ပိုးတွေ့ရှိသည့် အိန္ဒိယပြန်လေးဦးမှာ တပ်မတော်သားများဖြစ်နေ

ပိုးတွေ့ရှိသည့် အိန္ဒိယပြန်လေးဦးမှာ တပ်မတော်သားများဖြစ်နေ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဇွန်လ ၁ရက်နေ့ ထုတ်ပြန်ထားသည့် ပိုးတွေ့လူနာ လေးဦးမှာ တပ်မတော်သားများဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဒုတိယဉက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောသည်။

၎င်းတပ်မတော်သား လေးဦးသည် အိန္ဒိယနိုင်ငံတွင် ပညာသင်ကြားရန်သွားရောက်ခဲ့သူများဖြစ်ပြီး နိုင်ငံတော် အစိုးရမှပြန်လည်ခေါ်ယူခဲ့သည့် ကယ်ဆယ်ရေးလေယာဉ် (Relief flight)နှင့် မေလ ၂၄ရက်နေ့တွင် မြန်မာ နိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

“ပထမတစ်ကြိမ်စစ်တာ Negative ပဲ ပြတယ်။ Negative ပဲပြတဲ့အချိန်မှာ ရောဂါလက္ခဏာပြတာရယ် ရောဂါပိုးပြဖို့ စစ်ရတဲ့အချိန်က ၃ရက်ကနေ ၅ရက်၊ ၅ရက်က တစ်ပတ်၊ ဒီကြားထဲမှာမှ ပိုးတွေ့နိုင်တဲ့ အနေ အထားမို့ ဒုတိယအကြိမ်ထပ်စစ်တယ်။ဒါပေမယ့် သူတို့နဲ့ အတူပြန်လာတဲ့လူတွေက ၃၀ရက်နေ့မှာ ၁၇ယောက် positive ဖြစ်တယ်လို့ တွေ့ရတဲ့အတွက် ၃၁ရက်မှာ ထပ်စမ်းသပ်တယ်။အဲ့မှာ လေးယောက်တွေ့တယ်”ဟုတပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဒုတိယဉက္ကဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောသည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါကူးစက်ခံရသူ  မတွေ့ရှိသည့် ရက်ပေါင်း ၁၃ရက်ကြာပြီးနောက် မေလ ၃၀ရက်နေ့တွင် အိန္ဒိယမှ ပြည်တော်ပြန် ၁၇ဦးနှင့် ဇွန်လ ၁ရက်နေ့တွင် လေးဦး ထပ်မံတွေ့ရှိခဲ့သည်။

ရောဂါပိုးတွေ့ရှိခဲ့သည့် ၎င်းတပ်မတော်သားများကို မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိချိန်မှစတင်ကာ လှိုင်တည်းခိုရေးစခန်း၌ Quarantine ဝင်စေခဲ့သည့်အတွက်  လက်ရှိတွင် ၎င်းတို့နှင့်အနီးကပ်နေထိုင်ခဲ့သူ များအား ရောဂါပိုး ကူးစက်မှုရှိ၊ မရှိ ဓာတ်ခွဲ စစ်ဆေးနေကြောင်း သိရသည်။

လက်ရှိတွင် ၎င်းတပ်မတော်သားလေးဦးကို တပ်မတော်အသည်းရောဂါ အထူးကုဆေးရုံကြီး (မင်္ဂလာဒုံ)သို့ ပို့ဆောင်ကုသလျှက်ရှိပြီး  ကျန်းမာရေးအခြေအနေကောင်းမွန်လျှက်ရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ဒုတိယဉက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်များအရ လက်ရှိကုသပေးနေရသည့် လူနာ ၉၀ဦးရှိပြီး ယင်းတို့အနက် လူဦးရေ ၄၀ကျော်သည် ပြည်တော်ပြန်များဖြစ်သည်။

August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...
August 27, 2026
ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ Spring Moon Garment Co.,Ltd အထည်ချုပ်စက်ရုံ...
ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...