မြန်မာစစ်တပ်အင်အား ၁၀၀၀ ခန့် အင်းဒငး မှ မောင်တောမြောက်ပိုင်း သို့ တစ်ညတည်း စက်လှေဖြင့် ရောက်ရှိလာ

မြန်မာစစ်တပ်အင်အား ၁၀၀၀ ခန့် အင်းဒငး မှ မောင်တောမြောက်ပိုင်း သို့ တစ်ညတည်း စက်လှေဖြင့် ရောက်ရှိလာ

မြန်မာစစ်တပ်အင်အား ၁၀၀၀ ခန့်သည် စက်တင်ဘာ ၁၁ ရက် နံနက်တွင် မောင်တောမြောက်ပိုင်းသို့ စက်လှေဖြင့် ရောက်ရှိလာခဲ့ပြီး ၎င်းတို့သည် အင်းဒင်မှ ရောက်ရှိလာခြင်းဖြစ်ကြောင်း သယ်ယူပို့ဆောင်ပေးခဲ့သည့် ရိုဟင်ဂျာ စက်လှေမောင်းနှင်သူတစ်ဦး က ဆိုသည်။

အဆိုပါစက်လှေမောင်းသူ၏အဆိုအရ မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဗျူဟာမှူးနှင့် မောင်နီကျေးရွာအုပ်ချုပ်ရေးမှူများက မောင်နီကျေးရွာမှ ငါးဖမ်းစက်လှေ ၂၀ အား မောင်တော တောင်ပိုင်း ပင်လယ်ကမ်းရိုးတန်း အင်းဒင်သို့သွားပြီး စက်တင်ဘာလ ၈ ရက် မှ စ၍ အင်းဒင်တွင် စောင့်နေရန် အမိန့်ပေးခဲ့ကြောင်းလည်း ပြောဆိုသည်။

စက်တင်ဘာ ၁၀ ရက်တွင် မြန်မာရေတပ် သင်္ဘောလေးစင်း ရောက်ရှိလာကြောင်း၊ ထောင်နှင့်ချီသောတပ်သားများဆင်းလာသည်ကိုတွေ့ရသည်ဟု စက်လှေမောင်းသူသည် ပြောဆိုသည်။ ထိုညတွင် မောင်နီကျေးရွာမှ စက်လှေမောင်းသူများသည် ကမ်းခြေတစ်လျှောက် စစ်သားများကို မောင်တောမြောက်ပိုင်းအထိ သယ်ယူပို့ဆောင်ခဲ့ပြီး လှေတစ်စီးစီလျှင် လက်နက်ကိုင်စစ်သား ၅၀ ခန့်သယ်ဆောင်ခဲ့ကြောင်း ပြောဆိုသည်။

မောင်တောမြို့မြောက်ဘက်ကီလိုမီတာ ၂၀ အကွာအတွင်း နတ်မြစ်တစ်လျှောက်ရှိဆိပ်ခံတံတားများသို့ မြန်မာစစ်သားအား ငါးဖမ်းစက်လှေများဖြင့် ငါခူးရ အထိပို့ဆောင်ခဲ့သည်။ စစ်သားများသည်မောင်တောမြို့အနီးရှိ အမှတ် ၁ ဆိပ်ခံတံတား နှင့် မြန်မာအစိုးရ၏ မြို့၏မြောက်ဘက်ပိုင်းတွင် စီးပွားရေးဇုန်တစ်ခု တည်ဆောက်နေသည့် ကညင်ချောင်တွင်လည်း ဆင်းသက်ခဲ့သည်။ အင်းဒင်မှ စစ်သားများ ဆင်းသက်ခဲ့သည့် နေရာထိ ငါးဖမ်းစက်လှေများသည် ငါးနာရီကြာ ခရီးသွားရသည်ဟု ပြောဆိုသည်။

ယခုကဲ့သို့ မြန်မာစစ်သားများ ရောက်ရှိလာခြင်းကြောင့် ၂၀၁၇ ခုနှစ် ရိုဟင်ဂျာ ၇၂၀,၀၀၀ ကျော်ကို ဘင်္ဂလားဒေ့ရှ်ဘက်သို့ မောင်းထုတ်သွားစေသည့် “ရှင်းလင်းရေးလုပ်ငန်းများ” ထပ်မံဖြစ်ပွားမည်ကို ရိုဟင်ဂျာများအကြားတွင် စိုးရိမ်မှုရှိနေကြသည်ဟု သိရသည်။

March 9, 2026
ကော့စ်ဘဇား ရှိ စခန်း ၃၃ ခုတွင် ပြုလုပ်ခဲ့သော လေ့လာမှုအရ ဆင်းရဲမှု၊ လုံခြုံရေးအန္တရာယ်နှင့်...
March 7, 2026
ဂျပန် အစိုးရသည် ဘင်္ဂလားဒေ့ရှ် တွင်နေထိုင်နေသော ရိုဟင်ဂျာ (Rohingya) ဒုက္ခသည်များအတွက်...
March 4, 2026
ဂျပန် (Japan) အစိုးရသည် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) နှင့် သဘောတူစာချုပ်အသစ်...
March 2, 2026
ကုလအတွင်းရေးမှူးချုပ် လက်ထောက် ခါလက် ခါရီ (Khaled Khiari)က တိုက်ပွဲကြားတွင် ရိုဟင်ဂျာများ...