(AA)အဖွဲ့၏ ပွိုင့်ကုန်း(၃) ခုနှင့် ကာကင်း စခန်း များကိုတပ်မတော်မှ သိမ်းပိုက်ခဲ့သည် ဆိုသော်လည်း လမ်းကြောင်းလုံခြုံမှုပိုင်းတွင် စိတ်ချ၍ မရသေးဟုဆို

(AA)အဖွဲ့၏ ပွိုင့်ကုန်း(၃) ခုနှင့် ကာကင်း စခန်း များကိုတပ်မတော်မှ သိမ်းပိုက်ခဲ့သည် ဆိုသော်လည်း လမ်းကြောင်းလုံခြုံမှုပိုင်းတွင် စိတ်ချ၍ မရသေးဟုဆို

Salai Khup Khup — ပလက်ဝမြို့အနီးအနားရှိ ရခိုင်လက်နက်ကိုင်(AA) အဖွဲ့၏ ပွိုင့်ကုန်း(၃) ခု ကာကင်း စခန်းများကို မြန်မာတပ်မတော်မှ သိမ်းပိုက်ခဲ့သည် ဆိုသော်လည်း လမ်းကြောင်းလုံခြုံမှုပိုင်းတွင် စိတ်ချ၍ မရသေးကြောင်းချင်းပြည်နယ်အစိုးရအဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်က “ရှင်းလင်းတာ ပြီးပြီဆိုပေမဲ့ ဒီလမ်းကြောင်းပေါ်မှာ အပြည့်ဝ လုံခြုံမှုမရှိသေးဘူး။ လိုအပ်ချက်တွေ ရှိသေးတယ်ထင်တယ်။ ရိက္ခာပို့မဲ့သူတွေလည်း သွားလို့မရသေးဘူး ဒေသခံတွေလည်း မသွားရဲကြသေးတဲ့ အခြေနေဖြစ်တယ် ပြည်နယ်အစိုးရ အနေနဲ့ ရိက္ခာပို့တဲ့ ကိစ္စနဲ့ပက်သက်ပြီး ကျောက်တော်ကနေလည်း ပို့ပေးလို့မရဘူး ၊စစ်တွေကလည်းမရ ဆမီးဖက်ကလည်း မရသေးဘူးဆိုတော့ ဒါကြောင့် နယ်မြေမှာ အစားသောက်ကို မျှစားကြဖို့ အရမ်းခက်ခဲတဲ့ သူတွေကိုကြတော့ ပိုက်ဆံတွေ ပို့ပေးတယ် မကြာခင်လမ်းကြောင်းတွေလည်း သွားလာလို့ ရတော့မယ်လို့ ထင်ပါတယ်”ဟု ပြောသည်။

ပလက်ဝမြို့ကို စိုးမိုးထားသည့် ရခိုင်လက်နက်ကိုင် (AA)အဖွဲ့၏ ပွိုင့်ကုန်း ၃ ခုနှင့် ကာကင်း စခန်း ၄ ခု ကို မေလ ၃၁ ရက်နေ့ မနက်ပိုင်းတွင် သိမ်းပိုက်ခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

ပလက်ဝမြို့ဒေသခံ တစ်ဦးက “သိမ်းပိုက်လိုက်ပြီလို့ ပြောပေမဲ့ လုံခြုံမှုမရှိသေးဘူး။ အခုချိန်ထိ လက်နက်သံကလည်း ကြားနေရတုန်း ဖြစ်လို့ ဘယ်သူမှ မြို့ရဲ့ အပြင်ဖက်တွေကို အသွားလာ မလုပ်ရဲကြဘူး”ဟု ပြောသည်။

ရခိုင်တပ်မတော် (AA)အဖွဲ့၏ ပွိုင့်ကုန်း သုံးခုနှင့် ကာကင်းစခန်း လေးခုသည် ပလက်ဝဒေသ နယ်မြေလုံခြုံရေး ကုလားတန်မြစ်ကြောင်း တလျှောက် လမ်းကြောင်းလုံခြုံရေး နှင့် လမ်းပန်းဆက်သွယ်မှု လုံခြုံရေးများ အပါဝင် ကုလားတန်မြစ်ကူး တံတားနှင့် လမ်းဖောက်လုပ်ရေး စီမံကိန်းတို့အား နှောက်ယှက်ခြိမ်းခြောက်နိုင်သည့် မဟာဗျူဟာမြောက် ခြေကုပ်စခန်းများ ဖြစ်ကြောင်း တပ်မတော်က ထုတ်ပြန်ထားသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...