မီးလောင်သွားသည့် မီးလက်ဝကျေးရွာ အခြေအနေ သွားကြည့်သည့် ဒေသခံများ လက်နက်ကိုင် အဖွဲ့တစ်ခုမှ ပစ်ခတ်မှုကြောင့် ပြန်လည့်ပြန်ရ

မီးလောင်သွားသည့် မီးလက်ဝကျေးရွာ အခြေအနေ သွားကြည့်သည့် ဒေသခံများ လက်နက်ကိုင် အဖွဲ့တစ်ခုမှ ပစ်ခတ်မှုကြောင့် ပြန်လည့်ပြန်ရ

ပလက်ဝမြို့နယ်ရှိ မီးလောင်သွားသည့် အောက်မီးလက်ဝကျေးရွာ၏ အခြေအနေသွားကြည့်ရန်သွားသည့် ဒေသခံများကို လက်နက်ကိုင်တစ်ဖွဲ့မှ သေနတ်ပစ် ခြိမ်းခြောက်၍ ပြန်လှည့်လာရကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါရွာဒေသခံများမှာ ပလက်ဝမြို့ပေါ်တွင် စစ်ဘေးရှောင်နေရပြီး နေထိုင်ခဲ့သည့်ကျေးရွာ မီးလောင်မှုဖြစ်ပွားခြင်းကြောင့် ဒေသခံများ မှ မိမိဒေသသို့ ပြန်လည် ကြည့်ရှုရန် အသွားလမ်းတွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့၏ ပစ်ခတ်မှုကို ခံခဲ့ရခြင်းဖြစ်သည်ဟု ပြောသည်။

ပလက်ဝဒေသခံ ဦးအောင်စိုးက “အာဏာပိုင်တွေကလည်း ပိုင်ရှင်တွေ ကိုယ်တိုင် သွားကြည့်ရင် လုံခြုံရေးနဲ့ ပတ်သက်ပြီး ဘာမှ တာဝန်မယူဘူးလို့ ပြောတော့ ဘယ်သူမှ မသွားရဲဘူး။ တစ်နေ့ကတော့ စစ်လှေ နှစ်စီးနဲ့ မီးလောင်သွားတဲ့ ရွာရဲ့ အခြေနေကြည့်ဖို့ အသွား တစ်စီးတော့ မြစ်ရဲ့ တစ်ဖက်ကမ်းရောက်ပြီ။ တစ်စီးကတော့ ကုလားတန်မြစ်ရဲ့ တစ်ဝက်ပဲရောက်သေးတယ်။ တခြားဖက်ကနေ သေနတ်နဲ့ပစ်တာ ဘယ်သူမှ ကြည့်လို့မရဘူး ပြန်လာခဲ့ရကြတယ်။ လူတစ်ဦးတစ်ယောက်ကိုမှတော့ မမှန်ဘူး မသွားစေချင်လို့ ခြိမ်းခြောက်တဲ့ပုံစံလိုမျိုးဖြစ်တယ်”ဟု ပြောသည်။

ပလက်ဝမြို့နယ်တွင်းရှိ အောက်မီးလက်ဝကျေးရွာ တွင် မေလ ၂၆ ရက်နေ့က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အောက်မီးလက်ဝ ရွာသူရွာသားများမှာ တိုက်ပွဲကြောင့် ရွာကိုစွန့်ပြီး လက်ရှိပလက်ဝမြို့တွင် စစ်ဘေးရှောင်ဖြင့် နေထိုင်နေကြကြောင်း သိရသည်။

ဒေသခံ ဦးအောင်စိုးက “အောင်မီးလက်ဝရွာက အိမ်ခြေ ၂၀၀ ကျော်လောက်ရှိတယ်၊ ပလက်ဝ တောင်ကုန်းပေါ်ကနေကြည့်တော့ အိမ်ခြေနှစ်ဆယ်လောက်က မီးလောင်တဲ့ထဲမပါဘူး၊ ကျန်တဲ့ အိမ်အားလုံးကတော့ မီးလောင်တဲ့ထဲပါသွားတယ်”ဟု ပြောသည်။

ရွာမီးလောင်ရသည့်အပေါ် မြန်မာ့တပ်မတော်ဖက်မှ ရက္ခိုင့်တပ်မတော်AA ၏ လုပ်ရပ်ဖြစ်ကြောင်း မီဒီယာအချို့တွင် ထုတ်ဖော်ပြောဆိုထားသည်။

အောင်မီးလက်ဝရွာသား ဦးကာဒင် က “ကျတော်တို့အိမ်လည်း မီးလောင်တဲ့ထဲပါသွားပါတယ်။ အိမ်သုံးပစ္စည်းတွေ သေတ္တာ ခြောက်လုံး မီးလောင်တဲ့ထဲပါသွားတယ်။ အခုလိုဖြစ်တာ ပြောပြမတတ်အောင် ဖြစ်တယ် ငိုဘဲငိုချင်တယ်”ဟု ပြောသည်။

အောင်မီးလက်ဝကျေးရွာတွင် အိမ်ခြေ ၂၀၀ ကျော်ရှိပြီး လူဦးရေအားဖြင့် ၆၀၀ နီးပါးနေထိုင်ခဲ့သည့် ရွာဖြစ်ပြီး မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့အကြား တိုက်ပွဲများကြောင့် မတ်လ ဝန်းကျင် လောက်ကတည်းမှ နေအိမ်များကို စွန့်ကာ ရွာလုံးကျွက် ပလက်ဝမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင် နေထိုင်ခဲ့ကြောင်းလည်း သိရသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...