ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ၃ ဦးကို ဒေးဒရဲတရားရုံးက ထောင် ၁ နှစ် ထပ်ချ

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ၃ ဦးကို ဒေးဒရဲတရားရုံးက ထောင် ၁ နှစ် ထပ်ချ
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ၅ ဦးကို မေလ ၂၂ ရက်နေ့က ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်တရားရုံး၌ ၄ ကြိမ်မြောက် ရုံးထုတ်တွင် တွေ့မြင်ရစဉ်။ ဓာတ်ပုံ-သူရ/မဇ္ဈိမ
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ၅ ဦးကို မေလ ၂၂ ရက်နေ့က ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်တရားရုံး၌ ၄ ကြိမ်မြောက် ရုံးထုတ်တွင် တွေ့မြင်ရစဉ်။ ဓာတ်ပုံ-သူရ/မဇ္ဈိမ

ဒေါင်းတို့မျိုးဆက်သံချပ်ဖွဲ့၏ သင်္ကြန်ကာလအတွင်း သံချပ်ထိုးမှုတွင် တပ်မတော်နှင့်ပတ်သက်သည့် အငြင်းပွားဖွယ် သံချပ်များထိုးသည်ဟုဆိုကာ တပ်မတော်က နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုမှုခဲ့မှုအတွက် ဒေးဒရဲမြို့နယ်တရားရုံးက ဇွန်လ ၁၂ ရက်နေ့ရုံးချိန်းတွင် ထောင်ဒဏ် တစ်နှစ်ထပ်မံချမှတ် ခဲ့သည်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်များကို ဇွန် ၁၁ရက်က မအူပင်မြို့နယ်တရားရုံးက ထောင်ဒဏ် ၁ နှစ်ချမှတ်ခဲ့ သေးသည်။

လက်ရှိတွင် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်များဖြစ်သည့် ကိုပိုင်ဖြိုးမင်း(ခ)ဒီရေသည် အလုပ်နှင့်ထောင်ဒဏ် (၆)နှစ်၊ကိုဇေယျာလွင်မှာ အလုပ်နှင့်ထောင်ဒဏ် (၅)နှစ် (၆)လ၊ကိုပိုင်ရဲသူမှာ အလုပ်နှင့်ထောင်ဒဏ် (၅)နှစ် (၆)လ၊ကိုဇော်လင်းထွဋ်သည် အမှု သုံးမှုအတွက် ထောင်ဒဏ် နှစ်နှစ်၊  မကေခိုင်ထွန်းသည် အမှု သုံးမှုအတွက် ထောင်ဒဏ် နှစ်နှစ် ခြောက်လ၊ မဆုရတနာမြင့်သည် အမှု သုံးမှုအတွက် ထောင်ဒဏ် နှစ်နှစ်တို့ကျခံရတော့ မည် ဖြစ်သည်။

ကျောင်းသားတက်ကြွလှုပ်ရှားသူများမှ ကူးပြောင်းခဲ့သော ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့သည် ရန်ကုန်တိုင်းဒေ သကြီးအတွင်းရှိ မရမ်းကုန်းမြို့နယ်တရားရုံး၊ ဗိုလ်တထောင်မြို့နယ်တရားရုံးနှင့် ဧရာဝတီတိုင်းအတွင်းရှိ ဒေးဒ ရဲမြို့နယ် တရားရုံး၊ ဖျာပုံမြို့နယ်တရားရုံး၊ မအူပင်မြို့နယ် တရားရုံး၊ ပုသိမ်မြို့နယ် တရားရုံးများတွင် တစ်ပြိုင် တည်း တရားစွဲခံခဲ့ရသည်။

မရမ်းကုန်းမြို့နယ်တရားရုံး၌ ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီး မျိုးမင်းဦးက တရားလိုပြုလုပ် တရားစွဲဆိုခဲ့မှုတွင် နိုင်ငံတော်အကြည် ညိုပျက်စေမှုဟု လူသိများသော ပုဒ်မ ၅၀၅ (က) အပြင် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆( ဃ)ဖြင့် သံချပ်အဖွဲ့ဝင် ခုနှစ်ဦးအထိ တရားစွဲခံရသော အမှုများပါဝင်သည်။

Most read this week

September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် စစ်မှုထမ်းရန် မဲနှိုက်ရမည်ဟု ဆိုသော်လည်း လက်တွေ့တွင်...
September 17, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား စက်တင်ဘာ ၁၆...
September 16, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကံပေါက် (ရှေ့) ရွာကို စစ်အုပ်စုတပ်က ဂျိုင်ရိုကော်ပတာ ၂ စီးဖြင့်...
ဓာတ်ပုံ - (ပုံဟောင်း / Credit)
September 15, 2026
ရခိုင်ပြည်၊ မြေပုံမြို့နယ်အတွင်း ပင်လယ်ပြင်နှင့် မြစ်ကြောင်းများ၌ အသက်မွေးဝမ်းကျောင်းပြုနေသည့်...