စဝ်စံထွန်းဆေးရုံ ကျန်းမာရေး ဓာတ်ခွဲခန်း လကုန် ပြီးစီးမည် ဟုဆို

စဝ်စံထွန်းဆေးရုံ ကျန်းမာရေး ဓာတ်ခွဲခန်း လကုန် ပြီးစီးမည် ဟုဆို

နန်းဆိုင်ဖူး - သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံမှာထားရှိမည့် ကျန်းမာရေး ဓါတ်ခွဲခန်းအဆောက်အဦးကို ဇွန်လကုန် ပြီးစီးမည်ဟု သိရသည်။

လက်ရှိမှာ ဓာတ်ခွဲနမူနာစစ်ဆေးမည့် စက်ထားရှိမည့် အဆောက်အဦးပြီးစီးမှုသည် ၅၀ရာခိုင်နှုန်းရှိပြီး၊ ယခု လကုန်တွင် ပြီးစီးမည်ဟု မှန်းထားကြောင်း၊ စက်ပိုင်းဆိုင်ရာ တချို့လည်း စဝ်စံထွန်း ဆေးရုံသို့ ရောက်ရှိထားပြီ ဖြစ်ကြောင်း စဝ်စံထွန်း ဆေးရုံကြီး ရောဂါ ရှာဖွေရေးဌာန အထူးကု ဆရာဝန်ကြီး ဒေါက်တာပိုးပိုးလင်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ကျန်းမာရေး ဓါတ်ခွဲခန်းသည် ကိုဗစ် -၁၉ ရောဂါ အပြင် တခြား ကူးစက်နိုင်သည့် ဗိုင်းရပ်စ်များကိုလည်း ဇူလိုင်လလယ် မှာ စတင်ပြီး စစ်ဆေးနိုင်ပြီ ဖြစ်ကြောင်း ဆရာဝန်ကြီး ဒေါက်တာပိုးပိုးလင်း က ပြောသည်။

“စက်ပစ္စည်း တချို့ကတော့ ပြီးခဲ့တဲ့ တစ်ပတ်က ရောက်ရှိနေပါပြီ။ ဓါတ်ခွဲခန်း အဆောက် အဦး ကလည်း ဒီလကုန် အပြီးစီး လို့ မှန်းထားပါတယ်။ အဲ့ဒါပြီးလို့ရှိရင် စက်တွေ တစ်ခါတည်း တပ်မှာပါ။ ကျမကတော့ ဇူလိုင် လလယ်လောက်လို့တော့ မှန်းထားတာပေါ့နော်။” ဟု ဆရာဝန်ကြီး ဒေါက်တာပိုးပိုးလင်း ကသျှမ်းသံတော်ဆင့် ကိုပြောသည်။

တခြား ဗိုင်းရပ်စ် စစ်ဆေးနိုင်မည့် အပြင် ကိုဗစ် – ၁၉ ဓါတ်ခွဲနမူနာ စစ်ဆေးလျှင် တစ်ကြိမ် ကို ၉၆ ခု စစ်ဆေးနိုင်ပြီး ကြာချိန် ၂ နာရီ မှ ၃ နာရီ ထိ ရှိကြောင်း သိရသည်။

“အခုတော့ ကျမတို့က ဘယ်လောက်ရာခိုင်နှုန်း ပြီးပြီလဲဆိုတော့ ၅၀ ရာခိုင်နှုန်းလောက်တော့ ပြီးသွားပြီပေါ့နော်။ ” ဟု ဒေါက်တာပိုးပိုးလင်း ကပြောသည်။

စဝ်စံထွန်းဆေးရုံမှာ ထားရှိမည့် ဓါတ်ခွဲခန်းသည် သျှမ်းပြည်နယ် အစိုးရ အဖွဲ့၏ ရန်ပုံငွေ နှင့် တည်ဆောက်ခြင်း ဖြစ်သည်။

သျှမ်းပြည်တောင်ပိုင်း စဝ်စံထွန်းဆေးရုံ နှင့် သျှမ်းပြည်မြောက်ပိုင်း လားရှိုး ပြည်သူ့ဆေးရုံမှာ ထားရှိသည့် ဓါတ်ခွဲခန်းသည် တစ်ဦးတည်း အလှူရှင်ဖြစ်သည့် ငွေအောင်ကမ္ဘာ ကျောက်မျက်ကုမ္ပဏီ လီမီတက် မှ လှူဒါန်းခြင်း ဖြစ်သည်။

May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...
May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...