တောင်ကြီးနေရပ်ပြန် ရွှေ့ပြောင်းအလုပ်သမား ၂၅၀ကျော် ဓာတ်ခွဲနမူနာ စစ်ဆေးမည်

တောင်ကြီးနေရပ်ပြန် ရွှေ့ပြောင်းအလုပ်သမား ၂၅၀ကျော် ဓာတ်ခွဲနမူနာ စစ်ဆေးမည်

နန်းဆိုင်ဖူး — သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် ရောက်ရှိနေသည့် နေရပ်ပြန် ရွှေ့ပြောင်းအလုပ်သမား ၂၅၀ကျော် ဓါတ်ခွဲ အဖြေ စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဇွန် ၉ ရက်တွင် တောင်ကြီး ကွန်ပျူတာ တက္ကသိုလ်ရှိ ရွှေ့ပြောင်းအလုပ်သမား (၁၅၅) ဦး နှင့် တောင်ကြီးမြို့ရှိ ကမ္ဘောဇ သာသနာ့ ဗိမ္မာန်ကျောင်း တွင် (၁၂၉) ဦး တို့ကို ဓါတ်ခွဲ အဖြေစစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

“၁၂၉ ဦး ထဲက ကလေး ၃ ဦး ပါမယ်။ ဒီနေ့ အကုန်ယူမယ်။ နက်ဖန် နောက်ဆုံးထားပြီး ဓါတ်ခွဲနမူနာတွေ ပို့သွားမယ် ” ဟု စေတနာ့ ဝန်ထမ်း ကိုဝင်းနိုင်စိုး က ပြောသည်။

တောင်ကြီးတွင် ရောက်ရှိနေသည့် နေရပ်ပြန် အလုပ်သမားများသည် ထိုင်းနိုင်ငံ မှ ပြန်လာသူ အများစု ဖြစ်ကြပြီး၊ ကရင်ပြည်နယ် မြဝတီ ဘက်မှ ပြန်လည် ဝင်ရောက်လာကြသည့် သျှမ်းပြည် ဒေသခံများဖြစ်ကြောင်း သိရသည်။

အဆိုပါ နေရပ်ပြန် များအတွက် “စားသောက်ဖို့အတွက် တစ်ရက်ကို (၄၀၀၀) ကောက်ပါတယ်။ ၁၀ ရက်စာ ကောက်ထားပါတယ်။ အကုန်လုံးတော့ မထည့်ကြဘူး။ အဆင်မပြေလို့ ပြန်လာတဲ့သူလဲရှိသလို အလုပ်လက်မဲ့ ဖြစ်လို့ ပြန်လာတဲ့သူတွေ လဲရှိကြတယ် ” ဟု ကိုဝင်းနိုင်စိုး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

မြန်မာရွှေ့ပြောင်း အလုပ်သမားများ နေ့စဉ်နှင့် အမျှဝင်လာပြီး ခန့်မှန်းခြေ ၂၀၀၀ ကျော် ပြန်လည် ဝင်လာမည် ဖြစ်ကြောင်း သိရသည်။

May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...
May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...