တစ်ဖက်နိုင်ငံမှ တရားမဝင်ပြန်ဝင်လာသူတစ်ဦး မောင်တောတွင်ထပ်တွေ့၊ အတူဝင်လာသူ လေးဦးကို ရှာမတွေ့သေး

တစ်ဖက်နိုင်ငံမှ တရားမဝင်ပြန်ဝင်လာသူတစ်ဦး မောင်တောတွင်ထပ်တွေ့၊ အတူဝင်လာသူ လေးဦးကို ရှာမတွေ့သေး

ကျော်မျိုးအောင် — ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မောင်တောမြို့နယ်သို့ တရားမဝင် ဝင်ရောက်လာသူ ၅ ဦးထဲမှ တစ်ဦးကို ဇွန် ၂၁ ရက်နေ့ ညနေပိုင်းအချိန်တွင်တွေ့ရှိခဲ့ပြီး ကျန် ၄ ဦးမှာ လွတ်မြောက်နေကြောင်း မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်ထံမှ သိရသည်။

“သူတို့ညအိပ်ခဲ့တဲ့ ဒကြီးစားနဲ့ သူဦးလာကျေးရွာက ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို စုံစမ်းဖော်ထုတ်ဖို့ ခိုင်းထား တယ်။ သူနဲ့ထိတွေ့ခဲ့သူ ၅ ယောက်ကိုပါ လှဖိုးခေါင်စခန်းမှာ ကွာရီတင်းထားတာပေါ့” ဟု ၎င်းကပြောသည်။

မွတ်စလင် ၅ ဦးသည် တစ်ဖက်နိုင်ငံမှဝင်ရောက်လာကာ ဇွန် ၂၀ ရက်‌နေ့ နံနက်ပိုင်းအချိန်တွင် မောင်တော မြို့နယ် ဒကြီးစားကျေးရွာသို့ရောက်ရှိလာပြီး သူဦးလာကျေးရွာ၌တစ်ညအိပ်ခဲ့ကြောင်း၊ ဇွန် ၂၁ ရက်နေ့မှာ ဘူးသီးတောင်မြို့နယ်သို့သွားကြစဉ် မောင်တောမြို့နယ် ၄ မိုင်ဈေးတွင် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးက ရှင်းပြသည်။

၎င်းတို့ ၅ ဦးအနက် ဖမ်းဆီးရမိသူမှာ ဘူးသီးတောင်မြို့နယ် သရက်မနူကျေးရွာမှ မိုဟာမက်အာယာစ် အသက် (၂၂)နှစ် ဖြစ်ကြောင်း ၎င်းထံမှသိရသည်။

အလားတူ ဇွန် ၂၀ ရက်နေ့တွင် တစ်ဖက်နိုင်ငံမှ တရားမဝင်ရောက်ရှိလာသည့် ဘူးသီးတောင်မြို့နယ် ကွန်တိုင်ကျေးရွာသားတစ်ဦးအား ၎င်း၏နေအိမ်တွင် တွေ့ရှိခဲ့ကြောင်း၊ ဇွန် ၁၆ ရက်နေ့မှာလည်း တရားမဝင် ဝင်ရောက်လာသူသုံးဦးအနက် တစ်ဦးကို ဖမ်းဆီးရမိခဲ့သော်လည်း ကျန် ၂ ဦးမှာ ယနေ့အချိန်ထိ ရှာမတွေ့ သေးကြောင်း ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်ထံမှ သိရသည်။

သို့ဖြစ်၍ ၎င်းတို့နှင့်ထိတွေ့ခဲ့သူ ၁၀ ဦးကျော်ကို လှဖိုးခေါင်စခန်း၌ Quarantine ထားရှိထားကြောင်းသိရသည်။

လက်ရှိအချိန်၌ တစ်ဖက်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာကြသူများထဲတွင် မောင်တောမြို့နယ်မှ ၄ ဦးနှင့် ဘူးသီးတောင်မြို့နယ်မှ ၃ ဦး စုစုပေါင်း ၇ ဦးတွင် COVID-19 ပိုးတွေ့ရှိထားသည်။

Most read this week

ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...
စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...