မူဆယ်တွင် အမျိုးသားတဦး သေနတ်ပစ်သတ်ခံရ

မူဆယ်တွင် အမျိုးသားတဦး သေနတ်ပစ်သတ်ခံရ

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့ ကောင်းမူးတုံရပ်ကွက် တွင် ဇူလိုင် ၂ ရက်ညပိုင်း၌ အမျိုးသားတဦး သေနတ်ပစ်ခံရကြောင်းစုံစမ်းသိရသည်။

ဖြစ်စဉ်မှာ ည ၉ နာရီ ဝန်းကျင်တွင် ကောင်းမူးတုံရပ်ကွက် ဟိုနားဘုန်းကြီးကျောင်း ဘေးလမ်းတွင် အသက် ၂၅နှစ် အရွယ် ရှိ အမျိုးသားတဦးမောင်းလာသည့် ဆိုင်ကယ်နောက်ကို အမည်မသိ သူ ၂ဦး က လိုက်လံ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြောင်း မူဆယ်ဒေသခံများပြောပြချက် အရသိရသည်။

“ အသက် ၂၅နှစ် ကောင်လေးမောင်းလာတဲ့ဆိုင်ကယ်နောက်ကို ဆိုင်ကယ်တစီး နဲ့ လူ ၂ယောက်က လိုက်ပြီး သေနတ်နဲ့ ပစ်ပြီး ထွက်ပြေးသွားတယ်။ ကောင်လေးကတော့ အဲ့မှာပဲ သေသွားတယ်” ဟု မျက်မြင်တွေ့ရှိသည့် ကိုလွင် ကသျှမ်းသံတော်ဆင့်ကို ပြောသည်။

သေနတ်ပစ်ခံရပြီး သေဆုံးသွားသည့် အမျိုးသားသည် ယာဘက် လည်ပင်း၊ ယာဘက် နံကြား နှင့် ယာဘက် ဆီးခုံ တို့တွင်ကျည် ၃ ချက် ဒဏ်ရာရရှိကြောင်း၊ သေဆုံးသူအနီးတွင်လည်း ၉မမ ကျည်ခွံ ၂ ခုတွေ့ရှိကြောင်း မူဆယ်မြို့ ရဲစခန်းမှ စုံစမ်းသိရသည်။

“ တရားခံကိုတော့ မနေ့ကတည်းက ကျနော်တို့ ရှာဖွေနေပါတယ်။ အခုထိ ကျနော်တို့ စုံစမ်းနေဆဲပါ” ဟု မူဆယ်မြို့မ ရဲစခန်းတွင် တာဝန်ကျ ရဲအရာရှိ တဦးက ပြောသည်။

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့သည် တရုတ်နယ်စပ် မြို့ဖြစ်ပြီး မကြာခဏ လုယက်မှု၊ သေနတ်ပစ်ခတ်မှု နှင့် ဗုံးပေါက်ကွဲမှုများဖြစ်ပွားသည့် နေရာဒေသတဦးဖြစ်သည်။

May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...
May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...