လက်နက်ကြီးကျည်ထိမှန်ခဲ့သည့် အမ်းမြို့နယ်မှကလေး စစ်တွေဆေးရုံတွင် ဆေးကုသနေရ

လက်နက်ကြီးကျည်ထိမှန်ခဲ့သည့် အမ်းမြို့နယ်မှကလေး စစ်တွေဆေးရုံတွင် ဆေးကုသနေရ

နှင်းနွယ် — ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်အုပ်စု၊ နတ်မော်ကျေးရွာ၌ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သည့် ကလေးငယ်တစ်ဦးမှာ ဇူလိုင်လ ၂ ရက်နေ့ နေ့လည်(၁၂)နာရီအချိန်ခန့်တွင် စစ်တွေဆေးရုံသို့ ဆေးကုသမှုခံယူရန် ရောက်ရှိလာသည်။

ညာဘက်နံရိုး၌ လက်နက်ကြီးကျည်စ ထိမှန်သွားသူ မသန်းသန်းနွယ် အသက်(၂)နှစ်အရွယ်မှာ စိုးရိမ်စရာအခြေအနေ မရှိသော်လည်း ခွဲစိတ်ကုသရမည်ဖြစ်၍ ယခုကဲ့သို့ စစ်တွေဆေးရုံကြီးသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း မိခင်ဖြစ်သူ ဒေါ်ရီရီဝင်းကပြောသည်။

“ဒဏ်ရာအခြေအနေကတော့ စိုးရိမ်စရာမရှိဘူးလို့ ပြောတယ်။ ဒါပေမဲ့ ခန္ဓာကိုယ်ထဲမှာ လက်နက်ကြီးကျည်စတွေ ဝင်ကျန်ခဲ့မှာစိုးရိမ်လို့ ဓာတ်မှန်လာရိုက်ပြီးတော့ခွဲစိတ်မှာ” ဟု ၎င်းကပြောသည်။

ဇွန်လ ၂၆ ရက်နေ့က ဒါးလက်အုပ်စု၊ အနောက်ရွာဘက်မှ လက်နက်ကြီးပစ်ခတ်သံများ ကြားရသဖြင့် ဒေါ်ရီရီဝင်းမှာ မိခင်ဖြစ်သူအိမ်မှ မိမိနေအိမ်သို့ပြေးလာပြီး အိမ်၌သမီးဖြစ်သူအား ပွေ့ချီကာ ထိုင်နေစဉ် လက်နက်ကြီးကျည်စ လာရောက်ထိမှန်ခဲ့ခြင်း ဖြစ်သည်။

“ကျမအိမ်ကိုပြေးလာတဲ့အချိန်မှာ ရွာထဲကို လက်နက်ကြီးတစ်လုံးကျပြီးပြီ။ ကျမလည်း အိမ်ကိုရောက်တာနဲ့ ကလေးကိုဖက်ပြီးထိုင်နေတယ်။ ကလေးကိုဖက်ထားတဲ့အချိန်မှာပဲ လက်နက်ကြီးနောက်တစ်လုံး ထပ်ကျလာပြီးတော့ ကျမသမီးလေးကို ထိသွားတာဖြစ်တယ်” ဟု ဒေါ်ရီရီဝင်းက ရှင်းပြသည်။

အဆိုပါလက်နက်ကြီးကျရောက်မှုကြောင့် ဒဏ်ရာရကလေးငယ်၏ဖခင် ဖခင် ဦးညွှန့်အေး အသက်(၄၄)နှစ် နှင့် ဦးဘမောင် အသက်(၅၅)နှစ်တို့ သေဆုံးသွားခဲ့သည်။

ထို့အပြင် ဒေါ်လှလှနွယ် အသက်(၃၆)နှစ်နှင့် ဦးချစ်တင်း အသက်(၅၉)နှစ်တို့မှာလည်း ခြေထောက်နှင့် ဝမ်းဗိုက်တို့တွင် ဒဏ်ရာအသီးသီးရရှိသွားကြသည်။

ဒဏ်ရာရကလေးငယ်၏အဒေါ်ဖြစ်သူ ဒေါ်ခင်ခင်က “ကျမမှာ မောင်တစ်ယောက်လည်း ဆုံးရှုံးရတယ်။ ကျမမောင်သေတာတောင် ကျမ မမြင်လိုက်ရဘူး။ အခု တူမလေးပါဒဏ်ရာရတော့ ကျမအနေနဲ့ စိတ်မကောင်းဖြစ်ရတယ်” ဟု ဆိုသည်။

Most read this week

ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...
စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...