ဘူးသီးတောင်မြို့နယ်မှ ခမီးတိုင်းရင်းသား ၈ဝ ကျော် သေနတ်သံများကြောင့် ရွာကို စွန့်ခွာထွက်ပြေး

ဘူးသီးတောင်မြို့နယ်မှ ခမီးတိုင်းရင်းသား ၈ဝ ကျော် သေနတ်သံများကြောင့် ရွာကို စွန့်ခွာထွက်ပြေး

ခိုင်လူလှ (ရိုးမမြေ) - ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မြောက်ပိုင်း တရဂူ ကျေးရွာမှ ခမီးလူမျိုး ၈ဝ ကျော်ခန့်သည် ရွာအနီးက သေနတ်သံများထွက်ပေါ်လာသဖြင့် သူတို့နေထိုင်ရာ ကျေးရွာကို စွန့်ခွာပြီး ထွက်ပြေးလာကြသည်ဟု သတင်းရရှိသည်။

တရဂူ ကျေးရွာမှ ရပ်မိ ရပ်ဖ ဦးထွန်းသာဖြူက“ မနေ့က တပ်မတော် စစ်ကြောင်းတစ်ခုရောက်ပါတယ်။ ရွာအနီး သေနတ်ဖောက်တယ်။ တိုက်ပွဲတွေဖြစ်တယ်။ ဒါနဲ့ သေနတ်သံကြားတော့ တစ်ရွာလုံး ထွက်ပြေးလာကြလာပါတယ်။ အခုသရဖီကျေးရွာကို ရောက်နေကြပါတယ်” ဟု ပြောကြားသည်။

လောလောဆယ်တွင် သရဖီ ကျေးရွာတွင် လေးငါးရက်လောက်နေမည်ဖြစ်ကြောင်း၊ အခြေအနေကောင်းပါက သက်ဆိုင်ရာ တာဝန်ရှိသူများကို တင်ပြပြီး ပြန်ခွင့်ရက ရွာကို ပြန်မည်ဖြစ်ကြောင်း ပြောကြားသည်။

“ လောလောဆယ် ကျွန်တော်တို့ရွာက လူပေါင်း ၈ဝ ကျော် ထွက်ပြေးလာကြပါတယ်။ အကူအညီ လိုအပ်နေပါတယ်။ စားဝတ်နေရေး အခက်အခဲ ပါ။ အိမ်ကနေ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ထွက်ပြေးလာကြပါတယ်။ ဘာမှလည်း ပါမလာဘူး။ ဆန်၊ အဝတ်အစား၊ စောင် ဘာမှ ပါမလာပါဘူး” ဟု ဦးထွန်းသာဖြူက ပြောကြားသည်။

တရဂူ ကျေးရွာတွင် အိမ်ခြေ ၂၅ ဆောင်ခန့်သာရှိပြီး ခမီးလူမျိုးများနေထိုင်ကြကြောင်း၊ အနီးအနားရှိ သရဖီကျေးရွာနှင့် မိနစ် ၂ဝခန့်သာ ခြေဖြင့် သွားရသဖြင့် သရဖီကျေးရွာသို့ ထွက်ပြေးလာကြခြင်း ဖြစ်ကြောင်း၊ တရဂူ ချောင်းဖျားတွင် စစ်ကြောင်းတက်နေပြီး သေနတ်ပစ်ခတ်သံများကြားရကြောင်း၊ သို့အတွက် ကြောက်ပြီးထွက်ပြေးလာကြခြင်းဖြစ်ကြောင်း တစ်ခြားတရကူရွာသားတစ်ဦးဖြစ်သူ ဦးမောင်စိန်ကျော်က ပြောကြားသည်။

“ကျွန်တော်တို့ မွေးထားတဲ့ ကျွဲ၊နွားတွေ၊ ကြက်တွေ အကုန်လုံးရွာမှာကျန်နေခဲ့ပါတယ်။ မနေ့က ညနေ ၃နာရီလောက်မှာ သေနတ်သံတွေကြားတော့ ထွက်ပြေးလာကြပါတယ်။ အခု သရဖီရွာထဲက အိမ်တွေမှာ ခွဲဝေပြီးနေထိုင်နေကြပါတယ်” ဟု ပြောကြားသည်။

သရဖီကျေးရွာလူကြီးတစ်ဦးကလည်း သူတို့ရွာသားများအနေဖြင့် တစ်အိမ်ချင်းလိုက် ဆန်များကောက်ခံပြီး ကျွေးမွေးထားကြောင်း၊ သရဖီ ကျေးရွာသားများအနေဖြင့်လည်း ကိုယ်တိုင် တိုက်ပွဲဖြစ်မည်ကို ကြောက်နေကြရကြောင်း၊ ယနေ့မည်သို့ ဖြစ်လာမည်ကို အခြေအနေကို ကြည့်နေကြကြောင်း ပြောကြားသည်။

Most read this week

August 26, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ သဖန်ရောင်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်တွင်...
ဓာတ်ပုံ - (RFA / ပုံဟောင်း)
August 26, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်း တာဝန်ခံကို...
ဓာတ်ပုံ - JIM
August 25, 2026
မလေးရှားနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရခိုင်ရွှေ့ပြောင်းလုပ်သား အများအပြားမှာ...
August 25, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ စိမ်းညင်းဝကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ...