မိုင်းဆတ်မြို့နယ် ကျပ်သိန်း ၈ထောင်ကျော် မူးယစ်ဆေး ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ

မိုင်းဆတ်မြို့နယ် ကျပ်သိန်း ၈ထောင်ကျော် မူးယစ်ဆေး ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ

Nang Seng Nom - သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်မြို့ နယ်အတွင်း ငွေကျပ်သိန်း ၈ထောင်ကျော် တန်ဖိုးရှိမူးယစ်းနှင့် မူးယစ်ဆေး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိကြောင်း စုံစမ်းသိရသည်။

အဆိုပါ မူးယစ်းဆေးနှင့် ဆက်စပ်သည့် ပစ္စည်းများသည် မိုင်းဆတ်မြို့နယ် မိုင်းတွမ်းတောင်ပေါ် ကျေးရွာအုပ်စု၊ ပလောင်ပူတွန်းကျေးရွာ အနောက်ဘက် လျှိုအအတွင်း ဇူလိုင် ၇ ရက်နှင့် ဇူလိုင် ၈ ရက်တွင် နယ်မြေ ရှင်းလင်းရေး ပြုလုပ်ရာ ငွေကျပ် (၈၁၇၂)ကျော် သိမ်းဆည်းရမိကြောင်း သိရသည်။

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်၊ မိုင်းဆတ်မြို့နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှု များ တနှစ်ထက် တနှစ်ပိုများလာကြောင်း သျှမ်းရှေ့ဒေသခံများပြောပြချက် အရသိရသည်။

သျှမ်းရှေ့ တွင် မူးယစ်ဆေးဝါး ဆက်စပ်ပြုလုပ်သူ အများစု သည် ပြည်သူ့စစ်များဖြစ်ကြောင်းလည်း အမည်မဖော်လိုသည့် မိုင်းဖြတ်ဒေသခံတဦး ကပြောသည်။

“ မူးယစ်ဆေး ထုတ်လုပ်တဲ့စက်ရုံတွေ၊ နောက်မူးယစ်ဆေး ဖမ်းဆီးရမိများရင် ပိုင်ရှင်မဲ့ပါပဲ။ ဒီဘက်မှာ က ဘယ်သူ ဘာလုပ်နေလဲဆိုတာ သိကြပါတယ်။ တနှစ်တနှစ်ကတော့ မူးယစ်ဆေးပိုများလာတယ်” ဟု တာချီလိတ်ဒေသခံ စိုင်းတစ် က ပြောသည်။

သိမ်းဆည်းရမိသည့် မူးယစ်ဆေးများမှာ WY စာတမ်းပါ စိတ်ကြွဆေးပြား၊ စိတ်ကြွဆေးမှုန့်၊ ကဖင်းဟု ယူဆရသည်အဖြူရောင်အမှုန့်၊ မျောက်တံဆိပ်ဆေးရည်၊ GX -200 Honda အနီရောင် လက်ဆွဲမီးစက် တလုံး၊ Gx-180 လက်ဆွဲမီးစက် ၈လုံး နှင့် ဂတ်စ်အိုးဟောင်း ၂လုံး တို့ကို ပိုင်ရှင်မဲ့သိမ်းဆည်းရမိကြောင်း မူးယစ်ရဲ ထုတ်ပြန်ချက် အရ သိရသည်။

အဆိုပါ သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါး နှင့် မူးယစ်ဆေးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို မူးယစ်တပ်ဖွဲ့ စု (၂၉ ) သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး မိုင်းတွမ်းနယ်မြေ ရဲစခန်းတွင် မယ(ပ) ၃၇/၂၀၂၀ ၊ မူး/စိတ် ပုဒ်မ-၁၆ (ခ)/ ၁၉ (က) နှင့် မယ(ပ)၃၈/၂၀၂၀၊ မူး/ စိတ် ပုဒ်မ- ၁၆ (ခ) တို့ဖြင့် အမှုဖွင့် ဆောင်ရွက်ထားပြီး တရားခံ ဖမ်းဆီးရမိရေး စုံစမ်းနေကြောင်း သိရသည်။

ယခုနှစ်အတွင်း သျှမ်းပြည် မြောက်ပိုင်းကွတ်ခိုင်မြို့နယ်တွင် ကျပ်သိန်း ဘီလီယံ ၄၁၄ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး နှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများကို သိမ်းဆည်းရမိသော်လည်း ယနေ့တိုင် တရားခံ မမိသေးပေ။

January 12, 2026
သျှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ စစ်ကောင်စီ ရွေးကောက်ပွဲတွင် စစ်တပ် ကြိုတင်မဲကြောင့်...
January 9, 2026
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၂) အတွက်...
January 9, 2026
သျှမ်းပြည် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/...
January 8, 2026
သျှမ်းပြည် တန့်ယန်းမြို့တွင် ရွေးကောက်ပွဲ၌ မဲမထည့်သူများကို ခရီးသွားလာခွင့် ကန့်သတ်မည်ဟု...