အဓမ္မပြုကျင့်ရန် ဆွဲရမ်းခံရသည့် စစ်ရှောင်မသန်စွမ်းအမျိုးသမီး ရိုးရာအရ ကျေးအေးပေးရ

အဓမ္မပြုကျင့်ရန် ဆွဲရမ်းခံရသည့် စစ်ရှောင်မသန်စွမ်းအမျိုးသမီး ရိုးရာအရ ကျေးအေးပေးရ

သျှမ်းပြည်မြောက်ပိုင်းကွတ်ခိုင် စစ်ရှောင်စခန်းတွင်နေထိုင်သည့် မသန်စွမ်း အမျိုးသမီးတဦးကို အမျိုးသားတဦးက အဓမ္မပြုကျင့်ရန်ကြိုးစားခဲ့ပြီး ရိုးရာထုံးတမ်းအရ ကျေအေးလိုက်ရကြောင်း စုံစမ်းသိရသည်။

ဇူလိုင်လ ၉ ရက် မွန်းလွှဲ ၁ နာရီခွဲက ကွတ်ခိုင် မြို့ စစ်ရှောင်စခန်းတွင်နေထိုင်သည့် အမျိုးသမီး တဦးကို ရပ်ကွက် (၁)တွင်နေထိုင်သည့် အမျိုးသားတဦးက လာရောက်ပြီး အတင်းအဓမ္မပြုကျင့်ရန် ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း၊ ထိုကိစ္စကို ရိုးရာအရ ကျေးအေးလိုက်ရကြောင်း စစ်ရှောင်စခန်း တာဝန်ခံ ဒေါ်ဘောက်တောင် က ပြောသည်။

“ အတင်းအဓမ္မပြုဖို့ ကြိုးစားတာပါ။ မပြုကျင့်သေးဘူး။ ရိုးရာ အရ ကျေအေးတယ်ဆိုတာကလည်း နှစ်ဖက် မိဘတွေ သဘောဆန္ဒအရပါ။ကျမတို့ သဘောဆန္ဒ အရမဟုတ်ပါဘူး” ဟု စစ်ရှောင်စခန်း တာဝန်ခံ ဒေါ်ဘောက်တောင် က ဆိုသည်။

အဆိုပါ မသန်စွမ်းအမျိုးသမီးကို အတင်းအဓမ္မပြုကျင့်ရန် ကြိုးစားသည့် အမျိုးသားသည် အရက်သေစာ သောက်ထားသောကြောင့်ဖြစ်သည်ဟုဆိုကာ အမျိုးသား၏ ဆွေမျိုးမိဘများက လာရောက်တောင်းပန်ကာ ဝန်ခံကတိပြုခဲ့ပြီးနောက် အမျိုးသမီးဘက်ကလည်း ရိုးရာ အရ ကျေအေးလိုက်ကြောင်း ဒေါ်ဘောက်တောင် က ထပ်လောင်းပြောသည်။

ထိုသို့တောင်းပန်ရာတွင် မုဒိမ်းမှု ကျူးလွန်ရန် ကြိုးစားသည့် အမျိုးသားဘက်မှ ထုံးတမ်းအစဉ်အလာအရ စခန်း အတွင်း ဝင်ရောက်မှု၊ အိမ်တွင်း ဝင်ရောက်မှု နှင့် ရပ်ကွက် အတွင်း ကျူးကျော်ဝင်ရောက်မှုအတွက် ဒဏ်ငွေ တသိန်းခွဲနှင့် အမျိုးသမီး အတွက် ကျပ်တသိန်း ပေးဆောင်ကာ အမှုကျေးအေးခဲ့ကြောင်း စုံစမ်းသိရသည်။

ထိုသို့ထပ်မံမဖြစ်ပွါးစေရေးအတွက် အဆိုပါ စစ်ရှောင်စခန်း၏ လုံခြုံရေး အား ယခင်ကထက်များစွာ ပြုလုပ်ရန် လိုအပ်ကြောင်း၊ အပြင်လူဝင်ပါက စစ်ဆေးမှုများ ပြုလုပ်နေကြောင်းလည်း ၎င်း တာဝန်ခံ က ပြောသည်။

May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...
May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...