လားရှိုးမြို့နယ် အတွင်း ပုတ်ပွနေသည့် အမျိုးသမီးအလောင်း ၂ လောင်းတွေ့

လားရှိုးမြို့နယ် အတွင်း ပုတ်ပွနေသည့် အမျိုးသမီးအလောင်း ၂ လောင်းတွေ့
လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့
လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် မတ်ချီနူ ရွာ အနီးတွင် ပုတ်ပွနေသည့် အမျိုးသမီး ရုပ်အလောင်း (၂)လောင်းကို ဇွန်လ ၁၆ ရက်နေ့ မနက်ပိုင်းက တွေ့ရှိကြောင်း စုံစမ်းသိရသည်။

အဆိုပါ အမျိုးသမီး အလောင်း ၂ လောင်းသည် လားရှိုးမြို့နယ် တာပုံကျေးရွာ အုပ်စု မတ်ချီနူ ရွာသွားလမ်းဘေးရှိခြုံတခုထဲတွင် တွေ့ရှိကြောင်း၊ သေဆုံးသူများ၏အလောင်းမှာ ပုတ်ပွနေပြီဖြစ်သဖြင့် မည်သူမည်ဝါဖြစ်ကြောင်း သေချာမသိရှိရကြောင်း လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့မှ စိုင်းဝသုန်ထွန်း က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ ဘာကြောင့် အသတ်ခံရတယ်ဆိုတာကိုတော့ သေချာမသိရသေးဘူး။ နောက် အလောင်းက ပုတ်ပွပြီး နံနေတော့ ဒဏ်ရာရထားတာလားဆိုတာလည်း ကျနော်တို့ သေချာမသိရဘူး” ဟု စိုင်းဝသုန်ထွန်း က ပြောသည်။

အမျိုးသမီး ၂ ဦး၏အလောင်းအား သွားရောက် သယ်ဆောင်ရသည့်လမ်းသည် မိုးရွာထားသဖြင့် သွားလာရလွန်စွာခက်ခဲကြောင်း၊ ရောက်ရှိသွားသည့် အချိန်တွင် အမျိုးသမီး ၂ဦး၏ ရုပ်အလောင်းသည် ညိုပုတ်ပျက်စီးနေကြောင်း၊ အသက်အရွယ်အရ အသက် ၄၀ကျော် နှင့် ၅၀ ဝန်းကျင်ခန့်ရှိကြကြောင်း၊ လက်ရှိမှာ လားရှိုးမြို့ ရင်ခွဲရုံကို ပို့ဆောင်ထားကြောင်း သိရသည်။

ထို ပုတ်ပွနေသည့် အမျိုးသမီး ၂ဦးသည် ညဝတ်စုံ ဝမ်းဆက် ဝတ်ဆင်ထားပြီး၊ အမျိုးသမီး ၂ဦး လက်ကို နောက်ပြန်ကြိုးတုတ်ထားသည့် အနေအထားနှင့် ခြုံပုတ်ထဲသို့ စွန့်ပစ်ထားသည့် အလောင်းဖြစ်သည် ဟု သိရသည်။

သျှမ်းပြည် မြောက်ပိုင်း လားရှိုး မြို့နယ် အတွင်း ယခုရက်ပိုင်းလုယက်မှုများမကြာခဏဖြစ်ပွားကြောင်း သိရသည်။

Most read this week

Photo credit - CJ
December 18, 2025
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်းနယ်စပ်ရှိ တောင်စလုံးကျေးရွာကို စစ်ကော်မရှင်တပ်နှင့် ၎...
December 17, 2025
နေ့စဉ်နှင့်အမျှ ကြီးထွားလာနေသည့် ကျားဖြန့်အွန်လိုင်း ငွေလိမ်လည်မှု ကိစ္စများကြောင့်...
December 16, 2025
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာအုပ်စုအချို့တွင်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...