ဘူးသီးတောင်မြို့နယ်တွင် တစ်ဖက်နိုင်ငံမှ ဝင်ရောက်လာသည့် နေရပ်စွန့်ခွာသူ ၈ ဦးကို ထပ်မံတွေ့ရှိ

ဘူးသီးတောင်မြို့နယ်တွင် တစ်ဖက်နိုင်ငံမှ ဝင်ရောက်လာသည့် နေရပ်စွန့်ခွာသူ ၈ ဦးကို ထပ်မံတွေ့ရှိ

ကျော်မျိုးအောင် — ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသည့် နေရပ်စွန့်ခွာသူ ၈ ဦးကို ဘူးသီးတောင်မြို့နယ်တွင် ဇွန်လ ၅ ရက်နေ့ နေ့လည်ပိုင်းအချိန်တွင်တွေ့ရှိ၍ Quarantine ထားရှိထားကြောင်း ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်ထံမှ သိရသည်။

ထိုသို့ ဝင်ရောက်လာသူများသည် ဘူးသီးတောင်မြို့နယ်၊ ကွန်တိုင်ကျေးရွာမှ ၅ ဦး၊ ဦးလှဖေကျေးရွာမှ ၁ ဦး၊ အတွင်းငှက်သည်ကျေးရွာမှ ၁ ဦး၊ လက်ဝေးဒက်ပြင်ရှည်ကျေးရွာမှ ၁ ဦးတို့ ဖြစ်ကြောင်းသိရသည်။

“ခိုဝင်နေတာလား၊ ခိုးသွင်းနေတာလားဆိုတာ လေ့လာသုံးသပ်ဖို့ လိုအပ်နေတယ်။ ပြည်ထောင်စုအစိုးရမှာ အပြည်အဝတာဝန်ရှိတယ်။ အခုလိုအခြေအနေကို ထိန်သိမ်းမှုမလုပ်နိုင်ဘူးဆိုရင် ဒီဒေသကို သတ်ကွင်းထဲကို ပို့လိုက်သလိုဖြစ်သွားနိုင်တယ်” ဟု ဘူးသီးတောင်မြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောသည်။

တစ်ဖက်နိုင်ငံမှဝင်ရောက်လာသည့် နေရပ်စွန့်ခွာသူ ၈ ဦးသည် မောင်တောမြို့နယ်၊ သရက်အုပ်(မွတ်စလင်) ကျေးရွာ၌ ညအိပ်ခဲ့ပြီးမှ ဘူးသီးတောင်မြို့နယ်သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်းလည်း စုံစမ်းသိရှိရသည်။

“မောင်တောကတစ်ဆင့်လာတာဆိုတော့ မောင်တောကမထိန်းနိုင်လို့ပေါ့။ မောင်တောက မြောက်ပိုင်းကျေးရွာ တစ်ခုမှာ ညအိပ်ခဲ့ကြတယ်လို့သိရတယ်”လို့ ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူးကဆိုသည်။

ယခုတွေ့ရှိသည့် နေရပ်စွန့်ခွာသူ ၈ ဦးထဲတွင် ၃ လအရွယ်ကလေးတစ်ဦးအပါအဝင် အမျိုးသား ၇ ဦးနှင့် အမျိုး သမီး ၁ ဦးတို့ပါဝင်ကြောင်း ဘူးသီးတောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဌာနမှ ‌သိရသည်။

လက်ရှိအချိန်၌ ၎င်းတို့ကို ဘူးသီးတောင်မြို့ပေါ် ရပ်ကွက်(၃) ၊ ဗိုလ်ချုပ်လမ်းအတွင်းရှိ ဗလီကြီးတွင် သီးသန့် Facility Quarantine ထားရှိထားကြောင်းလည်း သိရသည်။

မေလ ၃၀ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝင်ရောက်လာသည့် နေရပ်စွန့်ခွာမိသားစုဝင် ၅ ဦးထဲတွင် အမျိုးသား ၁ ဦးထံ၌ကိုဗစ်ရောဂါပို့တွေ့ရှိခဲ့ပြီးနောက် မောင်တောခရိုင်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် နေရပ်စွန့်ခွာသူ ၁၂ ဦးအထိရှိနေပြီဖြစ်သည်။

Most read this week

ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...
စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...