်ဟု ဒေသခံ အရပ်ဘက်အဖွဲ့အစည်းများ က ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ကြုံတွေ့ရသည့် အခြေအနေများနှင့် ပတ်သက်၍ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်း အရုံး REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ယခုကဲ့သို့ ပြောသည်။

“ကျနော်တို့က ကိုဗစ်မဖြစ်ခင်က ကျနော်တို့ လုံခြုံရေး ပြဿနာရှိတဲ့အတွက်ကြောင့်မို့လို့ ဒီသွားလာတဲ့ နေရာ မှာ အထူးသဖြင့် စစ်ရေးလှုပ်ရှားမှုတွေနဲ့ မတိုးမိအောင် ကျနော်တို့ သတိထားရတယ်ပေါ့လေ။ နောက်တစ်ခါ မိုင်း ကွဲ ပြီးတော့ တိုက်ပွဲထဲကို မရောက်အောင် သတိထားရတယ်ပေါ့။ နောက် COVID ဖြစ်လာတဲ့အခါကျတော့ ဒီသွားရောက် ကူညီနေရင်းနဲ့ သူများတွေဆီက ကိုယ့်ဆီကို ကူးစက်လာမှာကိုလည်း ကြောက်တယ်။ ကိုယ်က လည်းပဲ မတော်တဆ ကိုယ့်ဆီမှာ ပိုးစက်ခံနေရတာကို မသိပဲနဲ့ သွားလာတဲ့အခါမှာ ကိုယ်တွေဆီက တစ်ဆင့် တစ်ခြား သူတွေကို ပိုးကူးစက်စေမှာကိုလည်း ကျနော်တို့ စိုးရတယ်ပေါ့လေနော်။ တိုက်ပွဲတွေနဲ့အတူတော့ လူ့ အခွင့် အရေးချိုးဖောက်ခံရမှုတွေက ဆက်ရှိနေတယ်။”

ထို့အပြင် “နောက်တစ်ခါဘာရှိလဲဆိုတော့ ကျနော်တို့ အစောပိုင်းတုန်းကဆိုရင် ဒီတစ်ရွာနဲ့ တစ်ရွာသွားလာမှု တွေကို ရပ်ရွာအလိုက် ကန့်သတ်ထားတာရှိတယ်။ နောက်ပြီးတော့ ဒေသအာဏာပိုင်တွေအလိုက် ကန့်သတ် ထားတဲ့အခါကျတော့ ကျနော်တို့ အနေနဲ့ ဘယ်လိုမှ သွားလို့မရဘူး။ အထူးသဖြင့် ကမ့်တွေထဲကို ဝင်လို့ မရဘူး ပေါ့နော။ အဲလိုမျိုးတွေ ကြုံခဲ့တာရှိပါတယ်ခင်ဗျ” ဟု ဦးဇော်ဇော်ထွန်း က ဆက်ပြောသည်။

အဆိုပါအခြေအနေများကြောင့် ရခိုင်တိုင်းရင်းသားများအစည်းအရုံး REC အနေဖြင့် လစဉ် ထုတ်ပြန်နေကြ ရခိုင်စစ်ရှောင်ဒုက္ခသည် အရေအတွက်ကို ထုတ်ပြန်ခြင်းအား နှစ်လကျော်ကြာအောင် ထုတ်ပြန်နိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း ပြောသည်။

“လုပ်ငန်းရပ်ဆိုင်းသလိုဖြစ်ခဲ့တာပေါ့ ကျနော်တို့က လုံးဝရပ်ဆိုင်းသွားသလိုဖြစ်ခဲ့တာပေါ့ ကျနော်တို့ ရခိုင်က အဖွဲ့ အစည်းတွေက။ ကျနော်တို့ ကိုဗစ် ဒုတိယအကြိမ် ဒီစစ်တွေမှာ စပြီးတော့ တွေ့တယ်ပေါ့နော် ဒီသြဂုတ် လောက်ပေါ့ အဲဒီသြဂုတ်ကနေပြီးတော့မှ စက်တင်ဘာလ လယ်ပိုင်းလောက်အထိ ကတော့ ကျနော်တို့ ဘာမှ လုပ်လို့မရခဲ့သလိုဖြစ်ခဲ့ပါတယ်။ လစဉ်ထုတ်နေကြ ဒုက္ခသည်စာရင်းတောင် ဇူလိုင် ပထမအပတ်က နောက်ဆုံး ပဲ၊ ကြားမှာ မထုတ်နိုင်ဘူး။ အခု အောက်တိုဘာမှ ပြန်ထုတ်နိုင်တာ။ ကျနော်တို့ အင်တာနက်လည်း မရတော့ ဖုန်းနဲ့ သတင်းအချက်အလက်ယူရတယ်။ ဒီမှာ ခိုင်မာမှုမရှိဘူး။ အဲ့ဒီတော့ ကျနော်တို့က အထူးသဖြင့် ထုတ်ပြန် ဖို့ confidence မရှိဘူး။ ဒါကြောင့်မို့လို့ ကျနော်တို့က ခန့်မှန်ပြီးတော့ ပြောနေခဲ့တယ်။ ထုတ်ပြန်မှုတွေ မလုပ်ခဲ့ပါ ဘူးခင်ဗျ” ဟု ဦးဇော်ဇော်ထွန်း က ပြောသည်။  

အောက်တိုဘာလ လဆန်းပိုင်းမှ စတင်၍ ယနေ့အချိန်ထိ ရသေ့တောင်မြို့နယ်တွင်းတွင်လည်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော် ULA/AA တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး ဒေသခံနှစ်ထောင်နီးပါးခန့် စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

အဆိုပါတိုက်ပွဲများကြောင့် ကျေးရွာများအတွင်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခြင်း၊ ကျရောက် ပေါက်ကွဲလာသည့် ကျည်စများထိမှန်ပြီး ရွာသားများ ထိခိုက်ဒဏ်ရာရရှိခြင်း၊ သေဆုံးခြင်း၊ နေအိမ်များ မီး လောင်ပျက်စီးခြင်း၊ ရွာသားများ သံသယဖြင့် ဖမ်းဆီးခံရခြင်းနှင့် စစ်ဘေးလွတ်ရာ နေရာအသီးသီးသို့ ထွက် ပြေးနေကြရသည့် ရွာသားများ စားနပ်ရိက္ခာအခက်အခဲများ၊ နေရာထိုင်ခင်း အခက်အခဲများနှင့် ရင်ဆိုင်နေကြ ရပြီး သွားရောက်အကူအညီပေးရန်လည်း အခက်ကြုံနေရသည်ဟု ရခိုင်ပြည်နယ်အတွင်းက အရပ်ဘက်အဖွဲ့ အစည်းများ၊ အကူအညီပေးနေသူများက ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် COVID-19 ကပ်ရောဂါ ကူးစက်မှုနှင့်အတူ ဒေသအတွင်းက စစ် ရေးပဋိပက္ခနှင့် တိုက်ပွဲများကြောင့် ပြည်သူများကြုံနေရသည့် လူ့အခွင့်အရေးချိုးဖောက်မှုများအား နှင့် ပတ် သက်၍ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) က တွဲဖက်အတွင်းရေးမှူး (၁) လွေးပိုးကမေဲးခြိုဝ်း က ယခု ကဲ့သို့ ပြောသည်။

“COVID-19 ဖြစ်ကတည်းကနေ အခုချိန်ထိ သွားရေး လာရေးကိစ္စတွေကလည်း ပိတ်ထားတယ်။ အဲ့ဒီမှာ ဘာ  တွေ့ရလဲ ဆို တော့ သွားလာရေးနဲ့ပတ်သက်ပြီး လူထုတွေကို အဓိက ကန့်သတ်ထားပေမယ့် တပ်တွေ ကတော့ သွားလာနေ တယ်။ လှုပ်ရှားနေတယ်။ တပ်တွေကို ကန့်သတ်ထားတာမျိုး မတွေ့ရဘူး။ ဆိုတော့ ဒီတပ်တွေ ဝင် လာတဲ့ ဝင်တဲ့နေရာတွေ ကျေးရွာတွေမှာဆိုရင် လူ့အခွင့်အရေးချိုးဖောက်မှုတွေက ရှိနေတယ်။ အဲ့ဒါကို ကွင်း ဆင်းပြီး သတင်းတွေကောက်ဖို့ မှတ်တမ်းတွေရယူဖို့ ဆိုတာက တော်တော်လေးကို ခဲယဉ်းတဲ့အခြေမနေမှာ ဖြစ်တယ်ပေါ့။ ဆိုတော့ ဒီအချိန်မှာ နောက်တစ်ချက်က လူ့အခွင့်အရေးချိုးဖောက်ပြီ ဆိုတဲ့နေရာတွေမှာ ဖုန်း လိုင်း တွေ ဖြတ်ခံရတယ်။ အဲ့လိုဆိုရင်တော့ ကျမတု့ိ လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ နေရာတွေကို ဆက် သွယ်လို့ မရတော့ဘူး။ လက်လှမ်းမမှီတော့ဘူး။”

COVID-19 ကူးစက်မှုနှင့်အတူ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကလည်း လျော့ကျသွားခြင်းမရှိဘူးဟု လွေးပိုးကမေဲးခြိုဝ်း က ဆက်ပြောသည်။

“လူ့အခွင့်အရေးချိုးဖောက်မှုက ရှမ်းမြောက်မှာဆိုရင် လျော့ကျမသွားဘူး။ တိုးလာတယ်လို့ပဲ ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုရင် ၂၀၂၀ ဆိုတဲ့ကာလက ပြဿနာ Conflict area မှာ ကြုံနေရတဲ့ပြဿနာတင်မကဘူး COVID-19 ရဲ့ နောက်ဆက်တွဲတွေပါ ပါတော့ သူက ပိုပြီးဆိုးတဲ့ အနေအထားကိုရောက်နေတယ်။ COVID-19 ကြောင့်မို့လို့လည်း ကျမတို့ လက်လှမ်းမမှီတဲ့ဟာတွေ အများကြီးရှိတယ်။ ဆိုတော့ အဲ့မှာ ပြောချင်တာက COVID-19 ကြောင့်မို့လို့ပဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လုပ်ခွင့်ပေးနေသလိုမျိုး ဖြစ်နေမလားလို့ သုံးသပ် တာတွေလည်း ရှိနေတယ်။ သေချာတာကတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လျော့ကျမသွားပဲ ပိုတိုး လာတယ်လို့ ပြောလို့ရတာပေါ့။”

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းတွင်လည်း တပ်မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) တို့အကြား အောက်တိုဘာလ(ယခုလ)အတွင်း တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေပြီး အနီးအနားကျေးရွာများက ဒေသခံပြည်သူ ၃၅၀၀ ကျော်ခန့် စစ်ဘေးတိမ်းရှောင်နေကြရသည်။

COVID-19 ကူးစက်မှုများ နေ့စဉ်မြှင့်တက်နေချိန် ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတိ့ုတွင် လက်နက်ကိုင်တိုက်ပွဲများ ဒေသခံပြည်သူအမြောက်အများ ထွက်ပြေးတိန်းရှောင်နေကြရပြီး မလိုလားအပ်သည့် ဖိနှိပ်ချုပ်ချယ် အနိုင်ကျင့်မှုများ မဖြစ်ပေါ်နေခြင်း၊ စစ်ရှောင်ပြည်သူများ အခြေခံလူ့အခွင့်အရေးများ ဆုံးရှုံးနေရ သည့် အတွက် အစိုးရအနေဖြင့် မဖြစ်မနေတာဝန်ယူ ဆောင်ရွက်ပေးရန် စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်(UNA) နှင့် မိတ်ဆက်အဖွဲ့အစည်းများကလည်း အောက်တိုဘာလ ၁၀ ရက်နေ့က သဘော ထားထုတ်ပြန်ချက် ထုတ်ပြန်ကာ တောင်းဆိုထားသည်။

Most read this week

April 20, 2024
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် အချိန်ခါ မဟုတ် မိုးရွာသွန်းမှုကြောင့် နေအိမ်အမိုးအကာများ...
April 6, 2024
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး...
April 4, 2024
ရှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့ လေဆိပ်တွင် လေယာဉ် လိုက်ပါစီးနင်းမည့် ခရီးသည်များအား...
April 3, 2024
ရှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်ထဲက ကျေးရွာတစ်ရွာတွင် ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့ က ၃...