တောင်ကြီးရောက် ထိုင်းနေရပ်ပြန် ၂၀၀ ဓာတ်ခွဲ အဖြေ Negative ဖြစ်

တောင်ကြီးရောက် ထိုင်းနေရပ်ပြန် ၂၀၀ ဓာတ်ခွဲ အဖြေ Negative ဖြစ်

နန်းဆိုင်ဖူး - သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ တွင် Facility Quarantine ဝင်ထားသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား (၂၀၀) ကျော် ၏ ဓါတ်ခွဲနမူနာ အားလုံး Negative ဖြစ်ကြောင်း စုံစမ်း သိရှိရသည်။

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ အနီးတစ်ဝိုက်မှာ Facility Quarantine (၁၀) ခု ထားရှိပြီး Facility Quarantine ၂ နေရာမှာ ဓါတ်ခွဲ နမူနာ အားလုံး Negative ဖြစ်ကြောင်း စုံစမ်း သိရှိရသည်။

“တောင်ကြီး ကွန်ဗျုတာ တက္ကသိုလ် နဲ့ ကမ္ဘောဇ ဿသနာ့ ဗိမာန် မှာ facility quarantine ဝင်ထားတဲ့သူ ဓါတ်ခွဲအဖြေတွေ အားလုံး Negative ဖြစ်တယ်လို့ ကျနော်တို့ ဒီနေ့မှ သိရပါတယ်” ဟု Facility Quarantine တွင် ဝင်ရောက် ကူညီပေးနေသည့် စေတနာ့ ဝန်ထမ်း ကိုဝင်းနိုင်စိုး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ကွန်ဗျုတာ တက္ကသိုလ် တွင် Facility Quarantine ဝင်ထားသည့် သူ (၁၅၅) ဦး နှင့် ကမ္ဘောဇ ဿသနာ့ ဗိမာန် မှာ (၁၃၄) ဦး တို့၏ ဓါတ်ခွဲ အဖြေ အားလုံး Negative ဖြစ်ကြောင်း သိရသည်။

ထို Facility Quarantine ဝင်သူ ၂၀၀ကျော်သည့် ယနေ့ ကားစီစဉ်ပေးကာ သက်ဆိုင်ရာ မြို့နယ် များပြန်သွားမည် ဖြစ်ကြောင်း ကိုဝင်းနိုင်စိုး က ပြောသည်။

“၂၅ ရက်နေ့ထိ နောက်ထပ် ဝင်ရောက်လာဖို့ ရှိတယ်လို့ သိရတယ်။ အားလုံးက မြဝတီ ဘက်က ဝင်လာမယ့်သူတွေပဲ” ဟု ကိုဝင်းနိုင်စိုး ကပြောသည်။

အဆိုပါ နေရပ်ပြန်များသည် တောင်ကြီးမြို့နယ် အတွင်း သတ်မှတ်ထားသည့် Facility Quarantine စခန်း ၁၀ ခုတွင် အသီးသီးရောက်ရှိပြီး ၅ ရက်မြောက်နေ့တွင် ဓါတ်ခွဲနမူနာ စတင်စစ်ဆေးကြောင်း သျှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...
May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...