ကျောက်ဖြူလိပ်ခမော်ကျေးရွာကလူငယ်တစ်ဦးဖမ်းဆီးခေါ်ဆောင်ခံရ

ကျောက်ဖြူလိပ်ခမော်ကျေးရွာကလူငယ်တစ်ဦးဖမ်းဆီးခေါ်ဆောင်ခံရ

ခိုင်လူလှ - ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာမှ လူငယ် တစ်ဦးကို တပ်မတော် စစ်ကြောင်း တစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

၎င်းလူငယ်မှာ ဦးမောင်သန်းစိန်၊ ဒေါ်မမူသန်းတို့၏သား အသက် ၂ဝ အရွယ် မောင်ဘိလပ်ဆိုသည့် လူငယ်ဖြစ်ကြောင်း ကျေးရွာ ရာအိမ်မှူးက ပြောကြားသည်။

“ သူတို့ဖမ်းတာက သုံးယောက်ပါ။ နာမည်အရင်းတွေလည်း မရပါ။ ရပ်မှာခေါ်တာ ဘိလပ်ရယ်၊ နောက်နှစ်ယောက်က မောင်ကုလားနဲ့ မောင်စင်းကြီးလို့ ခေါ်ပါတယ်။ သူတို့ သုံးယောက်ထဲက နှစ်ယောက်ကို ပြန်လွှတ်ပေးခဲ့ပြီး မောင်ဘိလပ်ကိုတော့ ခေါ်သွားပါတယ်။ ကျွန်တော်ကို ဘုန်းတော်ကြီးကျောင်းကိုခေါ်လို့ လွှတ်ပေးလိုက်တဲ့ ကောင်လေး နှစ်ယောက်ကို လက်ခံခဲ့ရပါတယ်။ သူတို့နဲ့ အတူ ကျွန်တော်ကိုပါ ဓာတ်ပုံရိုက်ပါတယ်” ဟု ပြောသည်။

မောင်ဘိလပ်ကိုမည်သည့်နေရာသို့ ခေါ်ယူသွားခြင်းကို မသိရသေးသော်လည်း မိသားစုများက တွေ့ဆုံရန် ကျောက်ဖြူသို့ လိုက်သွားကြသည်ဟု သူက ပြောဆိုသည်။

“ စစ်တပ်က ရွာအနီးကို ရောက်နေတာ တစ်ရက်နှစ်ရက်ရှိပါကြီ။ မနေ့က ညနေ ၇ နာရီလောက်မှာ ကောင်လေး နှစ်ယောက်ကို လွှတ်ပေးပြီး ည ၈ နာရီလောက်မှာ ရွာက ထွက်သွားကြပါတယ်။ အဲဒီ ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ကောင်လေးက ကြက်ခြံ လုပ်နေပါတယ်။ ဖုန်းထဲက အေအေ ဓာတ်ပုံတွေတွေ့တယ်။ အဲသလိုမျိုး ပြောပါတယ်” ဟု ပြောကြားသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့သို့ ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပါ။

ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က “ လိပ်ခမော်မှာ အဖမ်းအဆီးသတင်းတော့ ရပါတယ်။ နောက်ဆုံးတစ်ယောက်ကို ခေါ်သွားတယ်ဆိုတာတော့ အတည်ပြုနိုင်ပါတယ်။ မလကျွန်းအုပ်ချုပ်ရေးမှူးကို ဖုန်းဆက်သွယ်တော့ လိပ်ခမော်က တစ်ယောက် ဖမ်းခေါ်သွားတယ်လို့ ပြောပါတယ်” ဟု ပြောကြားသည်။

အလားတူ ရေနံတွိန်ကျေးရွာမှလည်း ဇူလိုင် ၁၁ ရက် အမျိုးသမီး ၃ ဦးနှင့် အမျိုးသား နှစ်ဦးတို့ ဖမ်းဆီးခံထားရသည်။ ကျောက်ဖြူမြို့နယ်၊ ကပ်သပြေကျေးရွာမှ လူငယ် ၇ ဦးကိုမူ အကြမ်းဖက်မှုနှင့် အမှု ဖွင့်ထားပြီး ရမန်ယူထားကြောင်း ကျောက်ဖြူရဲစခန်းမှ အတည်ပြု ပြောကြားသည်။

ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...
May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...