ပလက်ဝမြို့မှ တခြားမြို့သို့ဆက်သွယ်သော လမ်းကြောင်းများစပွင့်

ပလက်ဝမြို့မှ တခြားမြို့သို့ဆက်သွယ်သော လမ်းကြောင်းများစပွင့်

ပလက်ဝမြို့နယ်တွင် တိုက်ပွဲအခြေနေကြောင့် လမ်းကြောင်း ပိတ်ဆို့ခဲ့သော နေရာအချို့ ဇွန်လ ၂၁ ရက်နေ့မှစတင်ပြီး ပြန်လည်ပွင့်လာပြီဖြစ်ကြောင်းသိရသည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်က “ပလက်ဝလမ်းကြောင်း သွားလို့ရနေပြီ ဒါပေမဲ့ ကားလမ်းကို အပြည့်ဝတော့ သုံးလို့မရသေးဘူး တံတားက ပြီးနေပေမယ့်တံတားကို သုံးလို့မရသေးဘူး ရေလမ်းနဲ့ ကုန်းလမ်းမျှပြီး သုံးလို့ရတဲ့ အနေထားမှာရှိတယ် ရိက္ခာပစ္စည်းတွေလည်း ဒီရက်ပိုင်းအတွင်း ပို့နိုင်နေတဲ့ အနေထားမှာရှိတယ်”ဟုပြောသည်။

ပလက်ဝမြို့မှ အခြားမြို့များကို ဆက်သွယ်သော လမ်းများဖွင့်ပြီဖြစ်သော်လည်း အသွားလာ လုံခြုံမှုပိုင်းတွင် စိုးရိမ်ရသော အနေထားတွင်သာ ရှိသေးကြောင်း ဒေသခံများကပြောသည်။

ပလက်ဝမြို့နေ ဒေသခံတစ်ဦးက “ပလက်ဝနဲ့ ကျောက်တော် လမ်းကတော့ မဖွင့်သေးဘူး ဆမီးနဲ့ပလက်ဝ လမ်းကတော့ ကားနဲ့ သွားလာလို့ရပြီ ဆိုင်ကယ်နဲ့တော့ ခွင့်မပြုသေးဘူး ချောချောမောမောနဲ့ သွားလို့ရတဲ့ အနေထားတော့ မဟုတ်သေးပေမယ့်အခြေနေကြည့်ပြီး သွားလာလို့တော့ ရနေပြီ”ဟု ပြောသည်။

လက်ရှိ ပလက်ဝမြို့ပေါ်တွင် စစ်ဘေးရှောင် ဒုက္ခသည် နှစ်ထောင်ဝန်းကျင် ရှိနေပြီး လမ်းပမ်းဆက်သွယ်ရေး အခက်ခဲများကြောင့် စားနပ်ရိက္ခာပြတ်လပ်မှုများကိုလည်း ကြုံတွေ့ရကြောင်း သိရသည်။

လမ်းပန်းဆက်သွယ်ရေးများ ကောင်းမွန်လာပါက တိုက်ပွဲကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသော အိမ်များ ကျောင်းများကို ပြည်နယ်အစိုးရအနေဖြင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများလုပ်ကိုင်ရပိုအဆင်ပြေမည်ဟုချင်းပြည်နယ်အစိုးရထံမှသိရသည်။

ပလက်ဝမြို့အနီးဝန်းကျင်ရှိ AAအဖွဲ့တပ်စွဲထားသည့်တောင်ကုန်းများကိုတပ်မတော်မှ မေလ ၃၁ မနက်ပိုင်းတွင်သိမ်းပိုက်နိုင်ခဲ့ကြောင်းကြေညာထားသည်။

 

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...