ဆီဆိုင် ကိုဗစ် လူနာ ၂၄၅ သွားလာသည့်နေရာ ၁၄ရက် ပိတ်ထားမည်

ဆီဆိုင် ကိုဗစ် လူနာ ၂၄၅ သွားလာသည့်နေရာ ၁၄ရက် ပိတ်ထားမည်

နန်းဆိုင်ဖူး — ကိုဗစ်-၁၉ အတည်ပြု လူနာ အမှတ်(၂၄၅) နေထိုင်သည့် ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ကျေးရွာအတွင်းရှိ ရပ်ကွက် (၂) ခု ကို ယာယီပိတ်ထားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။

အတည်ပြု လူနာ အမှတ်(၂၄၅) သည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြစ်ဆုံအနီးတွင် လမ်းပြင်သည့် အလုပ်ကို လုပ်ကိုင်ခဲ့ပြီး နေရပ်ဖြစ်သည့် ဆီဆိုင်မြို့နယ် ဆိုက်ခေါင် ကို မေ ၂၁ရက်တွင် ပြန်ရောက်လာခဲ့သူဖြစ်ကြောင်းသိရသည်။

ထိုလူနာ အမှတ်(၂၄၅) သည် နေရပ်သို့ ပြန်လာသည့်အချိန်တွင် ကျန်းမာရေး ဝန်ကြီး ဌာနက ထုတ်ပြန်ထားသည် အတိုင်း Facility Quarantine လုပ်ထားခြင်း မဟုတ်ဘဲ Home Quarantine သာ ပြုလုပ်ခဲ့ကြောင်း ဆီဆိုင်မြို့ ဒေသခံများပြောပြချက် အရသိရသည်။

“သူက ကျန်းမာရေးဌာန က ထုတ်ပြန်တဲ့အတိုင်း အသွားအလာ ကန့်သတ်ထားတာ မဟုတ်ဘူး။ သူက အိမ်မှာ (Home Quarantine) ပဲ နေထိုင်တယ်” ဟု ဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

အတည်ပြု လူနာ အမှတ် (၂၄၅)သည် တံတားဦး ရပ်ကွက်တွင်နေထိုင်သူဖြစ်ပြီး၊ ညောင်ပင်သာရပ်ကွက် နှင့် ဆိုက်ခေါင်ကျေးရွာ ဈေး ၂ဈေးကို မကြာခဏ အလည်သွားခဲ့ကြောင်း ဆီဆိုမြို့ အောင်ချမ်းသာရပ်ကွက် ဦးစံဝင်းမောင် က ပြောသည်။

ထို့ကြောင့် ထိုနေရာများကို ဇွန် ၁၀ရက်မှ စတင်ကာ ၁၄ရက် ကြား Lockdown ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

“အတည်ပြု လူနာနဲ့ ထိတွေ့ ဆက်စပ်တဲ့သူ ၈ ဦး လောက်ရှိတယ်လို့ သိရတယ်။ အဲ့လူတွေကို ဆေးရုံမှာ အသွားအလာ ကန့်သတ်ထားကြပါပြီ” ဟု ဦးစံဝင်းမောင် ကပြောသည်။

လူနာအမှတ် (၂၄၅) သည် ဇွန် (၉ ) ရက်နေ့က ကျန်းမာရေး ဝန်ကြီးဌာန က ထုတ်ပြန်ထားသည့် အတည်ပြု လူနာ ဖြစ်ပြီး ပြည်ပ ခရီးသွား ရာဇဝင်မရှိသလို အတည်ပြု လူနာ နှင့်လည်း ထိတွေ့မှု မရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ တစ်ဝှမ်းလုံးတွင် အတည်ပြု လူနာ ၂၄၉ ဦး ၊ ပြန်လည် သက်သာလာသူ ၁၆၅ ဦး နှင့် သေဆုံးသူ ၆ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန က ထုန်ပြန်ထားသည်။

သျှမ်းပြည်နယ်တွင် အတည်ပြု လူနာ ၃ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။ ၎င်းတို့သည် သျှမ်းပြည်မြောက်ပိုင်း မူဆယ် ပြည်သူ့ဆေးရုံမှာ အတည်ပြု လူနာ တစ်ဦး နှင့် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံမှာ အတည်ပြု လူနာ ၂ ဦး ရှိကြောင်း သိရသည်။

May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...
May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...