AA ကို ရိက္ခာထောက်ပံ့ပြီး လူသစ်စုဆောင်းပေးသည်ဆိုသည့် သံသယဖြင့် ၂လနီးပါးဖမ်းဆီးခံခဲ့ရသည့် ကျောက်ဖြူမြို့ကားအသင်းဥက္ကဋ္ဌ ပြန်လွတ်လာ

AA ကို ရိက္ခာထောက်ပံ့ပြီး လူသစ်စုဆောင်းပေးသည်ဆိုသည့် သံသယဖြင့် ၂လနီးပါးဖမ်းဆီးခံခဲ့ရသည့် ကျောက်ဖြူမြို့ကားအသင်းဥက္ကဋ္ဌ ပြန်လွတ်လာ

အိမ်စိုးဖြူ - AA ကို ရိက္ခာထောက်ပံ့ပြီး လူသစ်စုဆောင်းပေးသည်ဆိုသည့် သံသယများဖြင့် စစ်တပ်ထဲတွင် ၂ လနီးပါး ဖမ်းဆီးခံခဲ့ရသည့် ကျောက်ဖြူမြို့ကားအသင်းဥက္ကဌ ဦးကျော်အေးသန်း(၄၇) မှာ ဇူလိုင် ၂၃ ရက်နေ့ည ၇ နာရီခန့်တွင် ပြန်လွတ်လာကြောင်းသတင်းရရှိသည်။

ဦးကျော်အေးသန်းအား မတ်လ ၂၇ ရက်နေ့က တပ်မတော်၊ ရဲနှင့် ထွေအုပ်တို့ပါဝင်သော ပူးပေါင်းတပ်ဖွဲ့က ကျောက်ဖြူမြို့အထွက် ကျောက်တလုံးဂိတ်တွင် ဖမ်းဆီးခဲ့ပြီး ရဲတပ်ဖွဲ့သို့ မလွှဲပြောင်းဘဲ ကျောက်ဖြူမြို့ အခြေစိုက် တပ်ရင်း ၃၄ တွင် ၂ လနီးပါး ထိန်းသိမ်း စစ်ဆေးခံခဲ့ရသည်ဟု ၎င်း၏ ဇနီးဖြစ်သူ ဒေါ်တင်သိန်းထွေးကပြောသည်။

“အေအေတို့နဲ့ပတ်သက်တယ်ဆိုပြီးဖမ်းသွားတာပါ။ အပြစ်မရှိလို့ ပြန်လွှတ်ပေးတာလို့ပြောတယ်။ ပြန်လွတ်လာတာကိုပဲ ကျေးဇူးတင်ပါတယ်။ ဘာဆက်လုပ်ဖို့ရှိမလဲဆိုတော့ သူပဲသိမယ်။ ကျွန်မကတော့ ပျော်တာပဲသိတယ်” ဟု သူမကပြောသည်။

ကာယကံရှင်ဖြစ်သူ ဦးကျော်အေးသန်းကလည်း ၂ လနီးပါးကြာအောင် မိသားစုနှင့် အဆက်အသွယ်မရဘဲ အခန်းတစ်ခုထဲတွင် နေခဲ့ရပြီး စစ်ဆေးမေးမြန်းခံခဲ့ရကြောင်းပြောကြားသည်။

“ကျွန်တျောမှာက မိသားစုကို ရှာကျွေးနေရတာပါ။ ဘာမှ ပြန်မလုပ်တော့ပါဘူး။ မနေ့က သူတို့ရဲစခန်းမှာ ကျွန်တော်ကို အပ်ပြီး အိမ်ကိုပြန်ပို့ပေးတာပါ။ ဖမ်းတုန်းကတော့ အေအေကို ရိက္ခာထောက်ပံ့တယ်၊ လူသစ် စုဆောင်းတယ်ဆိုပြီး သံသယနဲ့ဖမ်းတာပါ။ မေးစရာရှိလို့ဆိုပြီးပေါ့။ ကျောက်ဖြူညီလာခံမှာ ဘာတွေ ဟောပြောကြလဲဆိုတာတွေလည်းမေးတယ်။ ကျွန်တော်ကတော့ အဲဒီတုန်းက လာတဲ့ဧည့်သည်တွေကို လုံခြုံရေးယူပေးရတာပဲရှိတာကို” ဟု ဦးကျော်အေးသန်းကပြောသည်။

ဦးကျော်အေးသန်းမှာ ကျောက်ဖြူကားအသင်း ဥက္ကဌတစ်ဦးဖြစ်သလို လူမှုရေးလုပ်ငန်းများ၊ ကိုဗစ်ရောဂါကာကွယ်ရေးလုပ်ငန်းများကို တတ်ကြွစွာပါဝင်လုပ်ဆောင်နေသူဖြစ်ကြောင်း သိရသည်။

ကျောက်ဖြူမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က “ဒီဟာက မလုပ်သင့်ဘူးလို့မြင်တယ်။ ဒီလိုသာသံသယနဲ့ခေါ်လို့ ဖမ်းဆီးနေမယ်ဆိုလို့ရှိရင် ရပ်ရွာတွေမှာ လူလည်း တစ်ယောက်မှ ကျန်မှာမဟုတ်ဘူး။ အဆုံးစွန်ထိမြင်တာက လူငယ်တွေ၊ လူလတ်ပိုင်းတွေအကုန်လုံး ထွက်ပြေးသွားလို့ရှိရင် နောက်မလိုလားအပ်တဲ့ ဆိုးကျိုးတွေပိုလို့ဖြစ်လာမယ်လို့ထင်တယ်။ လူတစ်ယောက်ကို ဖမ်းမယ်ဆိုရင် သက်သေခံအတိအကျနဲ့ရှိရမယ်။ အခုကဒီလိုမဟုတ်ဘူး။ လုပ်ချင်သလို လုပ်နေကြတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် အေအေနှင့် မြန်မာတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၂ နှစ်နီးပါးရှိလာပြီဖြစ်ပြီး အပြစ်မဲ့ အရပ်သားပြည်သူများ သေဆုံးသူ ၂ဝဝ ကျော်၊ ဒဏ်ရာရရှိသူ ၅ဝဝ ကျော်ရှိနေသလို သံသယဖြင့် ဖမ်းဆီးထိမ်သိမ်းခံနေရသူများ၊ တရားစွဲဆိုခံရပြီး အမှုရင်ဆိုင်နေရသူလည်း အများအပြားရှိနေကြောင်း သိရသည်။

April 20, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို အကြမ်းဖက်စစ်‌ကော်မရှင်လေတပ်က ဧပြီ (...
April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...