သျှမ်းပြည်တွင် မဲပေးပိုင်ခွင့်ရှိသူ ၂၉ ရာခိုင်နှုန်းတိုးလာ

သျှမ်းပြည်တွင် မဲပေးပိုင်ခွင့်ရှိသူ ၂၉ ရာခိုင်နှုန်းတိုးလာ

နန်းဆိုင်ဖူး - ၂၀၂၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ၂၉ ရာခိုင်နှုန်းခန့် တိုးလာကြောင်း သျှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးထံ စုံစမ်းသိရှိရသည်။

၂၀၂၀ ခုနှစ် နိုဝင်ဘာလ မှာ ကျင်းပမည့် ပါတီစုံ ရွေးကောက်ပွဲသည် သျှမ်းပြည်တွင်းရှိ မဲပေးပိုင်ခွင့် ရှိသူ (၃၅) သိန်းကျော် ရှိပြီး ၂၀၁၅ ခုနှစ်ပါတီစုံ ရွေးကောက်ပွဲသည် မဲပေးပိုင်ခွင့်ရှိသူ ( ၃၁) သိန်းကျော်သာရှိကြောင်း သျှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး ဥက္ကဋ္ဌ ဦးထင်ကျော် က ပြောသည်။

“၂၀၁၅ ထက် ပိုတိုးလာတယ်လို့ ပြောလို့ရပါတယ်။ ၂၈.၈ % လောက် တိုးလာပါတယ်” ဟု ဦးထင်ကျော် က ပြောသည်။

သျှမ်းပြည်တွင်းရှိ ၂၀၂၀ ရွေးကောက်ပွဲတွင် ပထမအကြိမ် မဲပေးမည့် လူငယ်မှာ လက်ရှိ ၄ သိန်းကျော် ရှိကြောင်း သိရသည်။

“သျှမ်းပြည်နယ် အနေနဲ့ ပထမဆုံးအကြိမ် မဲပေးမယ့် လူငယ်က ၄ သိန်းကျော်ရှိပါတယ်။ မဲပေးမယ့် မသန်စွမ်းက ၄ ထောင်ကျော် ရှိပါတယ်” ဟု ဦးထင်ကျော်က ထပ်လောင်း ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲသည် ၂၀၁၅ ထက် မဲပေးပိုင်ခွင့်ရှိသူ တိုးသလို တပ်မတော်သားများနှင့် မိသားစုဝင်များသည်လည်း တပ်ပြင်ပသို့ မဲပေးမည်ဖြစ်ကြောင်း သိရသည်။

May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...
May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...