ကျိုင်းတုံ ကိုဗစ် လူနာ ဆေးရုံဆင်းခွင့်ရ

ကျိုင်းတုံ ကိုဗစ် လူနာ ဆေးရုံဆင်းခွင့်ရ

နန်းဆိုင်ဖူး - သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံပြည်သူ့ဆေးရုံတွင် အတည်ပြု လူနာ အမှတ် (၆၄) ဆေးရုံမှ ဆင်းခွင့်ရပြီး သျှမ်းအရှေ့တွင် အတည်ပြုလူနာ မရှိတော့ကြောင်း စုံစမ်း သိရှိရသည်။

ဇွန် (၁၄) ရက် မနက် ၁၀ နာရီခန့် က ဆေးရုံမှ ဆင်းခွင့် ရပြီး Home Quarantine တစ်ပတ် နေရမည် ဖြစ်ကြောင်း ကျိုင်းတုံပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာလှဌေးမင်း က သျှမ်းသံတောင်ဆင့် ကိုပြောသည်။

“သူ့ကို ၇ ကြိမ်မြောက် နဲ့ ၈ ကြိမ်မြောက် မှာ စစ်ဆေးတဲ့ခါမှာ Negative ဖြစ်ပြီး ဆေးရုံမှာ ၁၄ ရက် စောင့်ကြည့်ပြီးမှ ဆေးရုံကနေ ဆင်းခွင့်ပေးတာပါ” ဟု ဒေါက်တာလှဌေးမင်း ကပြောသည်။

အတည်ပြု လူနာ အမှတ် (၆၄) သည် မိုင်းဖြတ်မြို့နယ်မှ အမျိုးသား တစ်ဦးဖြစ်ပြီး ဧပြီ ၁၅ ရက်နေ့က ကျန်းမာရေး ဝန်ကြီး ဌာနမှ ထုတ်ပြန်သည့် Covid-19 အတည်ပြု လူနာ သျှမ်းရှေ့တွင် ပထမဆုံး တစ်ဦး ဖြစ်သည်။

“ခု ဆေးရုံမှာက သံသယ စောင့်ကြည့် လူနာ (၃) ဦး ရှိပြီး Positive လူနာတော့ မရှိတော့ဘူး” ဟု ဒေါက်တာလှဌေးမင်း ကသျှမ်းသံတော်ဆင့် ကိုပြောသည်။

မြန်မာနိုင်ငံတွင် Covid-19 အတည်ပြု လူနာ (၂၆၂) ဦး ရှိပြီး ပြန်လည် သက်သာလာသူ (၁၆၇) ဦး နှင့် သေဆုံးသူ ၆ ဦး ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။

သျှမ်းပြည်နယ်တွင် အတည်ပြု လူနာ (၁၀) ဦး ရှိသည့် အနက် (၇) ဦး မှာ ဆေးရုံမှ ဆင်းခွင့် ရပြီး ကျန်ရှိသည့် အတည်ပြု လူနာ (၃) ဦးမှာ သျှမ်းပြည် မြောက်ပိုင်း မူဆယ်ပြည်သူ့ဆေးရုံမှာ တစ်ဦး နှင့် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံမှာ ၂ ဦး တို့ ဖြစ်ကြသည်။

May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...
May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...