စစ်မှန်တဲ့ ငြိမ်းချမ်းရေးအဆင့်မရောက်သေးဘူးလို့ က.လ.လ.တ ပြော

စစ်မှန်တဲ့ ငြိမ်းချမ်းရေးအဆင့်မရောက်သေးဘူးလို့ က.လ.လ.တ ပြော

အန်ထောနီ — လက်ရှိ ကယား(ကရင်နီ)ပြည်နယ်မှာရှိနေမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးအဆင့်မရောက်သေးဘူးလို့ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (က.လ.လ.တ) အတွင်းရေးမှူးအဖွဲ့ ဦးမာကုအီ ချစ်ထွန်းက ၎င်းတို့ အဖွဲ့ရဲ့ ၄၂ နှစ်မြောက် မွေးနေ့မှာ ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“ကျနော်တို့ပြည်နယ်ငြိမ်းချမ်းပြီလားမေးလိုက်ရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျနော်တို့ကြည့်ရမှာဖြစ်တယ်။ ကျနော်တို့ပြည်သူလူထုတွေက ငြိမ်းချမ်းတယ်လိုထင်တယ်။ ကျနော်တို့ညီအစ်ကိုအချင်းချင်း ရန်ဖြစ်တာက မငြိမ်းချမ်းဘူးလို့ခေါ်တယ်။ ဒီကနေ့ကျနော်တို့အဖွဲ့အစည်း လေးငါးဖွဲ့ KNPP ကအစ အပစ်အခတ်ရပ်စဲရေးလုပ်တဲ့အခါကျတော့ ငြိမ်းချမ်းရေးလို့သူတို့(ပြည်သူ)ခံစားရတယ်။ ဒါပေမယ့်ကျနော်တို့အမြင်ကတော့ တာတစ်စုံတစ်ရာ စစ်မှန်တဲ့ငြိမ်းချမ်းရေးအဆင့်ထိ မရောက်ဘူးဆိုတာ ကျနော်တို့ခံစားနေရတယ်” လို့ ဦးမာကုအီ ချစ်ထွန်းက ပြောပါတယ်။

(က.လ.လ.တ)အဖွဲ့ရဲ့ ၄၂ နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားကို ဖရူဆိုမြို့နယ် ကေကောအုပ်စု ပရယ်ဒို ကျေးရွာမှာ အကျဉ်းချုပ်ပြုလုပ်ခဲ့ကြတာဖြစ်ပြီး ၎င်းအခန်းအနားမှာ ပြည်သူအပါအဝင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)နှင့် ကရင်နီအမျိုးသားငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးပါတီ (KNPDP) တို့လည်းတက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

နိုင်ငံရေးအတွေးအမြင်ကွဲလွဲခဲ့ရာမှ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ကနေ ခွဲထွက်ခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပေမယ့် လက်ရှိအခြေအနေမှာတော့ KNPP အဖွဲ့အစည်းအပြင် ပြည်နယ်ထဲမှာရှိတဲ့ တခြား ညီအစ်ကို လက်နက် ကိုင်အဖွဲ့အစည်းတွေနဲ့လည်း ပြန်လည်သင့်မြတ်နေခြင်းဟာလည်း အောင်မြင်မှုတစ်ခုဖြစ်တယ်လို့ ဦးမာကုအီ ချစ်ထွန်း ကပြောပါတယ်။

က.လ.လ.တ ၏ရည်ရွယ်ချက်မှာ ဒီမိုကရေစီကိုအခြေခံပြီး ပြည်သူ့ဒီမိုကရေစီကို ချီတက်သောတပ်ဖွဲ့ဖြစ်တယ်လို့ဆိုပါတယ်။

“ တိုက်ပွဲဆိုတော့ အရင်ကပေါ့ နိုင်ငံရေးအခြေအနေအရပဲလေး ကျနော်တို့ဒီဒေသဖြစ်ဖြစ် အရင်ကဆိုရင် တိုက်ပွဲတော့ တစ်ခါတစ်လေဖြစ်တယ်။ အခုလောလောဆယ်တော့မရှိတော့ပါဘူး ကျနော်တို့ဒီငြမ်းချမ်းရေး ဒီမိုကရေစီလမ်းစဉ်ကို ကျနော်တို့ကျင့်သုံးနေပါတယ်။ ပြည်သူလူထုနှင့််တစ်ကွ ကျနော်တို့လုပ်နေပါတယ် “ လို့ အမှတ်(၄)မြို့နယ် ပရဲ့ဒေသ ဒုနယ်မြေမှူး ဦးရာဘီး ကပြောပါတယ်။

နိုင်ငံရေးအပြောင်းအလဲကြောာင့် ဖယ်ဒရယ်ဒီမိုကရေစီစနစ်ရရှိပါက ယခုလက်ရှိထက်တိုးတက်သော တပ်မတော်အဖြစ်ရပ်တည်နိုင်ရန်အတွက်လည်း ကြိုးပမ်းနေတယ်လို့ဆိုပါတယ်။

၁၉၇၈ ခုနှစ်မှာ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)ကနေ ခွဲထွက်ခဲ့ပြီး ၁၉၉၄ ခုနှစ်မှာ မြန်မာစစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုရယူခဲ့ပြီး ၂၀ဝ၉ ခုနှစ်မှာ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလိုက်တာဖြစ်ပါတယ်။

လက်ရှိမှာ နယ်ခြားစောင့်တပ်အဖြစ် မြို့နယ် ၈ မြို့နယ်များတွင် တာဝန်ထမ်း ဆောင်လျက်ရှိတယ်လို့သိရပါတယ်။

Most read this week

ဓာတ်ပုံ - ပေးပို့
September 2, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ ခဲလုပ်ကွင်းအနီး တစ်နေရာသို့ စက်တင်ဘာလ ၁ ရက်နေ့ ညနေ...
ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း တစ်နေရာမှ စစ်ဘေးရှောင် ပြည်သူများကို တွေ့ရစဉ်။ - ပုံဟောင်း / Crd
September 1, 2026
ကရင်နီပြည်တွင် တွေ့ရှိရသည့် မြေပြင်အခြေအနေများနှင့် တရားရုံးသို့ တက်လာသည့် အမှုအခင်းများကြောင့်...
ဓာတ်ပုံ - (ရှားတောမြို့နယ်တွင် မိခင်နှင့် ကလေးငယ်အတွက် ကာကွယ်ဆေးထိုးနှံပေးနေသည့်မြင်ကွင်း - ပုံဟောင်း / CHDN)
August 31, 2026
ကရင်နီပြည်၊ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေအတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေး...
ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...