ရန်ကုန်မှာ အထောက်အထားမဲ့နေထိုင်သူ နိုင်ငံခြားသား ၂၀ ကျော်ကို ဝင်ရောက်ဖမ်းဆီး

ရန်ကုန်မှာ အထောက်အထားမဲ့နေထိုင်သူ နိုင်ငံခြားသား ၂၀ ကျော်ကို ဝင်ရောက်ဖမ်းဆီး

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ မုဒိတာအိမ်ရာကို ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့တို့က ဇွန်လ ၂၄ ရက် ညနေပိုင်းက ဝင်ရောက်စစ်ဆေးပြီးနောက် အထောက်အထားမဲ့နေထိုင်သည့် နိုင်ငံခြားသား ၂၇ ဦးကို ဖမ်းဆီးသွားကြောင်း (A) ဆောင်သာယာရေးကော်မတီဥက္ကဋ္ဌ ဒေါ်ဥမ္မာကြည်က အတည်ပြုပြောသည်။

မရမ်းကုန်းမြို့နယ် ရဲတပ်ဖွဲ့၊လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနနှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးမှုးအဖွဲ့များက ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ခြင်း ဖြစ်ပြီး မုဒိတာအိမ်ရာရှိ (A) ဆောင်မှ ခုနှစ်ဦး၊ (B) အဆောင်မှ ၁၀ ဦးနှင့် (D) အဆောင်မှ ၁၀ ဦး ကိုဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

မုဒိတာအိမ်ရာ (A) ဆောင်သာယာရေးကော်မတီ ဥက္ကဌ ဒေါ်ဥမ္မာကြည်က "အဲဒီအခန်းတွေကို ရိုက်ဖွင့်နေရတာ တော်တော်အချိန်ကြာတာ။ သူတို့က မဖွင့်ပေးဘူးလေ။ လူရှိတဲ့ပုံစံလဲမနေဘူး။ အိမ်သာထဲတို့ကုတင်အောက်တို့ အဲလိုရှာပြီးတွေ့တာပါ၊ သူတို့ကို" ဟု ပြောသည်။

ယခုဖမ်းဆီးခဲ့ရာတွင် တိုက်ခန်းအပြင်ကခတ်ထားသည့်တံခါးသော့များကို ဖျက်စီးကာ ဖမ်းဆီးခဲ့ရခြင်းဖြစ်ပြီး နိုင်ဂျီးရီးယားနိုင်ငံသားအများစုပါဝင်ကြောင်း တိုက်နေပြည်သူများထံမှ သိရသည်။

ထိုသို့ အထောက်အထားမဲ့ ဖမ်းဆီးခံရသော နိုင်ငံခြားသားများကို ဘုရင့်နောင်ရဲစခန်းသို့ ခေါ်ဆောင်သွားခြင်းဖြစ်နိုင်ကြောင်း ဒေါ်ဥမ္မာကြည်က ပြောသည်။

ယခုဖမ်းဆီးရမိသော မုဒိတာအိမ်ရာရှိ တိုက်ခန်းများကို ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့ကလည်း ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူများက ဝင်ရောက်စစ်ဆေးခဲ့ရာ နိုင်ဂျီးရီးယား နိုင်ငံသား အမျိုးသားတစ်ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...