လာမည့် လွှတ်တော်တွင် ၅၈ နေရာ ရရှိမည်ဟု SNDP ခန့်မှန်း

လာမည့် လွှတ်တော်တွင် ၅၈ နေရာ ရရှိမည်ဟု SNDP ခန့်မှန်း

နန်းဆိုင်ဖူး — လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ( SNDP) အနေဖြင့် လွှတ်တော်တွင် ၅၈ နေရာခန့်မှန်းထားကြောင်း SNDP ဥက္ကဌ ဦးစိုင်းအိုက်ပေါင်း က ပြောကြားလိုက်သည်။

“ကျနော်တို့ အရင်က ၅၈ ယောက် နိုင်ဖူးတယ်လေ။ အခုလဲ အဲ့လောက် မှန်းထားတာပေါ့” ဟု ဦးစိုင်းအိုက်ပေါင်း က ပြောသည်။

လွန်ခဲ့သည့် ၂၀၁၀ ခုနစ်တွင် SNDP ပါတီသည် လွှတ်တော်တွင် ၅၈ နေရာရှိခဲ့ပြီး၊ ဝန်ကြီးနေရာ ၆ ဦးရခဲ့သဖြင့် အတွေ့အကြုံများစွာရှိကြောင်း၊ ထို့ကြောင့် လာမည့် ၂၀၂၀ ရွေးကောက်ခံပြီး အနိုင်ရမည်ဆို ပါက သျှမ်းပြည်အစိုးရဖြစ်နိုင်ကြောင်းလည်း ဦးစိုင်းအိုက်ပေါင်းက သုံးသပ်ပြောဆိုလိုက်သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် SNDP အနေဖြင့် သျှမ်းပြည်နေရာအနှံ့အပြင် ကချင်ပြည်နယ်၊ မန္တလေးတိုင်း စုစုပေါင်း မြို့နယ် ၃၀မြို့န တွင် ဝင်ပြိုင်သွားမည်ဟု ပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းက ပြောကြားသည်။

“ မြို့နယ် ၃၀ လောက် ဝင်ပြိုင်မယ်။ သျှမ်းအရှေ့၊ သျှမ်းတောင် ၊ သျှမ်းမြောက် နောက်ပြီး ကချင်ပြည်နယ် သျှမ်းပြည် ပြင်ပ ကတော့ ကချင်ပဲ။ မန္တလေးတိုင်းက သျှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာလဲ ဝင်ပြိုင်မယ်” ဟု ဦးစိုင်းအိုက်ပေါင်း က ထပ်လောင်းပြောသည်။

ထို့ပြင် ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသမီးနှင့် လူငယ်လွှတ်တော်ကိုယ်စားလှယ်လောင်းကို ဦးစားပေး ရွေးချယ်သွားမည် ဖြစ်ပြီး ပါတီ၏ ထိပ်သီးခေါင်းဆောင်များ ပါဝင်ယှဉ်ပြိုင်သွားမည် မဟုတ်ကြောင်းလည်း သိရသည်။

“ အမျိုးသမီးနဲ့လူငယ်က၂၀၊၃၀ ရာခိုင်နှုန်းပါမယ်လို့မျှော်လင့်ပါတယ်။ ကျနော်ကတော့ ဝင်မပြိုင်တော့ဘူး။ ကျနော်တို့လူငယ်တွေကို နေရာပေးတယ်” ဟု ဦးစိုင်းအိုက်ပေါင်းက ဆိုသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် SNDP အနေဖြင့် သျှမ်းပြည်တွင် လွှတ်တော်တနေရာတွင်သာ ရရှိခဲ့သည်။

January 13, 2026
သျှမ်းပြည် သီပေါမြို့နယ်တွင် လှုပ်ရှားနေသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA)တပ်သားများသည် နမ့်မကျေးရွာနေ...
January 12, 2026
သျှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ စစ်ကောင်စီ ရွေးကောက်ပွဲတွင် စစ်တပ် ကြိုတင်မဲကြောင့်...
January 9, 2026
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၂) အတွက်...
January 9, 2026
သျှမ်းပြည် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/...