ကိုယ်စားလှယ်လောင်းစာရင်း မကြာမီ ထုတ်ပြန်မည်ဟု မွန်ညီညွတ်ရေး ပါတီပြော

ကိုယ်စားလှယ်လောင်းစာရင်း မကြာမီ ထုတ်ပြန်မည်ဟု မွန်ညီညွတ်ရေး ပါတီပြော

မွန်ညီညွတ်ရေးပါတီက ဇူလိုင်လနောက်ဆုံးအပတ်တွင် ကိုယ်စားလှယ်လောင်းများစာရင်းကို ထုတ်ပြန်သွားမည်ဟု ပါတီ တာဝန်ရှိသူ က ပြောသည်။

ကိုယ်စားလှယ်လောင်းများကို မြို့ နယ်အဆင့် ကိုယ်စားလှယ်လောင်းရွေးချယ်ရေးအဖွဲ့တို့မှ ရွေးချယ်ထားသည်ကို ဗဟိုအဆင့် ကိုယ်စားလှယ်လောင်းရွေးချယ်ရေးအဖွဲ့တို့က အပြီးသတ် စိစစ်ရွေးချယ်ကာ ဗဟို အလုပ် အမှုဆောင်ကော်မတီ အတည်ပြုချက် ယူရမည်ဖြစ်သည်။

မွန်ညီညွတ်ရေး ပါတီ တွဲဖက်အတွင်းရေးမှူး (၂) နိုင်စံတင် က “သတ်မှတ်ထားတဲ့အတိုင်း နယ်ကနေ ၁၅ ရက် နေ့နောက်ဆုံး ပေးပို့ရမယ်ဆိုတဲ့ဟာ မြို့ နယ်ကတော့ ၁၅ ရက်နေ့မတိုင်ခင် အားလုံး ပို့လာပါတယ်၊ ၂၀ ရက် နေ့ဖြတ်မယ်လို့ပြောထားပေမယ့် ပါတီတာဝန်နဲ့ ခရီးသွားတဲ့လူတွေရှိနေတဲ့အခါကျတော့ ချက်ချင်း မထိုင်နိုင် ဘူး။ ၁၆ ရက်နေ့ ထိုင်ရင်တော့ ပြီးပြတ်သွားပြီ။ ၁၈ ရက်နေ့မှ ထိုင်ရတဲ့အခါကျတော့ ကိုယ်စားလှယ်လောင်းရွေးတာ မပြီးပြတ်နိုင်ဘူး ဗဟိုမှာ” ဟု ပြောသည်။

စိစစ်ရွေးချယ်ထားသည့် ကိုယ်စားလှယ်လောင်းများ စာရင်းကို ဗဟိုအလုပ်အမှုဆောင်ကော်မတီများ၏ အတည်ပြုချက် ရယူပြီး ဇူလိုင် ၂၅ ရက်နေ့တွင် ထုတ်ပြန် သွားမည်ဟု နိုင်စံတင် က ဆက်ပြောသည်။  

အရည်အချင်းသတ်မှတ်ချက် (၁၉) ချက်ဖြင့်  ကိုယ်စားလှယ်လောင်းများကို ရွေးချယ်မည်ဖြစ်ပြီး အရည်အချင်းသတ်မှတ်ချက်တူညီပါက အမျိုးသမီးနှင့် လူငယ်ကိုယ်စားလှယ်လောင်းများ ကို ဦးစားပေး ရွေးချယ်သွားမည်ဟုလည်း ပါတီခေါင်းဆောင်များက ပြောသည်။

မွန်ညီညွတ်ရေးပါတီသည် လာမည့် ရွေးကောက်ပွဲတွင် ပြည်နယ်နှင့် တိုင်း ၅ ခုတို့တွင် ကိုယ်စားလှယ်လောင်း အနည်းဆုံး ၅၅ နေရာဝင်ရောက်ယှဉ်ပြိုင်ရန် လျာထားသည်ဟု ပါတီ  ခေါင်း  ဆောင်များ က ပြောသည်။

မွန်ညီညွတ်ရေးပါတီသည် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီနှင့် မွန်အင်အားစုတို့ ပူး  ပေါင်း ဖွဲ့စည်းထားသည့်ပါတီဖြစ်သည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ပြည်ထောင်စုတစ်ဝှမ်းလုံးတွင် စည်းရုံးမည့် နိုင်ငံရေးပါတီအဖြစ်  ရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၉ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့ ရက်စွဲ ဖြင့် မွန်ညီညွတ်ရေးပါတီကို မှတ်ပုံတင် ခွင့်ပြုခဲ့သည်။

Most read this week

August 26, 2026
နယ်မြေစိုးမိုးရေးနှင့် ပိတ်ဆို့ရေးအတွက် စစ်ကြောင်းထိုးလာသည့် စစ်တပ်စစ်ကြောင်းကို...
August 26, 2026
စစ်အုပ်စုက ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် စစ်တပ်က အင်အား ရာချီ...
ဓာတ်ပုံ - Naw Tu Aung
August 26, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် လက်အောက်ခံ ဝါရာဇွပ်ပြည်သူ့စစ်၊ ရှမ်းနီတပ် (...
ဓါတ်ပုံ - (ပုံဟောင်း - Crd)
August 25, 2026
ဧရာဝတီတိုင်း၊ ရခိုင်ရိုးမနှင့် တဆက်တည်းရှိသည့် ရေကြည်မြို့နယ်၊ တောင်ခြေသစ်တောကြိုးဝိုင်း အစပ်...