ဖားအံ တောင်ဝိုင်းကို ညနေ ၅ နာရီမှစ၍ တက်ရောက်ခွင့် ပိတ်ပင်

ဖားအံ တောင်ဝိုင်းကို ညနေ ၅ နာရီမှစ၍ တက်ရောက်ခွင့် ပိတ်ပင်

စောရှား — လူအများ ဘေးကင်းလုံခြုံရေးကို ရှေးရှု၍ ကရင်ပြည်နယ်၊ ဖားအံမြို့နယ်ရှိ အထင်ကရနေရာတစ်ခုဖြစ်သည့် တောင်ဝိုင်းတောင်ကို ညနေ ၅ နာရီ မှစ၍ ညအချိန် တက်ရောက်ခွင့်အား ဇွန်လ ၁၆ ရက်နေ့က ပိတ်ပင်လိုက် ပြီဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

တောင်ဝိုင်းတောင်တွင် လှေကားမကောင်းမွန်သေးခြင်း၊ မီးမရှိသေးခြင်းများကြောင့် ညအချိန် မပေးတက်ခြင်းဖြစ်ကြောင်း တောင်ဝိုင်းကြည့်ရှုစောင့်ရှောက်ရေး လူငယ်အဖွဲ့ခေါင်းဆောင် စောသာဆိန့်ဖောင်က ယခုလို ပြော သည်။

၎င်းက “တောင်ဝိုင်းနဲ့ ဇွဲကပင်က မတူပါဘူး။ ဇွဲကပင်က လှေကားထစ်တွေကျယ်ပြီးကောင်းမွန်တယ်။ တောင် ဝိုင်းက ကျောက်တွေနဲ့ပဲ စီထားတဲ့အတွက် မီးမပါရင်သေချာမမြင်ရပါဘူး။ ချောတဲ့အပိုင်းလည်းရှိတော့ ညပိုင်း တက်ရင် အန္တရာယ်ရှိလို့ ညနေ ၅ နာရီနောက်ပိုင်းမတက်တာ ကောင်းပါတယ်။ မနက်၊ နေ့လည်က ကြိုက်တဲ့ အချိန် တက်လို့ရပါတယ်။” ဟု ဇွန် ၂၂ ရက်တွင် ကေအိုင်စီသို့ပြောသည်။

မေလ ၂၇ ရက်၊ မွန်းလွဲပိုင်းအချိန်က အမျိုးသမီးတစ်ဦး တောင်ဝိုင်းသို့တက်ရင်း မူးမေ့လဲကျခြင်းကြောင့် လူမှု ကယ်ဆယ်ရေးအဖွဲ့များက ထမ်းစင်ဖြင့် သွားရောက်ကူညီခဲ့ဖူးသလို လွန်ခဲ့သော ၂ လခန့် က နိုင်ငံခြားသူတစ်ဦးလည်း ချော်လဲပြီး ခြေထောက်ကျိုးခဲ့ဖူးသည့် ဖြစ်စဉ်များရှိခဲ့ကြောင်း စောသာဆိန့်ဖောင်က ဆက်ပြောသည်။

လက်ရှိအချိန်တွင် ပြည်သူလူထုများမှ လည်ပတ်မှုများပြားနေသော အဆိုပါတောင်ဝိုင်းတောင်သို့ တက်သည့် အခါ အမှိုက်များကို စနစ်တကျစွန့်ပစ်ပေးပါရန်၊ သက်သတ်လွတ်နယ်မြေဖြစ်သည့်အတွက် အသားငါးများ တောင်ထိပ်သို့ယူငင်သွားခြင်းမပြုပါရန် စသည့်စည်းကမ်းချက်များလိုက်နာပေးစေလိုကြောင်း တာဝန်ရှိသူများ က ပြောသည်။

၂၀၁၆ ခုနှစ်မှ စတင်၍ လူသိများလာသော အဆိုပါတောင်ဝိုင်းတောင်ကို နှစ်စဉ် ပွင့်လင်းရာသီမှစ၍ မိုးဦးကျအထိ လာရောက်လည်ပတ်သူများပြားပြီး မိုးတွင်း၌ နည်းကြောင်း တောင်ဝိုင်းတောင်တာဝန်ရှိသူများ ထံမှ သိရသည်။

July 17, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်ရှိ သေ့ဘောဘိုး‌ကျေးရွာတွင် ယခုနှစ် ပြောင်းစိုက်ပျိုးသည့် ဧရိယာ များ...
July 16, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ပိုင်း တိုက်ပွဲနယ်မြေအတွင်းသို့ ကျွံဝင်သွားသည့် ဆယ်ကျော်သက် ကလေးငယ်...
July 16, 2026
စစ်တပ်အနေဖြင့် အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုအပါအဝင် အကြမ်းဖက်မှုများအားလုံး ကို...
July 15, 2026
ယခု ဇူလိုင်လ ၆ ရက်နေ့က နေပြည်တော်၌ အာဏာသိမ်း စစ်အုပ်စု၏ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့်...