RCSS/SSA တပ်သား ၂၀ ထွက်ပြေးသည့်ကိစ္စ မဟုတ်မှန်ကြောင်း RCSS ပြော

RCSS/SSA တပ်သား ၂၀ ထွက်ပြေးသည့်ကိစ္စ မဟုတ်မှန်ကြောင်း RCSS ပြော

နန်းဆိုင်ဖူး - တပ်မတော် သတင်းမှန်ထုတ်ပြန်ထားသည့် RCSS/SSA တပ်သား ၂၀ ဦး ထွက်ပြေးသည့် သတင်းသည်မမှန်ကန်ကြောင်း ဗိုလ်မှူးကြီး စဝ်အုမ်ခေး က ပြောဆိုလိုက်သည်။

သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် RCSS/SSA မှ အတင်းအဓမ္မ လူသစ်စုဆောင်ပြီး လွိုင်တိုင်းလျန်း တွင် တပ်သားသစ် သင်တန်းတက်နေသည့် သူများအနက် သင်တန်းသား ၂၀ ဦး ထွက်ပြေးခဲ့ကြောင်း ဇွန် ၂၄ရက်စွဲဖြင့် တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က ထုတ်ပြန်ခဲ့သည်။

ထိုထုတ်ပြန်ချက်ထဲတွင် ထွက်ပြေးလာသည့် RCSS/SSA တပ်သား ၂၀ဦးကို သျှမ်းပြည် အရှေ့ပိုင်း တာဖာလိုင်ဒေသ တွင် “ဝ” သွေးစည်းညီညွတ်ရေး တပ်ဖွဲ့ (UWSA) ကယာယီ ထိန်းသိမ်းထားပြီး ဇူလိုင် ၂၃ ရက် ညပိုင်းက တာချီလိတ်မြို့ရှိနယ်မြေခံတပ် သို့လာရောက် အပ်နှံခဲ့ကြောင်း ရေးသားထားသည်။

အဆိုပါ သတင်းသည် လုံးဝမှန်ကန်မှုမရှိကြောင်း၊ RCSS/SSA၏ ဂုဏ်သိက္ခာကို ဖျက်ဆီးသည့် သတင်းဖြစ်ကြောင်း RCSS/SSA မှပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လုံးဝ မဟုတ်မမှန်တဲ့ လုပ်ကြံတဲ့ သတင်းဖြစ်တယ်။ တဖက်သားရဲ့ နာမည် ဂုဏ်သိက္ခာ အဖွဲ့အစည်းတစ်ခု ရဲ့ ဂုဏ်သိက္ခာကိုဖျက်ဆီးရာ ဖျက်ဆီးကြောင်း ရည်ရွယ်ချက် ရှိရှိနဲ့ လုပ်တာလား လို့ သံသယ စိတ်တောင် ဝင်မိတယ်” ဒု ဗိုလ်မှူးကြီး စဝ်အုမ်ခေး ကဆိုသည်။

၎င်း သတင်းမျိုး မကြာခဏ ထုတ်ပြန်လျှင် ငြိမ်းချမ်းရေး တည်ဆောက်နေသည့် ကာလမှာ ထိခိုက်နိုင်ခြင်း၊ NCA စာချုပ် ချိုးဖောက်ရာ ရောက်ကြောင်း၊ JMC တွင် သဘောတူညီမှု ရထားသည့်ကိစ္စလည်း ချိုးဖောက်ရာ ရောက်ကြောင်း ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး က ပြောဆိုလိုက်သည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး UWSA ၏ ပြန်ကြားရေး နှင့် ဆက်ဆံရေး တာဝန်ခံ ဦးညီရမ်းကိုဆက်သွယ်မေးမြန်းရာ “ အဲ့ဒီကိစ္စနဲ့ ကျနော်က ခရီးလွန်နေလို့ မသိရဘူး။ မကြားရသေးဘူး” ဟု သျှမ်းသံတော်ဆင့် ကိုပြောသည်။

RCSS/SSA သည် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူညီစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် အဖွဲ့တဖွဲ့ဖြစ်ပြီး လက်ရှိအချိန်ထိ အစိုးရနှင့် အတူ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆွေးနွေးပွဲ မကြာခဏ ပြုလုပ်နေသည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...
May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...