ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ၃ ဦးကို မအူပင်တရားရုံးက ထောင် ၁ နှစ် ထပ်ချ

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ၃ ဦးကို မအူပင်တရားရုံးက ထောင် ၁ နှစ် ထပ်ချ
ဓာတ်ပုံ - ရဲနိုင် ( လောက်ကိုင် )
ဓာတ်ပုံ - ရဲနိုင် ( လောက်ကိုင် )

လူငယ်သံချပ်အဖွဲ့ဖြစ်သည့်  ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့အနေဖြင့် သင်္ကြန်ကာလအတွင်း သံချပ်ထိုးမှုတွင် တပ်မတော်နှင့်ပတ်သက်သော အငြင်းပွားဖွယ်သံချပ်များထိုးပြီးနောက် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) အရ အပြစ်ရှိကြောင်း မအူပင်မြို့နယ်တရားရုံးက ဆုံးဖြတ်ခဲ့ပြီး ထောင်ဒဏ် ၁ နှစ်ချမှတ်လိုက်ရာ မြို့နယ်အများစုတွင် ရင်ဆိုင်နေရသော အတွဲလိုက် ပြစ်ဒဏ်ပေးမှု၏ နောက်တိုးပြစ်ဒဏ်ဖြစ်လာခဲ့သည်။

တပ်မတော်က တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့သော အမှုများအနက် မအူပင်မြို့နယ်တရားရုံးတွင် ဒုတိယရုံးချိန်းဖြစ်သည့် ကြာသပတေးနေ့၌ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူနှင့် ကိုပိုင်ဖြိုးမင်းတို့ကို အလုပ်နှင့်ထောင်ဒဏ် တစ်နှစ်ချမှတ်လိုက်ခြင်းဖြစ်သည်။

ဇွန်လ ၁၂ရက်တွင်လည်း ဒေးဒရဲမြို့နယ်တရားရုံး၌ နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် အပြီးသတ်အမိန့် ထပ်မံချရန်လည်း ရှိနေသေးသလို ပုသိမ်တရားရုံးတွင်လည်း အမှုရင်ဆိုင်ရန် ကျန်သေးသည်။

လက်ရှိတွင်  ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်များအနက် ထောင်ဒဏ် နှစ်နှစ်မှသည် ထောင်ဒဏ် ငါးနှစ်အထိ အသီးသီး ချမှတ်ခံထားရပြီးဖြစ်သည်။

ကိုပိုင်ဖြိုးမင်းသည် အမှု ခြောက်မှုအတွက် ထောင်ဒဏ် ငါးနှစ်၊ ကိုဇေယျာလွင်နှင့် ကိုပိုင်ရဲသူတို့သည် အမှု ခြောက်မှုအတွက် ထောင်ဒဏ် လေးနှစ်နှင့် ခြောက်လ၊ ကိုဇော်လင်းထွဋ်သည် အမှု သုံးမှုအတွက် ထောင်ဒဏ် နှစ်နှစ်၊  မကေခိုင်ထွန်းသည် အမှု သုံးမှုအတွက် ထောင်ဒဏ် နှစ်နှစ် ခြောက်လ၊ မဆုရတနာမြင့်သည် အမှု သုံးမှုအတွက် ထောင်ဒဏ် နှစ်နှစ်တို့ကျခံစေရန် အမိန့်ချမှတ်ပြီးဖြစ်သည်။

ကျောင်းသားတက်ကြွလှုပ်ရှားသူများမှ ကူးပြောင်းခဲ့သော ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့သည် ရန်ကုန်တိုင်းဒေ သကြီးအတွင်းရှိ မရမ်းကုန်းမြို့နယ်တရားရုံး၊ ဗိုလ်တထောင်မြို့နယ်တရားရုံးနှင့် ဧရာဝတီတိုင်းအတွင်းရှိ ဒေးဒရဲမြို့နယ် တရားရုံး၊ ဖျာပုံမြို့နယ်တရားရုံး၊ မအူပင်မြို့နယ် တရားရုံး၊ ပုသိမ်မြို့နယ် တရားရုံးများတွင် တစ်ပြိုင်တည်း တရားစွဲခံခဲ့ရသည်။

ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီး မျိုးမင်းဦးက တရားလိုပြုလုပ် တရားစွဲဆိုမှုတွင် နိုင်ငံတော်အကြည် ညိုပျက်စေမှုဟု လူသိများသော ပုဒ်မ ၅၀၅ (က) နှင့် ဆက်သွယ်ရေး ပုဒ်မ ၆၆( ဃ) တို့ပါဝင်ပြီး သံချပ်အဖွဲ့ဝင် ခုနှစ်ဦးအထိ တရားစွဲခံရသော အမှုများပါဝင်သည်။

August 27, 2026
ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ Spring Moon Garment Co.,Ltd အထည်ချုပ်စက်ရုံ...
ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...