ရေဖြူမြို့ သုံးလောင်းပြိုင်လူသတ်မှုမှတရာခံအား ရဲတပ်ဖွဲ့အပူတပြင်းရှာဖွေ

ရေဖြူမြို့ သုံးလောင်းပြိုင်လူသတ်မှုမှတရာခံအား ရဲတပ်ဖွဲ့အပူတပြင်းရှာဖွေ

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် သုံးလောင်ပြိုင်လူသတ်မှုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ဇွန်လ ၁၄ ရက်နေ့ ညနေပိုင်းအထိ တရားခံအား ဖမ်းဆီးရမိခြင်းမရှိသေးကြောင်းနှင့်တရားခံအား ဖမ်းဆီးရမိရေးအတွက် ရှာဖွေဖော်ထုတ်စုံစမ်းနေကြောင်း ရေဖြူမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရ သည်။

ပြီးခဲ့သည့် ဇွန်လ ၁၃ရက်နေ့ ညပိုင်းက သေဆုံးသူအမျိုးသား၏ မိခင်သည် ၎င်းတို့၏မိသားစုထံသို့ဖုန်းဖြင့် ညစဉ်ဆက်သွယ်ကာ စကားပြောဆိုမှုရှိသော်လည်း အခင်းဖြစ်ညပိုင်းတွင် မိခင်ဖြစ်သူမှပုံမှန်ဖုန်းဖြင့် ဆက်သွယ်ရာတွင် ဖုန်းကိုင်ဆောင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

ထိုသို့ ဖုန်းကိုင်ဆောင်ခြင်းမရှိသည့်အတွက် မိခင်ဖြစ် သူမှ ၎င်းတို့၏နေအိမ်သို့သွားရောက်ကြည့်ရှု့ခဲ့ရာ နေအိမ်အားပြင်ပမှသော့ခတ်ထားခြင်းကြောင့် ဖုန်းမီးဖြင့် အတွင်းသို့ကြည့်ရှု့ရာတွင် မိသားစုဝင်များသေဆုံး နေသည်ကိုတွေ့ရှိရသည့်အတွက် ရဲစခန်းသို့ဆက်သွယ်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းသုံလောင်းပြိုင်လူသတ်မှုတွင် အသက် ၁ နှစ်ခွဲ အရွယ် ကလေးငယ်တစ်ဦးပါဝင်ပြီး မိသားစုလိုက်သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း အထက်ပါ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ကြပ်သန်းနိုင်က ပြောသည်။

ယင်း မိသားစုဝင်သုံးဦးမှာ ရေဖြူမြို့နယ်ရှိ ရထားသံလမ်း တံခါး အဖွင့်၊ အပိတ် ပြုလုပ်နေသည့် ဝန်ထမ်းများ ဖြစ်ကြောင်း ရဲတပ်ကြပ်သန်းနိုင်က ပြောဆို သည်။

“လောလောဆယ်တော့ ၎င်း လူသတ်မှုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ရဲတပ်ဖွဲ့ဝင်တွေ လိုက်လံ စုံစမ်းနေဆဲပါ၊ တရားခံကတော့ မမိသေးပါဘူး” ဟု ရေဖြူမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျ ရဲတပ်ကြပ်သန်းနိုင်က ပြောဆို သည်။

လက်ရှိတွင် သုံးလောင်းပြိုင်လူသတ်မှုနှင့်ပတ်သက်၍ ဖြစ်စဉ်အကြောင်းအရာများကို မသိရှိရသေးကြောင်းနှင့်  ဒေသခံများက အသိပေးအကြောင်းလာသည့်အတွက် သွားရောက်စစ်ဆေးခဲ့ပြီး၊ တရားခံအား အမြန်ဆုံး ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

သက်ဆိုင်ရာက စုံစမ်းစစ်ဆေးချက်အရ ၎င်းဖြစ်စဉ်တွင် သေဆုံးသူ အမျိုးသားမှာ အသက် ၂၆ နှစ် အရွယ် ကိုအောင်ကျော်ထွန်း၊ အသက် ၂၈ နှစ် အရွယ် အမျိုးသမီး မခင်မျိုးဝေနှင့် အသက် ၁ နှစ်ခွဲ အရွယ် ကလေးငယ် တစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ သုံးလောင်ပြိုင်လူသတ်မှုနှင့်ပတ်သက်၍ ရေဖြူမြို့မရဲစခန်းမှ ရာဇာသတ်ကြီး ဥပဒေပုဒ်မ ၂၀၂ အရ အမှုဖွင့်ထားသည်။

August 27, 2026
ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ Spring Moon Garment Co.,Ltd အထည်ချုပ်စက်ရုံ...
ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...