မြန်မာဘာသာပြန်လူ့အခွင့်အရေးပြဋ္ဌာန်းစာအုပ်သစ်နှစ်အုပ် တက္ကသိုလ်သုံးခုသို့မိတ်ဆက်

မြန်မာဘာသာပြန်လူ့အခွင့်အရေးပြဋ္ဌာန်းစာအုပ်သစ်နှစ်အုပ် တက္ကသိုလ်သုံးခုသို့မိတ်ဆက်

ဒိန်းမတ်-မြန်မာတရားဥပဒေစိုးမိုးရေးနှင့်လူ့အခွင့်အရေးစီမံကိန်းမှတဆင့် မြန်မာဘာသာပြန်လူ့အခွင့်အရေးပြဋ္ဌာန်းစာအုပ်သစ်နှစ်အုပ်ကို ဒဂုံတက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်ရှိ ဥပဒေပညာဌာနများသို့ မိတ်ဆက်ခဲ့သည်။

ထိုစာအုပ်နှစ်အုပ်မှာ မိုက်ကယ်အီးဂွတ်ဟာ့တ် တည်းဖြတ်ထားသော လူ့အခွင့်အရေး နိုင်ငံရေးနှင့် လက်တွေ့ကျင့်သုံးမှု(တတိယအကြိမ် ထုတ်ဝေခြင်း)နှင့် လူ့အခွင့်အရေးဆိုင်ရာ ဒိန်းမတ်အင်စတီကျုမှ ရေးသားထုတ်ဝေသောလူ့အခွင့်အရေးပညာရေး လက်စွဲ - လူ့အခွင့်အရေးပညာရေး စီစဉ်ပြင်ဆင်ခြင်းနှင့် စီမံခန့်ခွဲခြင်းဆိုင်ရာလက်တွေ့ဆောင်ရွက်သူများလမ်းညွှန်တို့ဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာဒိန်းမတ်သံအမတ်ကြီး မစ္စတာဂျွန်နေလ်ဆင်က “ဥပဒေကျောင်းသား ကျောင်းသူတွေ အနေနဲ့ ဘွဲ့ရပြီးတဲ့အခါဥပဒေပညာရှင်တွေ ဒါမှမဟုတ် အစိုးရ တာဝန်တွေ ထမ်းဆောင်ကြမှာ ဖြစ်ပါတယ်။ ဒီပြဋ္ဌာန်းစာအုပ်နှစ်အုပ်ကသူတို့တွေရဲ့အနာဂါတ် သက်မွေးလုပ်ငန်းတွေမှာ မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော လူသားအားလုံးရဲ့ကောင်းကျိုးအတွက်လူ့အခွင့်အရေးကို ဘယ်လိုအသုံးချရမယ်ဆိုတဲ့ လိုအပ်သော ဗဟုသုတနဲ့နားလည်သဘောပေါက်မှုတွေကိုပံ့ပိုးကူညီပေးနိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်” ဟု ဆက်ပြောသည်။

လူ့အခွင့်အရေး- နိုင်ငံရေးနှင့် လက်တွေ့ကျင့်သုံးမှုစာအုပ်တွင် စဉ်ဆက်မပြတ် ဆင့်ကဲပြောင်းလဲနေသောအပြည်ပြည်ဆိုင်ရာနိုင်ငံရေးဖြစ်စဉ်များအတွင်းလူ့အခွင့်အရေးဆိုင်ရာသီအိုရီနှင့်လက်တွေ့ကျင့်သုံးမှုများအကြောင်း၊လူ့အခွင့်အရေးနှင့် ဘာသာရေး၊ လိင်စိတ်တိမ်းညွတ်မှုနှင့် ကျား၊မ ရေးရာဂျန်ဒါ၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊လူကုန်ကူးခြင်း၊ ဖိအားပေးရွှေ့ပြောင်းခြင်းနှင့် အခြားခေါင်းစဉ်များစုံလင်စွာဖြင့် လက်တွေ့ကျသောလူ့အခွင့်အရေးကိစ္စရပ်များကို စာအုပ်က ကျယ်ကျယ်ပြန့်ပြန့်လွှမ်းခြုံဖော်ပြထားသည်။

ဒိန်းမတ်- မြန်မာ တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးစီမံကိန်းသည်  မြန်မာနိုင်ငံနှင့် ဒိန်းမတ်နိုင်ငံတို့အကြားအစိုးရချင်းနှစ်ဦးနှစ်ဖက် သဘောတူလက်မှတ်ရေးထိုးထားသော ဒိန်းမတ်- မြန်မာ (ပြည်ထောင်ချင်း) အစီအစဉ်၏အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာဒိန်းမတ်သံအမတ်ကြီး မစ္စတာဂျွန်နေလ်ဆင်က “လူ့အခွင့်အရေးကို လက်တွေ့ သင်ကြားရာမှာ မြန်မာဘာသာပြန်စာအုပ်တွေ အနည်းငယ်သာ ရှိနေသေးတဲ့အတွက် များများစားစား ဖြစ်လာအောင် လုပ်ပေးခြင်းက လူ့အခွင့်အရေးဆိုင်ရာဗဟုသုတတွေကို ဖြန့်ဝေဖို့နဲ့ နားလည်သဘောပေါက်ဖို့အတွက် အဓိက ကျပါတယ်” ဟု ပြောသည်။

လူ့အခွင့်အရေးပညာရေးလက်စွဲစာအုပ်ကမူ ဥပဒေပညာ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများအတွက်စာသင်ခန်းအတွင်း လူ့အခွင့်အရေးပညာရေးကိုသင်ကြားရာတွင် အထောက်အကူပြုစေရန် ရည်ရွယ်ကြောင်းသိရသည်။

အဆိုပါလူ့အခွင့်အရေးပြဋ္ဌာန်းစာအုပ်သစ်များကို ဒဂုံတက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်ရှိ ဥပဒေပညာဌာနများသို့ပံ့ပိုးသွားမည်ဖြစ်ပြီး နိုင်ငံတဝှမ်းရှိ အခြားဥပဒေပညာဌာနများ၊ စိတ်ဝင်စားသူများကိုလည်းအီလက်ထရောနစ်စာအုပ်အဖြစ် ဖြန့်ချီပေးမည်ဖြစ်ကြောင်း သိရသည်။

August 27, 2026
ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ Spring Moon Garment Co.,Ltd အထည်ချုပ်စက်ရုံ...
ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...