ဒေါက်တာအေးချမ်းဦးဆောင်အဖွဲ့မှ ရခိုင်သို့ သွားရောက်ပြီး စစ်ဘေးရှောင်များကို ဆန်အိတ်ပေါင်း ၁၃၄ဝ နှင့် ဆီ ပိဿာ ၂၂ဝဝ လှူဒါန်း

ဒေါက်တာအေးချမ်းဦးဆောင်အဖွဲ့မှ ရခိုင်သို့ သွားရောက်ပြီး စစ်ဘေးရှောင်များကို ဆန်အိတ်ပေါင်း ၁၃၄ဝ နှင့် ဆီ ပိဿာ ၂၂ဝဝ လှူဒါန်း

သမိုင်းပါမောက္ခဒေါက်တာအေးချမ်း ဦးဆောင်သောအဖွဲ့မှ ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင်များရှိရာ မြို့နယ် ၅ ခုသို့ ကိုယ်တိုင်သွားရောက်ပြီး ဆန်အိတ်ပေါင်း ၁၃၄ဝ နှင့် ဆီ ပိဿာ ၂၂ဝဝ ကို စစ်ဘေးရှောင်များသို့ လှူဒါန်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ယခုလှူဒါန်းသော ပစ္စည်းများမှာ ရခိုင်ရဟန်းရှင်လူ စေတနာရှင်များက စုပေါင်းလှူဒါန်းထားသော ပစ္စည်းဖြစ်ပြီး စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား မြို့နယ်တို့သို့ သွားရောက်လှူဒါန်းခဲ့သည်ဟု စစ်ဘေးရှောင်များကို ကိုယ်တိုင်သွားရောက် လှူဒါန်းရာတွင် ပါဝင်သူ ဦးမြင့်ကျော်က ပြောသည်။

“ကျနော်တို့က သတင်းအချက်အလက်တွေစုတယ်။ စခန်းအရေအတွက် ဘယ်လောက်ရှိသလဲ။ အိမ်ထောင်စု အရေအတွက်က ဘယ်လောက်ရှိသလဲ။ လူဦးရေ ကျား၊မ စုစုပေါင်း ဘယ်လောက်ရှိသလဲ ဆိုတာကို ကျနော်တို့က မြို့တိုင်းကို စာရင်းကောက်တယ်။ အဲဒီ စာရင်းတွေအရ လှူဖွယ်ပစ္စည်းများကို ခွဲဝေပြီး မြို့နယ် ၅ ခုကိုသွားပြီး လှူဒါန်းခဲ့ပါတယ် ” ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင်များ ခိုလှုံလျှက်ရှိသော မြို့နယ် ၉ မြို့နယ်ထဲမှ မြို့နယ် ၅ နယ်ကို ပထမအအကြိမ် အနေဖြင့် လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း၊ ယခု လှူဒါန်းမှုတွင် မပါဝင်ခဲ့သော မြို့နယ် ၄ မြို့နယ်ဖြစ်သည့် အမ်း၊ မြေပုံ၊ ရသေ့တောင်နှင့် ဘူးသီးတောင်မြို့နယ်တို့ကို ဒုတိယအကြိမ် လာရောက် လှူဒါန်းရန် အစီစဉ်လုပ်ထားကြောင်း ဦးမြင့်ကျော်က ဆက်ပြောသည်။

“ ၂ဝ၁၂ ပြဿနာဖြစ်တုန်းကဆိုရင် မြန်မာ့ပြည်မှရှိတဲ့ အားလုံးသူက ဝိုင်းဝန်းပြီးတော့ လှူကြတယ်။ သို့သော် အခုဖြစ်ပျက်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး လှူဒါန်းတာက ရခိုင်စေတနာရှင်တွေနဲ့ ရခိုင်နဲ့ အလွန်နီးစပ်တယ် လူတွေကဘဲ လှူကြတာပါ။ ရခိုင်က သဘာဝဘေး၊ စစ်ဘေး ဒုက္ခရောက်နေကြတဲ့သူတွေကိုတော့ ကျွန်တော်တို့ ပုံမှန်လှူနေကျပါ။ အခုလည်း အတိဒုက္ခရောက်နေကြတဲ့အခါ လာရောက်လှူဒါန်းတာဖြစ်ပါတယ် ” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်များခိုလှုံနေထိုင်လျက်ရှိသော မြို့နယ်များမှာ အမ်း၊ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ရသေ့တောင်နှင့် ဘူးသီးတောင်မြို့နယ်တို့ ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...
May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...