လုပ်ငန်းများအတွက် အရေးကြီးကိစ္စဖြင့် လာရောက်လိုသည့် တရုတ်နိုင်ငံသားများကို ပြည်ဝင်ခွင့်ပေးမည်

လုပ်ငန်းများအတွက် အရေးကြီးကိစ္စဖြင့် လာရောက်လိုသည့် တရုတ်နိုင်ငံသားများကို ပြည်ဝင်ခွင့်ပေးမည်

မြန်မာနိုင်ငံကို အရေးကြီးကိစ္စဖြင့်လာရောက်လိုသည့် တရုတ်နိုင်ငံသားများကို အထူးစီမံချက်ဖြင့် ပြည်ဝင်ခွင့်ပြုသွားရန် စီစဉ်ထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ဇံက မဇ္ဈိမကို ပြောသည်။

စီးပွားရေးလုပ်ငန်း၊ စီမံကိန်းလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် ဌာနဆိုင်ရာလုပ်ငန်းများအကောင်အထည်ဖော်ရေး အရေးတကြီးလာရောက်လိုသည့် နိုင်ငံခြားသားများကို မြန်မြန်ဆန်ဆန်ကွာရန်တင်းဝင်ပြီး လုပ်ငန်းခွင်ဝင်နိုင်ရေးအစီအမံ (Fast Track) ဖြင့် ပြည်ဝင်ခွင့်ပြုမည်ဖြစ်ကြောင်းသိရသည်။

Fast Track နည်းလမ်းဖြင့် လာရောက်မည့်သူများအနေဖြင့် ကယ်ဆယ်ရေးလေယာဉ်၊ အထူးလေယာဉ်များဖြင့်ဖြစ်စေ၊ စင်းလုံးငှားလေယာဉ်ဖြင့်ဖြစ်စေလာရောက်နိုင်မည်ဖြစ်သည်။

 

" ကိုဗစ်ကတော့လည်း မပြီးပြတ်သေးဘူး။ သို့သော်လည်း စီးပွားရေးလုပ်ငန်းတွေ ပြန်လည် လည်ပတ်ဖို့ မလွဲမသွေလာရောက်ရမယ့်ဟာတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေရော၊ ပညာရှင်တွေရော သူတို့က ဒီမှာ ကိုဗစ်ကာလမှာ ကွာရန်တင်းအနေနဲ့ ပုံမှန်ဝင်မယ်ဆိုရင်၊ ပုံမှန်လမ်းကြောင်းက ဝင်မယ်ဆိုရင် သူတို့အနေနဲ့ လုပ်ငန်းခွင်ဝင်ဖို့ နှောင့်နှေးမှုရှိမှာစိုးလို့ Fast Track (အမြန်လမ်းကြောင်း) ပေါ့။ လျှင်လျှင်မြန်မြန်နဲ့ လွယ်ကူသက်သာစွာနဲ့ ဝင်နိုင်ဖို့အတွက် ကွာရန်တင်းအစီအမံပါပဲ” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ဇံက ပြောသည်။

Fast Track နည်းလမ်းဖြင့် မြန်မာနိုင်ငံသို့ သွားရောက်လိုသော တရုတ်နိုင်ငံသားများအနေဖြင့် အဆိုပြုလျှောက်ထားနိုင်ကြောင်းနှင့် ပြည်ဝင်ခွင့်ဗီဇာရရှိရေး စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဘေကျင်းအခြေစိုက် မြန်မာသံရုံးက ထုတ်ပြန်ထားသည်။

အထူးအစီအစဉ်ဖွင့်ပေးခြင်းကို ကျန်နိုင်ငံများအတွက်လည်း ဆက်လက်တိုးချဲ့လုပ်ကိုင်သွားမည်ဟု သိရသည်။

အဆိုပါအစီအစဉ်ဖြင့် လာရောက်လိုသူများအနေဖြင့် သက်ဆိုင်ရာနိုင်ငံမှ လေယာဉ်ပေါ်မတက်မီ သုံးရက်အတွင်း COVID-19 ရောဂါပိုးမရှိကြောင်း ဆေးစစ်ချက်ထောက်ခံစာပါရမည်ဖြစ်ပြီး မြန်မာနိုင်ငံ၌ ကွာရန်တင်း (Facility Quarantine) ဝင်ရမည်ဖြစ်သည်။ ကွာရန်တင်းဝင်ပြီး နောက်တစ်ရက်တွင် နှာခေါင်းတို့ဖတ်ယူစစ်ဆေးမည်ဖြစ်ပြီး ငါးရက်အကြာတွင် နောက်တစ်ကြိမ်ထပ်စစ်ဆေးပြီးနောက်  COVID-19ရောဂါပိုးမရှိမှသာ လုပ်ငန်းခွင်ဝင်ခွင့်ပြုမည်ဖြစ်သည်။

ကျန်းမာရေးစစ်ဆေးမှုအတွက် ကုန်ကျစရိတ်ကိုလည်း မိမိစရိတ်ဖြင့်ကျခံရမည်ဖြစ်သည်။

မြန်မာအစိုးရက COVID-19 ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ပုံမှန်ခရီးစဉ်လမ်းကြောင်းပြေးဆွဲသော လေကြောင်းလိုင်းများကို ဇူလိုင်လကုန်အထိ ပိတ်ပင်ထားသည်။

 

Most read this week

ဓာတ်ပုံ - Thazin Nyunt Aung (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် လွှတ်တော်ကိုယ်စား လှယ်ဟောင်း ဦးဖြိုးဇေယျာသော်။
August 19, 2026
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် ဖမ်းဆီး...
ဓာတ်ပုံ - စစ်အုပ်စုလက်အောက်ခံ ပြည်သူ့စစ် (မလှိုင်မြို့နယ်နှင့် ဆက်သွယ်နေသည့် မိတ္ထီလာမြို့အဝင်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စစ်အုပ်စုတပ်က ယာဉ်များကို စစ်ဆေးနေစဉ်။)
August 19, 2026
မြင်းခြံ-ရန်ကုန် ခရီးသွား (Express) မော်တော်ယာဉ်များကို မလှိုင်မြို့ စစ်အုပ်စုဂိတ်က တားဆီးစစ်ဆေး...
ဓာတ်ပုံ - မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့ကို ပြီးခဲ့သည့် ဇူလိုင်လအတွင်း က တွေ့ရစဉ်။ / မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေး
August 18, 2026
အာဏာသိမ်းကာလအတွင်း စစ်အုပ်စုတပ် လက်လွှတ်ဆုံးရှုံးခဲ့ရသည့် မြိုင်မြို့နယ်၊ ဝဲတူးရေနံမြေအတွင်းသို့...
ဓာတ်ပုံ - မဇ္ဈိမ
August 18, 2026
ကချင်ပြည်အတွင်း မြေရှားသတ္တုတူးဖော်သည့်နေရာ ၅၁၄ ခုအထိ ရှိလာပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး...